လုပ်ငန်းခွင်သင်တန်းလေးလပါဝင်တဲ့ ဘန်ကောက်အမ်ဘီအေပရိုဂရမ်


မြန်မာနိုင်ငံက ဘွဲ့တစ်ခုခုရရှိထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ထိုင်းနိုင်ငံဘန်ကောက်ရှိ စတန်းဖို့ဒ် အင်တာနေရှင်နယ်တက္ကသိုလ်ရဲ့ အမ်ဘီအေတန်းကို စတင်လျှောက်ထားနိုင်ပြီဖြစ်ပါတယ်။

စတန်းဖို့ဒ် (Stamford) ရဲ့ဘွဲ့ကြို၊ ဘွဲ့လွန်ပရိုဂရမ်တွေကို ထိုင်းနိုင်ငံပညာရေးဝန်ကြီးဌာနနဲ့ တက္က သိုလ်ဆိုင်ရာဝန်ကြီးဌာန (Ministry of University Affairs) တို့က အသိအမှတ်ပြုထားပြီး Office of the Higher Education Commission ကသုံးနှစ်ဆက်တိုက် ထိပ်တန်းတက္ကသိုလ်တစ်ခုအဖြစ် သတ် မှတ်ထားတယ်လို့ဆိုပါတယ်။

ကျောင်းတက်ရင်း ဂလိုဘယ်နက်ဝပ်ကင်းရယူလိုသူတွေ အာဆီယံစီးပွားရေး အသိုက်အဝန်းမှာ စီးပွား ရေးအတွေ့အကြုံနဲ့အမြင်ကျယ်ပြန့်လိုသူတွေက စတန်းဖို့ဒ်ရဲ့ အမ်ဘီအေက သင့်တော်တယ်လို့ အဲသည်ကျောင်းဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

Stamford International University ရဲ့အမ်ဘီအေပရိုဂရမ် အားသာချက်တွေအနေနဲ့ ထိုင်းနိုင်ငံက မာလ်တီနေရှင်နယ် ကုမ္ပဏီတွေနဲ့တွဲပြီး စီးပွားရေးပရောဂျက်တွေကိုလုပ်ရတာ၊ ထိုင်းနိုင်ငံသို့မဟုတ် ပြည်ပနိုင်ငံတွေရဲ့ နာမည်ကြီးကုမ္ပဏီကြီးတွေကို လေ့လာသင်ယူတာစတဲ့ နာရီပေါင်း ၄၈၀ ကြာမြင့် မယ့်လုပ်ငန်းခွင်သင်တန်း ပူးပေါင်းလုပ်ကိုင်တဲ့ အစီအစဉ်တွေပါဝင်ပါတယ်။

အမ်ဘီအေဘွဲ့မှာ စီးပွားစီမံ၊ ဟိုတယ်နဲ့ခရီးသွားစီမံခန့်ခွဲမှု၊ မားကတ်တင်း စီမံခန့်ခွဲနိုင်မှု၊ နိုင်ငံတကာ စီးပွားရေးစီမံခန့်ခွဲမှုစတဲ့ အထူးပြုမေဂျာတွေကို ရွေးချယ်နိုင်ပါတယ်။

ဘွဲ့တစ်ခုခုရရှိထားသူတွေ လျှောက်ထားနိုင်ပြီး အင်္ဂလိပ်စာအရည်အချင်း IELTS 6.0 သို့မဟုတ် TOEFL 550 လိုအပ်ပါတယ်။ IELTS/TOEFL ရမှတ်တွေမရှိရင် စတန်းဖို့ဒ်ဝင်ခွင့် အင်္ဂလိပ်စာကို ဖြေဆိုနိုင်ပါတယ်။ ကျောင်းဖွင့်ချိန်တွေက ဇွန်၊ ဖေဖော်ဝါရီ၊ အောက်တိုဘာတို့ဖြစ်ပြီး ကျောင်းလခက အမေရိကန်ဒေါ်လာ ၉၆၀၀ ဝန်းကျင်သာ ကုန်ကျမယ်လို့ Crown Education ကသိရပါတယ်။

မော်ဒန်သတင်းဂျာနယ်
အမှတ်(၃၉၈)၊ ဖေဖော်ဝါရီ ၂၈၊ ၂၀၁၄

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...