ဆံပင်ကျွတ်ခြင်း အတွက် အကောင်းဆုံး လက်နက်များ


တကယ်ထိရောက်ပြီး ဆံပင်ကျွတ်မှုကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ အဲဒီအစား အစာတွေ ကတော့...

(၁) အုန်းရည်

အုန်းရည်ဟာ ဆံပင်ကျွတ်မှု အတွက် များစွာ အထောက်အကူပြုပေး ပါတယ်။ ဒါ့အပြင် ဆံပင်ကို နက်မှောင်စေပြီး ပိုမို သန်စွမ်းစေနိုင် ပါတယ်။ ဒါကြောင့် ဆံပင်အတွက် အုန်းရည်ဟာ ဆေးတစ် လက် ဖြစ်ပါတယ်။

(၂) ကြက်ဥ

ကြက်ဥ တစ်လုံး၏ အနှစ်ကိုယူပါ။ တစ်လုံးထက် ပိုပြီးလဲ သုံးနိုင်ပါတယ်။ ထို့နောက် ပျားရည်ကို လက်ဖက် စားဇွန်း တစ်ဇွန်းထည့်ပြီး နှစ်ခုရောပြီး မွှေလိုက်ပါ။ ဦးရေပြားပေါ်သို့ ထိုအရာများ ကို တင်လိုက်ပါ။ မီနစ် ၂၀ မှ ၃၀ ခန့်လောက် စောင့်ပါ။ ပြီးနောက် ခေါင်းလျှော်လို့ ရပါပြီ။ ခေါင်းလျှော်ရာတွင် အေးသောရေနဲ့ မလျှော်ပါနဲ့။ နွေးသော ရေဖြင့်သာ ခေါင်းကို လျှော်ပါ။ အဲလို လုပ်ခြင်းအာဖြင့် ဆံပင်ကျွတ်ခြင်းသာ မကဘဲ ဆံပင်ကြမ်းခြင်း ဆံပင် မသန်ခြင်း နှစ်ခွဖြစ်ခြင်းအတွက်ပါ ကောင်းမွန်စေ ပါတယ်။

(၃) ကြက်သွန်နီ

ကြက်သွန်နီ ကတော့ ဆံပင်အတွက် လက်နက်တစ်ခု ဖြစ်ပါတယ်။ အသုံးပြုပုံ ကတော့ ကြက်သွန်နီ၏ အရည်ကို ဦးရေပြားပေါ်သို့ သုတ်လိမ်း ပေးခြင်းဖြင့် ဆံပင်ကျွတ်ခြင်း အတွက် အထူးပင် ကောင်းမွန်စေ ပါတယ်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...