အစာချေရည်ဆန်တက် ရောဂါရှိသူများ အစာအိမ် ဖြတ်ထုတ်ရန်မသင့်


Health Updates Journal, No(109)

အ၀လွန်ရောဂါကြောင့် အစာ အိမ်ခွဲစိတ်ကုသမည်ဆိုပါက အစာ အိမ်ဖြတ်ထုတ်ကုသခြင်း (gastrectomy) ထက်အစာအိမ်ဖြတ်ကျော်ဆက် ခြင်း (gastric bypass) ကပိုမို ထိရောက်မှုရှိကြောင်း လေ့လာမှုများ အရသိရသည်။

အစာအိမ်ခွဲစိတ်ကုသမှုခံယူသူ (၃၈၀၀၀) ကျော်ကိုလေ့လာခဲ့ရာ အစာအိမ်ဖြတ်ထုတ်ခြင်း (gastrec tomy) ခံယူသူများ၌ အစာချေရည် ဆန်တက်ရောဂါ (gastroesolpha geal reflux disease)ခံစားလာရ သည်ကိုတွေ့ရသည်။ မျိုချလိုက်သည့် အစာများကို အစာအိမ်တွင်း မ၀င် ရောက်စေဘဲ အူလမ်းကြောင်းသို့ လမ်းလွှဲဝင်ရောက်စေသည့် အစာ အိမ်ဖြတ်ကျော်ဆက်ခြင်း (gastric bypass) ခံယူထားသူများ၌ အစာ ချေရည်ဆန်တက်ရောဂါဖြစ်ပေါ် ခြင်းမရှိပေ။

အမေရိကန်ဆရာဝန်အသင်း(JAMA) စာစောင်တွင်ဖော်ပြ ထား သည့်သုတေသနအရအစာ အိမ်ဖြတ် ထုတ်ထားသူများ၏ (၈၄.၁) ရာခိုင် နှုန်းတွင် အစာချေရည် ဆန်တက်ရော ဂါခံစားရပြီး အစာ အိမ်ဖြတ်ကျော် ဆက်ထားသူများ၏ (၆၂.၈) ရာခိုင် နှုန်း၌ရှိရင်းစွဲအစာချေရည် ဆန်တက် ရောဂါများ သက်သာလာသည်ကို တွေ့ရသည်။

““အစာချေရည် ဆန်တက်ရော ဂါရှိမရှိ မခွဲစိတ်ခင်ပြုလုပ်သင့်ပါ တယ်။ ဒီရောဂါရှိမရှိအပေါ်မူတည် ပြီး အစာအိမ်ဖြတ်ထုတ်ရမှာလား၊ အစာအိမ်ဖြတ်ကျော်ဆက်ရမှာလား ဆိုတာဆုံးဖြတ်ရမှာဖြစ်ပါတယ်””ဟု သုတေသနအဖွဲ့ကဆိုသည်။

ဇော်ကို
Ref:NMD

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...