အမေရိကန်တက္ကသိုလ် သုံးရာကျော်ကို ပြောင်းရွှေ့ပရိုဂရမ် တက်မယ်ဆိုရင်
အမေရိကန်ဒီဂရီပြောင်းရွှေ့တက်နိုင်တဲ့ American Degree Transfer Program ကိုတက်ရောက် မယ့် ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ မလေးရှားနိုင်ငံ အင်တီအင်တာနေရှင်နယ် တက္ကသိုလ်မှာ တစ်နှစ်သို့မဟုတ် နှစ်နှစ်တက်ရောက်ပြီးရင်ကျန်တဲ့ စာသင်နှစ်ကို အမေရိကန်ရှိကျောင်းပေါင်း ၃၀၀ ကျော်မှာပြောင်းရွှေ့တက်ရောက်ပြီး ဒီဂရီရရှိနိုင်ပါတယ်။
အဲသည် အမေရိကန် ဒီဂရီပြောင်းရွှေ့ပရိုဂရမ် (AUP) ကအောင်လက်မှတ် ရရှိထားတဲ့ကျောင်းသား တွေက University of Pennsylvania, Brown University, University of Michigen, ကယ်လီဖိုးနီးယား တက္ကသိုလ်၊ ဘာကလေစတဲ့ တက္ကသိုလ်တွေမှာဆက်ပြီး တက်ရောက်သင်ယူနိုင်ပါ တယ်။
အင်တီ (INTI) မှာတက်ရောက်နေတဲ့ ကျောင်းသားတွေအနေနဲ့ အမေရိကန်မှာ ပညာသင်ယူနိုင်တဲ့ အခွင့်အလမ်းရရှိမှာဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅ နှစ်ကျော်ကစပြီး သည်အချိန်အထိ အင်တီရှိကျောင်း သားတွေကနိုင်ငံတကာရှိ ထိပ်တန်းတက္ကသိုလ်တွေကို ပြောင်းရွှေ့မှုအများဆုံးအဖြစ် မှတ်တမ်းတင် နိုင်ခဲ့တယ်လို့ Wissen Education ကသိရပါတယ်။ ဘာသာရပ်တွေက ဇီဝသိပ္ပံ၊ စီးပွားရေး၊ ကွန်ပျူ တာသိပ္ပံ၊ အင်ဂျင်နီယာ၊ ကျန်းမာရေးနဲ့ အသုံးချသိပ္ပံ၊ လူထုဆက်သွယ်ရေး၊ စိတ်ပညာတို့ကိုသင်ယူနိုင် ပါတယ်။ စာတွေ့အပြင်လက်တွေ့ပိုင်းပါ သင်ယူရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံက တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးတဲ့ ကျောင်းသားကျောင်းသူတွေက အင်တီ တက္ကသိုလ်ရဲ့ အမေရိကန်ပြောင်းရွှေ့ပရိုဂရမ်ကို လျှောက်နိုင်ပါတယ်။ ၂၀၁၄ ပညာသင်နှစ်အတွက် နိုင်ငံတကာပညာသင်ဆုအဖြစ် မလေးရှားရင်းဂစ် ၉၀၀၀ အထိပညာသင်ဆုထောက်ပံ့ကြေးပေးအပ် မယ်လို့ Wissen Education ကသိရပါတယ်။
မော်ဒန်သတင်းဂျာနယ်
အမှတ်(၃၉၉)၊ မတ်လ(၇) ရက်၊ ၂၀၁၄