ကိုယ်ဝန်ဆောင် မျောက်ဝံ တစ်ကောင် ကို လူသားတစ်ဦးလို မွေးဖွားပေးခဲ့


အမေရိကန်နိုင်ငံ၊ ဆန်ဒီယေဂို မှာရှိတဲ့ တိရိစ္ဆာန်ရုံ တစ်ခုမှာ ကိုယ်ဝန်ဆောင် မျောက်ဝံ တစ်ကောက်ဟာ ကလေး မွေးဖွားဖို့ အခက်အခဲရှိ နေတာမို့ လူသားတစ်ဦးလို မွေးဖွား ပေးခဲ့တယ်လို့ သိရပါတယ်။

အသက် (၁၈)နှစ် အရွယ်ရှိ လာမာနီ အမည်ရ မျောက်ဝံမကြီးဟာ မွေးဖွားရာမှာ အခက်အခဲရှိခဲ့လို့ အရေးပေါ် ခွဲစိတ်ကုသမှုတွေ ပေးနိုင်ဖို့ သားဖွားမီးယပ် ဆရာဝန်တွေရဲ့ အကူအညီကို ရယူခဲ့ပါတယ်။ လာမာနီကို တိရိစ္ဆာန် တွေ ကုသပေးတဲ့ ဆေးရုံမှာ မွေးဖွားခဲ့တာ ဖြစ်ပေမယ့် အသက် အန္တရာယ်မဖြစ်စေဖို့ တတ်ကျွမ်းတဲ့ ဆရာဝန် တွေကို အကူအညီ တောင်းခဲ့ရပါတယ်။ လာ မာနီရဲ့ ကလေးငယ်ဟာ (၄ ဒသမ ၆)ပေါင် ရှိပြီး နှစ်ဦး စလုံး အခြေအနေကောင်းတယ်လို့ သိရပါတယ်။

မျောက်ဝံတွေဟာ လူသားတွေ လို ကိုယ်ဝန် ဆောင်ပြီး (၈ ဒ သမ ၃)လကနေ ကိုးလအကြားမှာ မွေး ဖွားလေ့ရှိပါတယ်။ လာ မာနီရဲ့ ကိုယ်အလေးချိန် ဟာ ပေါင် (၂၀၀) ကျော်ရှိတာမို့ မွေးဖွားရာမှာ အခက်အခဲ သိပ် မရှိခဲ့ပါဘူး။ ဒါပေမဲ့ မွေးဖွားတဲ့အခါ အန္တရာယ် မဖြစ်စေဖို့ ဆန်ဒီ ယေဂိုမြို့ ဆေးရုံးက ဆရာဝန် တွေကို အကူအညီတောင်းခံရခြင်း ဖြစ်ပါ တယ်။ လက်ရှိအချိန်မှာ လာမာနီနဲ့ ကလေး ငယ်ကို အထူးကြပ်မတ်ဆောင်မှာ ထားရှိ ထားပါတယ်။

Messenger News Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...