ဒေါ်လာ(၂)သိန်းရှိလျှင် အာကာသ ခရီးသွားနိုင်မည်


ဒေါ်လာ နှစ်သိန်း ပေးရုံဖြင့် ကမ္ဘာမြေပြင်အထက် ကီလိုမီတာ ၁၀၀ ကျော်သို့ ယာဉ်ပျံဖြင့် တက်ခွင့် ရမည်ဖြစ်ပြီး အလေးချိန်မဲ့ အနေအထားဖြင့် စီးမျောရသည့် အရသာကို ခံစားနိုင်ကြ တော့ မည်ဖြစ် ကြောင်းသိရသည်။

Astium အာကာသ ခရီးသွား လုပ်ငန်း သည် စင်ကာပူ ကောင်းကင်ယံ တွင် ၎င်းတို့၏ အာကာသ ယာဉ်ပျံ ကို မေလတွင် ပေတစ် သောင်း အထက်၌ စမ်းသပ် ပျံသန်း တော့မည်ဖြစ်သည်။ အောင်မြင်ပါက လာမည့် နှစ်တွင် ပေ တစ်သိန်းအထိ တက်ရောက် ပျံသန်းကာ စမ်းသပ် သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ဆယ်နှစ်ခန့် တောက် လျှောက် Austium သည် လူသား များအား အာကာသ သို့ စီးပွားဖြစ် ပို့ဆောင် ပေးနိုင်ရေး စမ်းသပ်နေခဲ့ သော လုပ်ငန်း လည်းဖြစ်သည်။ ကမ္ဘာ မြေပြင်အထက် ကီလိုမီတာ ၁၀၀ ကျော်အထိ အာကာသ ယာဉ်ပျံဖြင့် ပျံသန်း တက်ရောက်ကာ လူသား များအား အာကာသ အရသာ ပေး စွမ်းနိုင် အောင် စီစဉ် သွားမည်ဖြစ် ကြောင်းသိရသည်။

ယာဉ်ပျံ သည် ပုံမှန်ဂျက် လေယာဉ် အရွယ်အစား ရှိမည်ဖြစ်ပြီး ဒုံးအင်ဂျင် အသုံးပြု မည်ဖြစ်ကြောင်း သိရသည်။ လက်တွေ့ အောင်မြင်ပါက ထိုင်ခုံ တစ်နေရာစာအတွက် လက်မှတ်ခ ဒေါ်လာ နှစ်သိန်း သတ် မှတ်မည်ဖြစ် ကြောင်း Austium က ကြေညာထားသည်။

Source: Daily Mail
Messenger News Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...