ပြင်သစ်နိုင်ငံက ၈၁ ကြိမ်မြောက် သစ်သီးပွဲတော် (၂၀၁၄)
ပြင်သစ်နိုင်ငံမှာ နှစ်စဉ်ကျင်းပနေကျ ၈၁ ကြိမ်မြောက် သစ်သီးပွဲတော်တစ်ခုပါ... ပုံတွေကတော့ လိမ္မော်သီး၊ သံပရာသီးနဲ့ လျှောက်သီး မျိုးနွယ်ဝင် အသီးတွေကို ၀ိုင်ယာကြိုးတွေကို အသုံးပြုပြီး လက်နဲ့ တလုံးချင်းသီပြီး ဂရုတစိုက် ပြုလုပ်ဖန်တီးထားတဲ့ အံ့ဖွယ်လက်ရာတွေပါ... ပွဲတော်ကို နှစ်စဉ် လူပေါင်းသောင်းချီပြီး လာရောက်အားပေးကြတယ်လို့ ဆိုပါတယ်... အဆိုပါ Sculpture တွေကို ဖန်တီးရာမှာ နာရီပေါင်း သောင်းနဲ့ချီ အချိန်ယူရပြီး... သစ်သီးတန်ချိန်ပေါင်း ၁၄၅ တန်နဲ့ အနုပညာရှင်ပေါင်း ၃၀၀ ကျော် အသုံးပြုရတယ်လို့ ဆိုပါတယ်...
Ref:chandoo/ xcitefun/ http://lwanmapyay.blogspot.com/