အနုပညာသမားစစ်စစ်တို့ ဆန္ဒ
ယနေ့ ကာလမှာနိုင်ငံရေးနဲ့ အနုပညာကိုဒွေးရောယှက်တင်မြင်နေကြရပေမဲ့အနုပညာသမားတို့ ရဲ့ မူလဝတ္တရားကပရိသတ်ကိုဖြေဖျော်မှုအကောင်းဆုံးနဲ့ ဝန်ဆောင်ပေးနိုင်ဖို့  သာဖြစ်ပါတယ်။နိုင်ငံရေး အကြောင်းပြုဆောင် ရွက်နေသူတချို့က အနုပညာရှင်တွေရဲ့ ရှင်းသန် ရည်မှန်းချက်တွေကို အရောင်ဆိုးလာနေခြင်းကိုတိုက်ရိုက် ရည်ညွှန်း ခြင်းမဟုတ်တဲ့တိုင်စွပ်စွဲမူ တစ်ချို့ကိုမြင်ကြားဖတ်ရူနေကြရတာကြောင်း ဝါရင့်သတင်းစာဆရာတစ်ဦးက ဆိုပါတယ်။
''ကျွန်တော်အနုပညာသမား၊ ပရိသတ်ကိုအလေးထားတယ် ။ ကိုယ့်ပရိသတ်မို့ ဓာတ်ပုံတွဲရိုက်မယ်ဆို ပုပုဝဝ ပိန်ပိန်ရှည်ရှည် ချောချောလှလှ ရုပ်ဆိုးချင်ဆိုး ကြီးကြီးငယ်ငယ် ဆင်းရဲချမ်းသာမရွေး လူမျိုးဘာသာမရွေး တွဲရိုက်လေ့လည်းရှိပါတယ် ။
စစ်ပွဲတွင်းက ဆရာဝန်ကြက်ခြေနီတွေဟာလူနာမှန်ရင် ကျောသားရင်သား မခွဲခြားပဲ ကုသပါသတဲ့ ။ ကျနော်သည်လည်း မည်သူ့ကို မဆို ဖျော်ဖြေပါတယ်။ မည်သူနဲ့မဆို ဓာတ်ပုံတွဲရိုက်ပါတယ်။
ကျနော်အနုပညာသမား ပရိသတ်ဆိုရင် အလေးထားတယ်'' လို့ နိုင်ငံကျော် အနုပညာရှင်သရုပ်ဆောင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင် က သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာပရိသတ်များထံဖွင့်ဟဆိုလာ
လည်းတွေ့ရတဲ့အတွက် အဆိုပါဝါ ရင့်သတင်းစာဆရာတစ်ဦးကပင်
ပေါ်ပြူလာသို့ ရင်ဖွင့်မှတ်ချက်ပြုပေးခြင်းဖြစ်ပါတယ်။
Popular Journal