လူသားအဆုတ်ကို ဓာတ်ခွဲခန်းတွင် ပထမဦးဆုံး ဖန်တီးနိုင်ခဲ့


Health Updates Journal No. 107

လူသားအဆုတ်ကို ပထမဦးဆုံး ဖန်တီးနိုင်ခဲ့တယ်လို့ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှ သုတေသီတွေက ထုတ်ဖော်ပြောဆို လိုက်ပါတယ်။

တက္ကဆက်ပြည် ဆေးတက္ကသိုလ်မှ သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ Joart Nichols က လူသား အဆုတ်ပုံစံကို ဓာတ်ခွဲခန်းမှာ အောင်မြင်စွာ ဖန်တီးနိုင်ပြီဖြစ်သော်လည်း လူသားများရဲ့ ခန္ဓာကိုယ်အတွင်းမှာ အလုပ်လုပ်တဲ့ ပုံစံမျိုးဟုတ်မဟုတ်ကိုတော့ ဆက်လက်သုတေသနပြုပါတယ်။ အဲဒီလိုအောင်မြင်စွာ ဖန်တီးနိုင်ခဲ့ရင်တော့ အဆုတ်အစားထိုးဖို့ စောင့်ဆိုင်းနေတဲ့လူနာ ၁၆၀၀ကျော်ကို ကူညီနိုင်မှာဖြစ်ပါတယ်။
ဒီအဆုတ်များကို ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့တဲ့ ကလေးငယ် နှစ်ဦးဆီကနေရတဲ့ အဆုတ်ကနေ ဖန်တီးထားတာဖြစ်ပါတယ်။ သူတို့ရဲ့ အဆုတ်ကို အစားထိုးဖို့ အသုံးမပြုနိုင်ပေမယ့် အဆုတ်တစ်ရှူးတွေကတော့ ကျန်းမာနေခဲ့ပါတယ်။ အဆုတ်တစ်ရှူးကိုယူခဲ့ပြီး ကော်လ ဂျင်နဲ့အီလက်စတင်(elastin)်တစ်ရှူးတွေကို ပွားများစေပြီး နောက်မှာ scaffoldingာ နည်းပညာနဲ့ လူလုပ် အဆုတ်တုကို ဖန်တီးခဲ့ပါတယ်။

အဲဒီနောက်မှာတော့ အဆုတ်ကို အဆုတ်တွင်းအရည်များနဲ့ အလားတူ ဖန်တီးထားတဲ့ အရည်တွေ ထည့်သွင်းထားတဲ့ ပုံးထဲမှာထည့်သွင်းပြီး အဆုတ်အတွက် လိုအပ်တဲ့အာဟာရများကို သွေးကြောကနေ ဖန်တီးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အဆုတ်ဟာ လေးပတ်ကြာအောင် အလုပ် လုပ်နိုင်တယ်ဆိုတာကို သက်သေပြ နိုင်ခဲ့ပါတယ်။

သန့်စင်
ref; ANI

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...