ဘူမိဗေဒ ဘာသာရပ်ကို ကုန်ကျစရိတ် သက်သာစွာဖြင့် တက်ရောက် သင်ကြားနိုင်
အတွဲ (၁၅)၊ အမှတ် (၁၁)
မလေးရှားနိုင်ငံ Curtin University တွင် နိုင်ငံတကာ အရည်အသွေးမီ ဘူမိဗေဒဘာသာရပ် (Applied Geology) ကို ကုန်ကျစရိတ် သက်သာစွာဖြင့် ဘွဲ့ဒီဂရီ ပြီးဆုံးသည်အထိ သင်ယူနိုင်ကြောင်း သိရသည်။
Curtin University ဘူမိဗေဒ ဘာသာရပ်သည် ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာများအတွက် ဘူမိဗေဒတူးဖော်ရေး ပညာရပ်နှင့် ရေနံဘူမိဗေဒ ပညာရပ်အား အဓိကထားပြီး သီအိုရီပိုင်းဆိုင်ရာ နောက်ခံ အခြေ အနေနှင့် လက်တွေ့အသုံးချမှုများကိုပါ ပူးတွဲ သင်ကြားပေးသည်။ ထို့အပြင် ကမ္ဘာမြေ၏ ဖြစ်စဉ်များကို ဖွံ့ဖြိုးတိုးတက်စေရန် သိပ္ပံပညာနှင့် ပတ်သက်သော အဓိကဘာသာရပ်များနှင့် ဘာသာခွဲများကို ကျယ်ပြန့်စွာ နားလည် သဘောပေါက်စေရန် လက်တွေ့ဓာတ်ခွဲခန်းနှင့် ကွင်းဆင်းလေ့လာရေး စွမ်းရည် သုံးသပ်ချက်များ တိုးတက်လာစေရန်နှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာဖြစ်စဉ်များတွင် ဘူမိဗေဒ၏ အခန်းကဏ္ဍ အဓိက အရေးပါပုံကို သိမြင်စေလိုသော ရည်ရွယ်ချက်များဖြင့် အခြေခံကာ သင်ကြားပို့ချလျက်ရှိသည်။
Curtin University တွင် ၎င်းဘာသာရပ်ကို Foundation အပါအ၀င် (၄) နှစ်သင်ကြားရမည် ဖြစ်ပြီး ပညာရေးဆိုင်ရာ ဝင်ခွင့်သတ်မှတ်ချက်မှာ မြန်မာနိုင်ငံမှ (၁၀) တန်းအောင်မြင်ပြီးသော ကျောင်းသားများသည် တစ်ဘာသာလျှင် ပျမ်းမျှ အမှတ် ၆၀ နှင့် အထက်ရှိရမည်။ (အင်္ဂလိပ်စာ၊ သချာင်္၊ ရူပဗေဒတွင် ၆၀ မှတ် အနည်းဆုံး ရရှိ ထားရမည်။) အင်္ဂလိပ်စာဝင်ခွင့် သတ်မှတ်ချက်မှာ IELTS Band Core ရမှတ် (5.5), TOEFL Paper Based ရမှတ် (520) နှင့် Internet Based ရမှတ် (၇၀) ရှိရမည်။ GCE 'O' Level တွင် အင်္ဂလိပ်စာ Grade D နှင့် အထက် ရှိရမည်။
မြန်မာအစိုးရ တက္ကသိုလ်များတွင် တက်ရောက်ဆဲ ဘူမိဗေဒ ကျောင်းသားများသည် Curtin University Sarawak တွင် ဆက်လက် သင်ယူ တက်ရောက်လိုပါက ဘာသာရပ် ကင်းလွတ်ခွင့်နှင့် ပညာသင်နှစ် ကင်း လွတ်ခွင့်များဖြင့် လျှောက်ထားနိုင်ပြီး အသေးစိတ် သိရှိလျှောက်ထားလိုပါက Myanmar Search International (MSI) နိုင်ငံခြား ပညာရေးဝန်ဆောင်မှု ဖုန်း-၀၁-၃၈၉၉၁၅၊ ၀၉-၅၀၁၃၉၁၅ ကို ဆက်သွယ်၍ သော် လည်းကောင်း www.overseaed ucation-msi.com သို့ ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။
သန္တာ
Internet Journal

- (အရှေ့သို့) Trinity College သို့ တက်ရောက်မည့် ကျောင်းသူ၊ ကျောင်းသားများအတွက် ဝင်ခွင့်ဆိုင်ရာများ ဆွေးနွေးပွဲ ပြုလုပ်မည် ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ ခန္ဓာကိုယ်နာကျင်မှု ကင်းဝေးစေရန် ပြုမူနေထိုင်နည်းများ ပူဒီနာ စားသင့်တဲ့အချက် ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Cytotec (Misoprostol) ဆေးသုံးနည်းလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ
- (အနောကျသို့) မတ် ၁၃ ရက် မိုးလေ၀သ ခန့်မှန်းချက် – ဒေါက်တာထွန်းလွင် ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ ခန္ဓာကိုယ်နာကျင်မှု ကင်းဝေးစေရန် ပြုမူနေထိုင်နည်းများ ပူဒီနာ စားသင့်တဲ့အချက် ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Cytotec (Misoprostol) ဆေးသုံးနည်းလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ