မတ် ၁၃ ရက် မိုးလေ၀သ ခန့်မှန်းချက် – ဒေါက်တာထွန်းလွင်

မတ်လ ၁၃ ရက်နေ့ မနက် ၇း၃၀ နာရီအချိန် ဖမ်းယူရရှိထားတဲ့ တိမ်ပုံအရ ဘင်္ဂလား ပင်လယ်အော် မြောက်ပိုင်းနဲ့ အနောက်ပိုင်းတို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်ကင်းစင်နေပါတယ်။

မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့အနောက်ပိုင်းတို့မှာ တိမ်အနည်းငယ်ဖြစ်ထွန်းနေပြီး ကျန်ဒေသတွေမှာ တိမ်ကင်းစင်နေပါတယ်။

မတ် ၁၄ ရက်နေ့ မြန်မာ့ပင်လယ်ပြင်အခြေအနေကတော့ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်သာ ရှိနိုင်ပြီး လှိုင်းအမြင့် ၁ ပေကနေ ၄ ပေလောက်မြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အပူရှိန်မြင့်တက်နိုင်မှုကတော့ မြန်မာတနိုင်ငံလုံးမှာ ပုံမှန် အပူရှိန်ထက် သိသိသာသာ မြင့်တက်နိုင်ပါ တယ်။

ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း ၉ လောက် ရှိနိုင်ပြီး ကျန်တနိုင်ငံလုံးလိုလိုမှာတော့ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း ၁၀ ကနေ ၁၂ လောက် ထိ မြင့်တက်နိုင်ပါတယ်။

ခရမ်းလွန် ရောင်ခြည် (UV Index) တန်ဖိုးတွေ မြင့်တက်နိုင်တဲ့အတွက် နေပူထဲမှာ အကာအကွယ်မဲ့ သွားလာခြင်းကို တတ်နိုင်သလောက်မပြုလုပ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

နေ့အပူချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ဒေသတွေမှာ နေ့အပူချိန် ၂၇ ဒီဂရီ စင်တီဂရိတ် ကနေ ၃၃ ဒီဂရီစင်တီ ဂရိတ်ခန့် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၃၄ ဒီဂရီ စင်တီဂရိတ် ကနေ ၃၈ ဒီဂရီစင်တီဂရိတ် ခန့်ရှိနိုင်ပါတယ်။

မတ် ၁၄ ရက်နေ့အတွက် တနိုင်ငံလုံးမှာ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု မရှိနိုင်ဘူးလို့ ခန့်မှန်းထားပါတယ်။ မိုးရွာသွန်းနို်င်မှု ခန့်မှန်းချက်ကတော့ မြန်မာတနိုင်ငံလုံးမှာ မိုးရွာဖို့ အလားအလာ မရှိနိုင်ဘဲ အများအားဖြင့် သာယာနိုင်ပါတယ်။

မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ မတ် ၁၃ ရက်နေ့ မနက် ၈ နာရီခွဲအချိန်ဖမ်းယူထားတဲ့ တိမ်ပုံအရ နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။

မတ် ၁၄ ရက်နေ့အတွက် နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၁၉ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါတယ်။

မတ် ၁၃ ရက်နေ့ မနက် ၈ နာရီခွဲ အချိန် ဖမ်းယူထားတဲ့ တိမ်ပုံအရ ရန်ကုန်နဲ့အနီးတ၀ိုက်မှာ တိမ်အနည်းငယ်ဖြစ်ထွန်းနေပါတယ်။

မတ် ၁၄ ရက်နေ့အတွက် ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၇ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၀ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင်ပါတယ်။

မတ် ၁၃ ရက်နေ့မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့ တိမ်ပုံအရ မန္တလေးမြို့ရဲ့ အနောက် မြောက်ပိုင်း အနီးတ၀ိုက်မှာ တိမ်အနည်းငယ်ဖြစ်ထွန်းနေပါတယ်။

မတ် ၁၄ ရက်နေ့အတွက် မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၇ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၁ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ တိမ်ထူထပ်နိုင်ပါတယ်။

DVB News

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...