အမေရိကန် မှာ ဆေးခြောက် တရားဝင်ရောင်းချသုံးစွဲ ခွင့်ပြု



အမေရိကန် ပြည်ထောင်စု အလယ်ပိုင်းကက Colorado ပြည်နယ် မှာ ဆေးခြောက်ကို တရားဝင် ရောင်း ချခွင့်၊ ဝယ်ယူ သုံးစွဲခွင့် ပေးလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

မကြာသေးပါဘူး။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဖြစ်ပါတယ်။ Coloarado ပြည်နယ်အပြင် အခြားသော ပြည် နယ်အချို့ မှာပါ ဆက်လက်ခွင့်ပြုသွားဖို့ ရှိကြောင်း ဆိုပါတယ်။ ဆေးခြာက်ကို အသက် ၂၁ နှစ်ပြည့်ပြီး သူများ ဝယ်ယူနိုင်ပြီး တစ်ခါဝယ်ရင် ၂၈ ဂရမ်ထက် ပိုဝယ် လို့တော့ မရ ပါဘူး။ ဆိုင်ပေါင်း သုံးရာကျော်က လိုင်စင်ယူပြီး စတင် ရောင်း ချနေပြီ ဖြစ်ပ်ါတယ်။ ဆေးခြောက်ကို ကျန်းမာရေးအတွက်တင် မက အပန်းဖြေမှုဆိုင်ရာ အသုံးပြုခြင်းအတွက် ခွင့်ပြုလိုက်ခြင်း ဖြစ်ပါတယ်။

အမေရိကန်မှာ လက်ရှိကြုံတွေ့နေရတာကလည်း လူငယ်တွေကြား က ဆေးခြောက်ပြဿနာ ဖြစ်ပါတယ်။ ဒါကိုဖြေရှင်းဖို့အတွက် နည်းဗျူဟာ သစ်တစ်ခု အသုံးပြုခြင်း ဖြစ်ပါတယ်။ ဆေးအာနိသင်နဲ့ ပက်သက်လို့ လည်းသေချာ ထိန်းချုပ်ပြီး အကန့်အသတ်နဲ့ ရောင်း ချပါတယ်။ ဆေးချောက် ကုန်သည် တွေကို ဘဏ်ငွေချေ စနစ်၊ ငွေလွဲ စနစ် ပေးမသုံး ပါဘူး။ Cash down စနစ်နဲ့ပဲ ရှင်းစေ ပါတယ်။ ဆိုင်များ စဖွင့်ပြီး ရက်ပိုင်း အတွင်းပဲ ရောင်းချငွေက အတော်လေး တိုးတက် ခဲ့ ပါတယ်။ ရောင်းချ မှုတိုင်းအပေါ်ကို လည်း အခွန်သတ်မှတ်ထားပြီး စီးပွားရေး တိုးတက်လာစေသလို၊ တရားမဝင် ဆေးခြောက် ရောင်းဝယ် သုံးစွဲတဲ့ လောကကို နှိမ်နှင်းရန်လည်း ပါဝင်ကြောင်း သိရ ပါတယ်။

အောင်ခမ်း (ရိုးရာလေး)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...