Bodega..
Mac OS အသုံးပြုတဲ့ သူတွေအတွက် App Store အစားထိုး သုံးစွဲ အသုံးပြုနိုင်မယ့် Bodega ဆိုတဲ့ App Store အမျိုးအစား Mac App တစ်ခုဖြစ် ပါတယ်။ Bodega မှာ App Store မှာရှိတဲ့ App အများအပြား ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အသစ် ထွက်ရှိတဲ့ App တွေကိုလည်း အချိန်နဲ့ တစ်ပြေးညီ ဖော်ပြပေးနိုင် တာကို တွေ့မြင် ရမှာ ဖြစ်ပါတယ်။
Bodega ရဲ့ သွင်ပြင်ဟာ ထူးခြားပြီး ဆွဲဆောင်မှု ရှိတဲ့အပြင် ပြင်ဆင် ထားတဲ့ ဒီဇိုင်း ပုံစံကလည်း စတိုးဆိုင် တစ်ခုမှ ရောင်းချတဲ့ သွင်ပြင်ဖြစ်အောင် ပြုလုပ်ဖန်တီးပေး ထားတာကို တွေ့မြင်ရ မှာဖြစ်ပါတယ်။ App တွေ ကို အလွယ်တကူနဲ့ ဝယ်ယူရရှိနိုင် ဖို့အတွက် စီစဉ်ပေးထား မှာဖြစ်ပြီး တိုက်ရိုက်ငွေပေးချေနိုင်မှာ လည်း ဖြစ်ပါတယ်။ App တွေကို ပြသထားတဲ့ ဒီဇိုင်းကလည်း တကယ့် စတိုးဆိုင်မှာ ပစ္စည်းဝယ်ရသလို မျိုးဖြစ်အောင် အဆင့်လိုက် အဆင့်လိုက် ဖော်ပြပေးထားပါတယ်။ အသုံးပြုရပုံကတော့ App Store မှာ အသုံးပြုရသလိုမျိုးပဲ အသုံးပြုနိုင်မှာဖြစ်ပြီး App တွေကို ရှာဖွေရာမှာလည်း ပိုမိုလျင် လျင်မြန်မြန်နဲ့ ရှာဖွေနိုင်မှာဖြစ်ပါတယ်။
Bodega ဟာ Update တွေကို App Store ကဲ့သို့ အချိန်နဲ့ တစ်ပြေးညီရရှိခြင်း၊ App တွေကိုအမြဲ Update Check ပြုလုပ်ပေးနေခြင်း၊ Out of Date ဖြစ်နေတဲ့ App တွေကို Update ပြုလုပ်ပေးနေခြင်းတို့ ကို အချိန်ပြည့်စစ်ဆေးပြီး ပြုလုပ်ပေးနေမှာဖြစ်ပါတယ်။ App တွေကို ဝယ်ယူတဲ့အခါမှာ လုံခြုံစိတ်ချမှုရှိဖို့ အတွက်ကိုလည်း ဆောင်ရွက်ပေးထားပါတယ်။ ငွေပေးချေပြီး ဝယ်ယူတဲ့ App တွေကို Track ပြုလုပ်ပေးထားပြီး Registration Code တွေကိုလည်း Track ပြုလုပ်ပေးထားပါတယ်။
ဒါ့အပြင် Mac နဲ့ ပတ်သက်တဲ့ အသစ်ထွက်ရှိတဲ့ သတင်းတွေကိုလည်း ဖတ်ရှုနိုင်ဖို့အတွက် စီစဉ်ပေး ထားပြီး၊ နောက်ဆုံးရသတင်းများကိုလည်း ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ App တွေကို Download ပြုလုပ်တဲ့ အခါမှာလည်း ဖိုင်အမည်၊ Download ပြုလုပ်တဲ့ ဖိုင်အရွယ်အစား၊ Version အမှတ် အစရှိတာတွေကို အသေးစိတ် ဖော်ပြပေးထားမှာ ဖြစ်ပါတယ်။ Download ကို အစီအစဉ်တကျ ဆွဲပေးပြီး Update ပြုလုပ်ရန် လိုတဲ့ ဖိုင်တွေကိုလည်း Version ဘယ်လောက်က Available ဖြစ်နေပြီဆိုတာတွေကို လည်း ဖော်ပြပေးနေ မှာဖြစ်ပါတယ်။
Download ပြုလုပ်လိုသူတွေ အနေနဲ့ http://goo.gl/9a2sCM ဆိုတဲ့ ဝက်ဘ်ဆိုက်မှာ Download လုပ်ယူနိုင်မှာဖြစ်ပြီး၊ Download ပြုလုပ်ရမယ့် ဖိုင်အရွယ်အစားကတော့ 4.9MB ရှိမှာဖြစ်ပါတယ်။ Mac OS X 10.6.0 နဲ့ အထက်မှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
သီဟ
Internet Journal