ကလေးမွေးပြီးနောက် သွေးခဲဖြစ်ပေါ်နိုင်သည့်အချိန်မှာ ထင်ထားသည်ထက်ပိုကြာ
Health Updates Journal No. 107
US မှ တွေ့ရှိချက်အရ အမျိုးသမီးများတွင် ကလေးမွေးပြီးသည့်နောက် သွေးခဲဖြစ်ပေါ်နိုင်သည့် ကာလမှာ ယခင်တွေ့ထားတာထက် ပိုမိုကြာမြင့်ကြောင်းသိရသည်။ New York’s Brain and Mind Research Institute မှအဖွဲ့၏လေ့လာချက်အရ အမျိုးသမီးများမှာ ကိုယ်ဝန်ဆောင် စဉ်နှင့်ကလေးမီးဖွားပြီးစ တွင် သွေးခဲဖြစ်ပေါ်နိုင်သည့် အန္တရာယ်မှာ လွန်စွာများကြောင်း သိရသည်။
သို့သော်လည်း ကလေးမွေးပြီးသည့်နောက်တွင် ကလေးမွေး ပြီး ခြောက်ပတ်အကြာ ထိ သွေးခဲဖြစ်ပေါ်သည့်နှုန်းမှာ သာမန်အမျိုးသမီးများထက် ၁၀.၈ ဆပိုများပြီး မွေးပြီး ၇ ပတ်မှ ၁၂ ပတ် အတွင်းတွင် ၂.၂ ဆပိုများကြောင်း သိရသည်။ သွေးခဲသည့်နှုန်းမှာ ပုံမှန်နီးပါးအခြေအနေသို့ ပြန်ရောက်ရန် ၂၄ ပတ်ခန့်ကြာပြီး ၁၃ ပတ်မှ ၁၈ ပတ်ကြားတွင် သွေးခဲဖြစ်ပေါ်၍ အန္တရာယ်ရှိနိုင်သည့် နှုန်းမှာ ၁.၄ ဆခန့်ပိုများကြောင်း သိရသည်။
ယင်းကဲ့သို့ သွေးခဲများဖြစ်ပေါ်ခြင်းကြောင့် အမျိုးသမီးများတွင် ကိုယ်ဝန်ဆောင်ချိန်နှင့် မီးဖွားပြီးစ၌ သွေးခဲပိတ်၍ အသက်ဆုံးရှုံးမှုများ၊ မသန်မစွမ်းဖြစ်မှု ကြုံတွေ့ရနိုင်ကြောင်း သိရသည်။
အ၀င်း
ref:Netdoctor.co.uk
- (အရှေ့သို့) နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဖြစ်ရခြင်း အကြောင်းရင်း သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို တိရိစ္ဆာန်နှင့် လိင်ဆက်ဆံသော တိမွေးကု ဆရာဝန် တရားစြဲခံရစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ
- (အနောကျသို့) ပျင်းရိခြင်းကို ကုသနိုင်မယ့် ဆေးပြား သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို တိရိစ္ဆာန်နှင့် လိင်ဆက်ဆံသော တိမွေးကု ဆရာဝန် တရားစြဲခံရစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ