ဘွဲ့ရအမျိုးသားတွေ အလုပ်ရရှိမှုနည်းပါးခြင်းကြောင့် ပညာတတ်နှုန်း လျော့ကျ
အခုနောက်ပိုင်း အလုပ်အကိုင်ခေါ်ယူတဲ့အခါ ပညာတတ်ဘွဲ့ရချင်းတူပေမဲ့ အမျိုးသမီးတွေထက် အမျိုးသားတွေက အလုပ်အကိုင်ရရှိမှု အခွင့်အလမ်းနည်းပါးလာတာကြောင့် ဘွဲ့ရအမျိုးသားအများစု ကိုယ်ပိုင်တစ်နိုင်တစ်ပိုင် အလုပ်တွေကိုသာ အားထားလုပ်ကိုင်လာကြရတယ်လို့ သိရပါတယ်။
ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး လုပ်ကိုင်နေတဲ့ ဦးသန်းဌေးနိုင်က 'အလုပ်ခေါ်တဲ့အခါ ဘွဲ့ရပညာ တတ်ပေမဲ့ သာမန်ဘွဲ့ရဆိုရင် မိန်းကလေးတွေအတွက် အလုပ်အကိုင်အရမ်းပေါ တယ်၊ ယောက်ျား လေးကျတော့ ထပ်ပိုးမွမ်းမံသင်တန်းတွေမှ ထပ်မတက်ရင် အဆင်မပြေဘူး၊ တခြားကြီးကြီးမားမား သင်တန်းတွေမတက်နိုင်ရင်တောင် ကားမောင်းလေးတတ်မှ ယာဉ်မောင်းအလုပ်ရတာ' လို့ပြောပါ တယ်။
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင်အများစုမှာ ကာယအင်အားအသုံးပြုပြီး ဆောင်ရွက်ရတဲ့အလုပ်တွေကလွဲပြီး အခြားသောအမျိုးသမီး အမျိုးသားအားလုံးဆောင်ရွက်နိုင်တဲ့ အလုပ်တွေမှာ အမျိုးသမီးတွေကို ဦးစား ပေးခန့်အပ်လာပါတယ်။ ဒါကြောင့်နောက်ပိုင်းမှာ သာမန်ဘွဲ့ရအမျိုးသားတွေ အလုပ်အကိုင်အခွင့်အ လမ်း တစ်စထက်တစ်စနည်းပါးလာတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်လင်းက 'စက်ရုံတွေမှာဆိုရင် အလုပ်စဝင် တဲ့အချိန်မှာ ရရှိတဲ့အခြေခံလစာက အရမ်းနည်းတယ်၊ ယောက်ျားလေးတွေရဲ့ သဘောသဘာဝအရ ကိုယ့်ထူးကိုယ်ချွန်ချင်တဲ့စိတ်ရှိကြတာများတယ်၊ သူများလက်အောက်မှာ သိပ်မလုပ်လိုကြဘူး၊ သူများ လက်အောက်မှာ လုပ်ခလစာနည်းနည်းပါးပါးထက်စာရင် တစ်နိုင်တစ်ပိုင်လုပ်နိုင်တဲ့လုပ်ငန်း အခြေအ နေမျိုးကို အခုနောက်ပိုင်း ပိုရွေးချယ်လာကြတယ်' လို့ဆိုပါတယ်။
အမျိုးသားတွေ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးလာသလို ၎င်းတို့ရဲ့ကိုယ်ပိုင်ရွေးချယ်မှုတွေ ကြောင့်လည်း တစ်နိုင်တစ်ပိုင်အလုပ်တွေကို ပြောင်းလဲလုပ်ကိုင်လာကြရတယ်လို့ သိရပါတယ်။
များသောအားဖြင့် ကုမ္ပဏီတွေနဲ့ ဈေးဝယ်စင်တာတွေမှာ ယောက်ျားလေးထက် မိန်းကလေးကို အလုပ်ခန့်အပ်မှု ပိုများတာဟာကွဲပြားခြားနားတဲ့ သဘာဝကြောင့် ဖြစ်ပါတယ်။ မိန်းကလေးတွေက များသောအားဖြင့် နူးညံ့သိမ်မွေ့ပြီး complain နည်းတဲ့အတွက် အလုပ်ရှင်တွေအတွက် ကိုင်တွယ်ဖို့ လွယ်ကူစေသလို အမျိုးသားတွေကတော့ လွယ်ကူစေသလို အမျိုးသားတွေကတော့ complain များပြီးထိန်းသိမ်းဖို့ ခက်ခဲတာကြောင့်ဖြစ်တယ်လို့ ဦးအောင်လင်းကပဲ ဆက်ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိအလုပ်အကိုင်ဈေးကွက်မှာ အလုပ်ရရှိမှု အချိုးရဲ့ပျမ်းမျှအရ အမျိုးသား ၃၀ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၇၀ ရာခိုင်နှုန်း ဖြစ်နေပါတယ်။ အဲသည်အတွက် အစိုးရအလုပ်အကိုင် ဈေး ကွက်မှာ နိုင်ငံခြားသားနဲ့ ပြည်တွင်းလုပ်သားနဲ့ ပတ်သက်တဲ့ အလုပ်ခန့်အပ်မှု အချိုးအစားခွဲခြားထားဖို့ လိုအပ်သလိုအမျိုးသမီး အမျိုးသားအတွက်လည်း အလုပ်ဝေစုအချိုးခွဲခြားသတ်မှတ်ထားဖို့ လိုအပ်နေ တယ်လို့ ပညာရှင်အချို့က သုံးသပ်ပါတယ်။
ကြိုတင်ပြင်ဆင်မှု မရှိဘူးဆိုရင်တော့ နောက်ပိုင်းမှာအမျိုးသားတွေအနေနဲ့ ဘွဲ့ရပေမဲ့လည် အလုပ်ဝေ စုရရှိမှုနည်းပါးတဲ့အတွက် ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားမှုလျော့နည်းလာပြီး ပညာတတ် အမျိုးသားဦးရေ လျော့ကျလာနိုင်တယ်လို့ သိရပါတယ်။
ကုမုဒြာသတင်းဂျာနယ်
အတွဲ(၃)၊ အမှတ်(၄၈)၊ မတ်လ (၄)၊ ၂၀၁၄