ဟိုတယ်နှင့် စားသောက်ဆိုင် ဝန်ဆောင်မှု ဘာသာရပ် တက်ရောက်လိုသူများအတွက် ပညာသင်ထောက်ပံ့ကြေး ပေးအပ်မည်

အတွဲ (၁၅)၊ အမှတ် (၁၂)

photo:google

Singapore Dimensions International College တွင် စာတွေ့ ၆ လ၊ လက်တွေ့ ၆ လ တက်ရောက် ရုံဖြင့် နိုင်ငံတကာ အဆင့်မီ ဟိုတယ်ကြီးများ၏ ဝန်ဆောင်မှု အပိုင်းတွင် ဝင်ရောက် လုပ်ကိုင်နိုင်မည့် Diploma in Hotel and Restaurant Services ဘာသာရပ် တက်ရောက်လိုသူများအတွက် စင်ကာပူဒေါ်လာ ၂၀၀ ကို ပညာသင်ထောက်ပံ့ကြေးအဖြစ် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

တက်ရောက်လိုသူများ အနေဖြင့် အသက် ၁၆ နှစ် ပြည့်၍ အထက်တန်း အောင်မြင်ပြီးသူများ လျှောက် ထားနိုင်သည်။ အင်္ဂလိပ်စာအတွက် IELTS ရမှတ် အနည်းဆုံး ၄.၅ ရရှိထားရမည်ဖြစ်ပြီး IELTS မရှိသေး သူများ အနေဖြင့် Dimension မှ စစ်ဆေးသော (AE Placement Test) ကို မြန်မာပြည်ရုံးခွဲတွင် အခမဲ့ စစ်ဆေးပေးမည် ဖြစ်သည်။

အသေးစိတ် သိရှိလိုပါက Dimension Education Center အမှတ် ၄၅၉၊ တက္ကသိုလ်ရိပ်သာလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ ဖုန်း-၀၉-၄၅၀၀၄၄၁၁၇၊ ၀၉-၄၂၁၀၇၆၈၅၈ သို့ ဆက်သွယ် စုံစမ်းနိုင်သည်။

အေးဖြူ
Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...