မြန်မာသင်္ဘောသားရှစ်ဦးလိုက်ပါလာသည့် တောင်ကိုရီးယားသင်္ဘောနှင့် တရုတ်သင်္ဘောတို့ ဂျပန်ပင်လယ်အော်တွင် တိုက်မိ၍ တစ်ဦးသေ၊

တိုကျိုပင်လယ်ကွေ့အ၀င်တွင် မတ် ၁၈ ရက်အစောပိုင်းက ကုန်တင်သင်္ဘောနှစ်စင်း တိုက်မိမှုကြောင့် တရုတ်သင်္ဘောသားတစ်ဦး သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူ ရှစ်ဦးရှိကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ က ပြောကြားခဲ့သည်။
စတီးခွေများကို သယ်ဆောင်လာသော တန်ချိန် ၁၂၆၃၀ ရှိသည့် ပနားမားအလံလွှင့်ထူထားသည့် Beagle III သင်္ဘောသည် တောင်ကိုရီးယား မှတ်ပုံတင်ထားသော Pegasus Prime သင်္ဘောသည် Uraga ရေလမ်းကြောင်းတွင် တိုက်မိခဲ့ခြင်းဖြစ်သည်။ တန်ချိန် ၇၄၀၆ တန်ရှိသည့် Pegasus Prime သင်္ဘောပေါ်တွင်မူ တောင်ကိုရီးယား သင်္ဘောသားခြောက်ဦးနှင့် မြန်မာသင်္ဘောသားရှစ်ဦး ပါဝင်ကြောင်း သိရသည်။ ယင်းသင်္ဘောတွင် တောင်ကိုရီးယားနှစ်ဦး အနည်းငယ်ဒဏ်ရာရရှိခဲ့သည်မှလွဲပြီး ထိခိုက်မိသူ မရှိကြောင်းသိရသည်။ ထိုအချိန်က Beagle III သင်္ဘောပေါ်တွင် လိုက်ပါလာသော တရုတ်သင်္ဘောသား ၂၀ အနက် ၁၂ ဦးကို ကယ်တင်နိုင်ခဲ့ပြီး တစ်ဦးကိုမူသေဆုံးကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု ကမ်းခြေစောင့်တပ်ဖွဲ့၏ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ အခြားပျောက်ဆုံးနေသူရှစ်ဦးကိုလည်း ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။
အခင်းဖြစ်ပွားရာနေရာသို့ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့မှ ရဟတ်ယာဉ်နှစ်စင်း၊ လေယာဉ်တစ်စင်းအပြင် ကင်းလှည့်သင်္ဘောတစ်စင်းတို့ကိုလည်း ပို့လွှတ်ခဲ့သည်။ သင်္ဘောနှစ်စင်းတိုက်မိချိန်က ပင်လယ်ပြင်အခြေအနေသည် ကြမ်းတမ်းနေဖွယ်မရှိဟု ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။
တိုကျိုပင်လယ်အော်သည် ဂျပန်နိုင်ငံ၏ သွားလာမှုအများဆုံး ရေကြောင်းလမ်းဖြစ်ပြီး တစ်နေ့လျှင် ဖြတ်သန်းသွားသည့် သင်္ဘောစင်းရေ ၅၀၀ ရှိကြောင်း သိရသည်။
Eleven Daily News
- (အရှေ့သို့) မန်းတွင် ကွန်ပျူတာဆော့ဖ်ဝဲသုံးစွဲမှု ပိုမိုတွင်ကျယ်လာပြီး အသုံးပြုသူများအနေဖြင့် သေချာစွာ စိစစ်ဝယ်ယူ သုံးစွဲရန်လိုဟုဆို ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Flibanserin အမျိုးသမီးတွေ အတွက်ဆေးခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ Abortion Pills ဖျက်ဆေးတွေအကြောင်းမိုးရွာသော နေ့ရက်များက သင့်ကို ကောင်းကျိုး ပေးနိုင်သည့် သိပ္ပံနည်းကျ အကြောင်းပြချက်များ ယောက္ခမကို တိုက်တဲ့ဆေး
- (အနောကျသို့) မလေးလေယာဉ် MH 196 ရန်ကုန်လေဆိပ်တွင် အရေးပေါ် ဆင်းသက် ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Flibanserin အမျိုးသမီးတွေ အတွက်ဆေးခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ Abortion Pills ဖျက်ဆေးတွေအကြောင်းမိုးရွာသော နေ့ရက်များက သင့်ကို ကောင်းကျိုး ပေးနိုင်သည့် သိပ္ပံနည်းကျ အကြောင်းပြချက်များ ယောက္ခမကို တိုက်တဲ့ဆေး