ပိန်သွယ်သော အမျိုးသားများက နှာခေါင်းတွင်းဘက်တီးရီးယား ပိုနည်းပါး


Health Updates Journal No. 108

လေ့လာမှုတစ်ရပ်မှာ ဖော်ပြထားတာကတော့ အမျိုးသားများရဲ့ ကိုယ်အလေးချိန် အညွှန်းကိန်း နဲ့ နှာခေါင်းတွင်းမှာ ပေါက်ပွားနိုင်တဲ့ ဘက်တီးရီးယားတွေ ဆက်စပ်နေတယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ်အလေးချိန်များနေတဲ့ အမျိုးသားတွေဟာ ပိန်သွယ်သွယ် အမျိုးသားတွေထက် နှာခေါင်း တွင်းမှာ ဘက်တီးရီးယားမျိုးစိတ်တွေ ပိုပေါက်ပွားစေကြောင်းသိရှိရပါတယ်။

“ဆွဲဆောင်မှု၊ ဇီဝဖြစ်ပျက်မှုဆိုင်ရာ အချက်တွေကိုပါလေ့လာခဲ့ပြီး နှာခေါင်းတွင်းနဲ့ လည်ချောင်း တွင်းမှာ ဘက်တီးရီးယားတွေ နေထိုင် နိုင်မှုကို လေ့လာခဲ့ပါတယ်။ အမျိုးသား၊ အမျိုးသမီးတွေရဲ့ ကိုယ်အလေးချိန်နဲ့ အရပ်အမောင်းက အဲဒီအချက်ကို ဘယ်လိုသက်ရောက်မှုရှိတယ်ဆိုတာ ဖော်ထုတ်နိုင်ခဲ့ပါတယ်” လို့ သုတေသီ Dr. Boguslaw Pawlow ski က ပြောကြားခဲ့ပါတယ်။

ဒီလေ့လာမှုကို American Journal of Human Biology မှာ ဖော်ပြထားပါတယ်။

ငြိမ်းအေး
ref;ANI

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...