TeamViewer ကို Ubuntu OS ပေါ်တွင်ထည့်သွင်းခြင်း

အတွဲ (၁၅)၊ အမှတ် (၁၁)
 

TeamViewer ဆိုတဲ့ Application ဟာ ကိုယ့်ရဲ့ကွန်ပျူတာကို Tablet တွေ မိုဘိုင်းဖုန်းတွေပေါ်ကနေ အင်တာနက် အသုံးပြုပြီး Remote ပြုလုပ်ပေးနိုင်တဲ့ Application တစ်ခုဖြစ်ပါတယ်။ TeamViewer ကို Ubuntu OS 12.04 LTS နဲ့ 12.10 တို့မှာ ထည့်သွင်းအသုံးပြုချင်တယ်ဆိုရင် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Team Viewer ကို ထည့်သွင်းအသုံးပြုပုံကတော့ နှစ်နည်းရှိပါတယ်။ .deb ဖိုင်ကို Graphic Mode ကနေ Download ပြုလုပ်ပြီး ထည့်သွင်းတာနဲ့ Terminal ကနေ Download ပြုလုပ်ပြီး ထည့်သွင်းတာ နှစ်မျိုးရှိပါတယ်။

TeamViewer ကို Ubuntu OS မှာ ထည့်သွင်းအသုံးပြုဖို့အတွက်ဆိုရင် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီးဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ အရင် Package တွေကို Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

နောက်တစ်ဆင့်ကတော့ TeamViewer ကို Install ပြုလုပ်ဖို့အတွက် Terminal မှာ ဖော်ပြပါ Command တွေကို တစ်ကြောင်းချင်းစီ ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ Command တွေကို မထည့်သွင်းခင်မှာ ကိုယ့်ရဲ့ Operating System က 32bit လား 64bit လားဆိုတာ အရင်ဆုံး ကြည့်ရှုထားရမှာ ဖြစ်ပါတယ်။ 32bit နဲ့ 64bit ကိုထည့်သွင်းတဲ့ Command လည်း မတူတဲ့အတွက် အရင်ကြည့်ရှုရခြင်းဖြစ်ပါတယ်။ 32bit ကို ထည့်သွင်းမယ်ဆိုရင်

wgethttp://www.teamviewer.com/download/version_8x/teamviewer_linux.deb

wget http://www.teamviewer.com/download/teamviewer_linux.deb

sudo dpkg -i teamviewer* && sudo apt-get install –f ဆိုတဲ့ Command တွေကို Terminal မှာ တစ်ကြောင်းချင်းစီ ရိုက်ထည့်ပြီးထည့်သွင်းရမှာဖြစ်ပါတယ်။

64bit Version မှာ ထည့်သွင်းမယ့်သူတွေအတွက်ကတော့ အောက်ဖော်ပြပါ Command တွေကို အသုံးပြုရမှာဖြစ်ပါတယ်။ အသုံးပြုရမယ့် Command တွေကတော့

wget http://www.teamviewer.com/download/version_8x/teamviewer_linux_x64.deb

wget http://www.teamviewer.com/download/teamviewer_linux_x64.deb

sudo dpkg -i teamviewer* && sudo apt-get install –f

ဆိုတဲ့ Command ကို ထည့်သွင်းအသုံးပြုရမှာဖြစ်ပါတယ်။

Android OS အသုံးပြုထားတဲ့ Device ဒါမှမဟုတ် iOS အသုံးပြုထားတဲ့ Device တွေကနေ Remote ပြုလုပ်ဖို့အတွက်ကတော့ TeamViewer ကို ထည့်သွင်းဖို့အတွက် သက်ဆိုင်ရာ Market တွေ နဲ့ Store တွေကနေ Download ပြုလုပ်ပြီး ထည့်သွင်းရမှာဖြစ်ပါတယ်။ အထက်ဖော်ပြပါ အဆင့်တွေကို ပြီးသွားပြီဆိုရင် Tablet တွေ Phone တွေပေါ်ကနေ Ubuntu OS အသုံးပြုထားတဲ့ သင့်ကွန်ပျူတာကို Remote ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။

သီဟ
Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...