ယူကေဖက်ရှင် ဒီဇိုင်းဘွဲ့စင်ကာပူမှာ ယူနိုင်ပြီ
ဖက်ရှင်ဒီဇိုင်းဘာသာရပ်ကို စိတ်ဝင်စားသူတွေအတွက် ယူကေနိုင်ငံက ပေးအပ်မယ့်ဖက်ရှင် ဘာသာ ရပ်ဆိုင်ရာ ဘွဲ့တွေကိုစင်ကာပူနိုင်ငံ အမ်ဒီအိုင်အက်စ်မှာ တက်ရောက်ယူနိုင်ပြီလို့ Study Abroad က သိရပါတယ်။
စင်ကာပူအမ်ဒီအိုင်အက်စ်က School of Design Department ကို ၂၀၁၁ ခုနှစ်စက်တင်ဘာလက စတင်တိုးချဲ့ ဖွင့်လှစ်ခဲ့ပါတယ်။ Bachelor of Arts (Hons) ဘွဲ့ကိုရရှိမှာဖြစ်ပြီး သုံးနှစ်တက်ရောက်ရ မှာဖြစ်ပါတယ်။ ဘွဲ့ဒီဂရီကို တိုက်ရိုက်တက်ရောက်နိုင်ဖို့ လိုအပ်တဲ့ဒီပလိုမာ ဘာသာရပ်ကိုတစ်နှစ် တက်ရောက်ရမှာ ဖြစ်ပါတယ်။
ဖက်ရှင်ဘာသာရပ်တွေဖြစ်တဲ့ fashion marketing & Branding နဲ့ဖက်ရှင်ဒီဇိုင်းတွေကို နှစ်သက်ရာ ရွေးချယ်တက်ရောက်နိုင်ပြီး ယူကေရှိ Nottingham Trent University ကပေးအပ်တဲ့ဘွဲ့ကို ရယူနိုင် မှာဖြစ်ပါတယ်။ အမ်ဒီအိုင်အက်စ်တက္ကသိုလ်က ဒီပလိုမာတက်ရောက်ဖို့ တက္ကသိုလ်ဝင်တန်းအောင် မြင်ထားဖို့ လိုအပ်ပြီးဒီပလိုမာတက်ရောက်တဲ့ ကာလအတွင်းဖက်ရှင်ဒီဇိုင်းအခြေခံတွေကို သင်ကြား ပေးမှာ ဖြစ်ပါတယ်။ ဒီဇိုင်းကျွမ်းကျင်မှု၊ ဈေးကွက်ချဲ့ထွင်မှုဆိုင်ရာတွေကို သင်ကြားပေးမယ့်အပြင် ပရောဂျက်တွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ၊ ကျူတိုရီယယ်တွေ၊ ဒီဇိုင်းအဆိုင်းမန့်တွေ၊ ပရီဆန်တေးရှင်း တွေနဲ့ သင်ယူရမှာဖြစ်ပါတယ်။
ဖက်ရှင်ဒီဇိုင်းဘာသာရပ်ကို မေလကျောင်းဖွင့်ချိန်အမီ တက်ရောက်နိုင်မှာဖြစ်ပါတယ်။ ဘွဲ့ဒီဂရီတန်း အတွက်ပါ မေလကျောင်းဖွင့်ချိန်တွေလည်း ထားရှိပေးထားပါတယ်။ ဒီပလိုမာတန်းအတွက် ကျောင်း လခကမြန်မာကျပ်ငွေ ၅၄ သိန်းကျော် ကုန်ကျမယ်လို့ Study Abroad Information Centre ကသိရ ပါတယ်။
မော်ဒန်သတင်းဂျာနယ်
အမှတ်(၃၉၉)၊ မတ်လ(၇) ရက်၊ ၂၀၁၄