ဆရာဝန်သုံး နားကျပ်များကလည်း ပိုးပျံ့နှံ့နိုင်


Health Updates Journal No. 110

ဆရာဝန်များက အသုံးပြုတဲ့ နားကျပ်များ stethoscope များဟာလည် လူနာပေါင်းများစွာကို စမ်းသပ်ပြီးနောက် ပိုးပျံ့နှံ့ကူး စက်နိုင်ချေ မြင့်တက်လာကြောင်းကို ဂျီနီဗာဆေး တက္ကသိုလ်မှ သုတေသီများက ဖော်ထုတ်နိုင်ခဲ့ပါတယ်။

သုတေသနခေါင်းဆောင် Dr Didier Pittet က ““ရာဝန်သုံးနားကျပ်ဆိုတာဟာ တစ်နေ့တာအတွင်းမှာ လူနာပေါင်းများစွာရဲ့ အရေပြားနဲ့ ထိတွေ့နေရတာ ဖြစ်ပါတယ်။ ဒါ ကြောင့် ဘက်တီးရီးယားပိုးတွေကို သယ်ဆောင်ပံျံ့နှံ့စေတဲ့ ကြားခံထဲမှာ ဆရာဝန်သုံးနားကျပ်ကိုလည်း ထည့်သွင်းစဉ်းစားရပါတယ်” လို့ ပြောကြားထားပါတယ်။ Dr Didier ဟာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးရဲ့ ရောဂါ ကူးစက်မှု ထိန်းချုပ်ရေးစီမံကိန်း ဒါရိုက်တာတစ်ဦးလည်း ဖြစ်ပါတယ်။

ဒီလေ့လာမှုမှာ လူနာ (၁၇)ဦးဟာ လက်ကို ပိုးသန့်စင်ထားတဲ့ လက်အိတ်ဝတ်ထားပြီး ပိုးသန့်စင်ထားတဲ့ ဆရာဝန်သုံးနားကျပ်ကို အသုံးပြုတဲ့ သမားတော် (၃)ဦးဆီကို အလှည့်ကျ စမ်းသပ်ခံခဲ့ကြပါ တယ်။ တွေ့ရှိလာရတာကတော့ နားကျပ်ရဲ့ ပြွန်ပိုက်ချောင်းရော နားထောင်တဲ့ အ၀ိုင်းငယ်မှာ သာမက သမားတော် များရဲ့ လက်တွေမှာပါ ဘက်တီးရီးယားတွေကို လူနာအားလုံး စမ်းသပ် ပြီးနောက်မှာတွေ့ရှိခဲ့ပါတယ်။ သမားတော်တွေရဲ့ လက်တွေထက်စာရင် လူနာကို နားထောင်တဲ့ diaphragm အစိတ်အပိုင်းဟာ ပိုပြီးပိုးသယ်ဆောင်နိုင်ချေ များတယ်ဆိုတာလည်း သိရှိရပါတယ်။ ဆေးရုံတွေမှာ စမ်းသပ်စစ်ဆေးမှု ပြုတဲ့အခါမှာတော့ ဆရာဝန်နားကျပ်မှ ကူးစက်မှု အများဆုံး ဘက်တီးရီးယားဟာ S.aureus ပိုးပဲဖြစ်ပါတယ်။ Dr Dieler Pittet ကတော့ လူနာ တစ်ယောက်ကို စမ်းသပ်ပြီးတိုင်း နားကျပ်ကို ပိုးသတ်ပေး (Disinfect)ဖို့ တိုက်တွန်းထားပါတယ်။

ဒီလေ့လာမှုကို မတ်လထုတ် Journal of Mayo Clinic Proceedings မှာဖော်ပြထားပါတယ်။

ငြိမ်းအေး
ref: Medindia

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...