Break Up and Social Media

သင့်ရဲ့ အချစ်ရေးမှာ Social Media ကဘယ်လို ဆိုးကျိုးတွေ ပေးစေနိုင် ပါသလဲ။ အထူးသဖြင့် လမ်းခွဲပြီးတဲ့ အခါမှာပေါ့။ ဘယ်လို ကုစားရ မလဲ။
လမ်းခွဲတယ် ဆိုတာ အချစ်တစ်ခု ပြီးဆုံးသွားတယ် ဆိုတဲ့ အဓိပ္ပါယ်ပါ။ ငြိမ်းချမ်းစွာပဲ ဖြစ်ဖြစ်၊ အမုန်းနဲ့ပဲ ဖြစ်ဖြစ် လမ်းခွဲ ခဲ့ရပြီး နောက်မှာ ကိုယ့်အဆက်ဟောင်းနဲ့ ပြန်လည် ဆုံတွေ့မိဖို့၊ အဆက်အသွယ် ပြန်ရဖို့ဆိုတာ အဲ့လောက် မလွယ်ကူ ခဲ့ပါဘူး။ ဒါပေမယ့် ဒီ social media ခေတ်မှာတော့ ကိုယ့်အဆက်ဟောင်းကို နောက်ယောင်ခံ လိုက်ချင်ရင် လွယ်လွယ်လေးပါ။ ကျွန်တော်တို့က ရှိသမျှ အဆက်အသွယ်တွေ အ ကုန်လုံးကို ဖြတ်ခဲ့ပေမယ့် အမျှင်တွေ သွယ်တန်း နေပါသေးတယ်။ ဒီအမျှင် တွေကိုတော့ သူငယ်ချင်း သံယောဇဉ်၊ ရင်းနှီးမှု စတဲ့ အကြောင်း ပြချက် တွေကြောင့် မဖြတ် ပစ်ကြပါဘူး။ အရိုးသားဆုံး ဖွင့်ဟ ၀န်ခံချက် တစ်ခုက အဆက်ဟောင်း အကြောင်းကို stalk နောက်ယောင် ခံ လိုက်ချင်လို့ ပါတဲ့။

Facebook stalk လုပ်ပြီး ကိုယ့်ရဲ့ အဆက်ဟောင်းရဲ့ လမ်းခွဲပြီးနောက်မှာ တိုးတက်မှု ဖြစ်စဉ်တွေကို သိချင်ကြ ပါတယ်။ လမ်းခွဲတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သူဘာတွေ တင်ထားလဲ။ ကိုယ့်အကြောင်း ဘာတွေများ ပြောထားလဲ။ နောက်တစ်ယောက်များ ထပ်တွေ့ နေပြီလား စတဲ့စတဲ့ အ ချက်တွေကို နောက်ယောင် ခံလိုက်တတ် ကြပါတယ်။ အရင်က တခြား သူငယ်ချင်း တွေကို မသိမသာ မေးမြန်းခဲ့ တာမျိုး လုပ်ခဲ့ပေမယ့် အခု တော့ facebook ရဲ့အကူအညီနဲ့ အကုန်လုံး မဟုတ်တောင်၊ အနည်းအကျဉ်းတော့ သိနိုင်ပါပြီ။ ဒါဟာ သင့်အတွက် မကောင်းပါဘူး။ သင့် ရည်းစားဟောင်းရဲ့ profile ကိုသွားသွား ချောင်းကြည့်တာဟာ သင့်ရဲ့ မျှော်လင့်ချက် မရှိတော့တဲ့ အချစ်ရေးကို မကယ်နိုင် သလို သင့်ရဲ့ ခံစား ချက်ကို ပိုမိုဆိုးရွား စေပါတယ်။ သင့်ရဲ့ အသည်းကွဲတဲ့ ခံစားချက်ကို ကုသရာမှာ ပိုမို ရှည်ကြာ စေပါတယ်။ ဒါဆို အဆက်ဟောင်းကို ပြန်သတိ မရတော့အောင် ဘယ်လို လုပ်ရမလဲ။

သင့်တို့ နှစ်ယောက်ကြားက digitally ဆက်သွယ်ရေးကို ဖြတ်ချပါ။ defriend ကိုတော့ လူတိုင်းလုပ်ဖို့ သတိရ ကြပါတယ်။ သူရေးခဲ့တဲ့ co mments တွေ၊ tag လုပ်ခဲ့တာတွေ၊ အတူ create ဒါမှမဟုတ် share လုပ်ခဲ့တဲ့ photo album တွေ ဒါတွေကို မြင်ရင် သင့်အ ဆက်ဟောင်းကို ပြန်ပြန် သတိရ နေမှာကြောင့် လုံးဝဖျက်ပစ် သင့်ပါတယ်။ Facebook ကသင့်ကို Block လုပ်ခွင့်၊ သင့်ရဲ့ post တွေကို မမြင်စေ ချင်တဲ့ သူတွေ မမြင်ရအောင် hide လုပ်ခွင့် တွေကို ပေးထားတာကြောင့် ဒါတွေကို သုံးဖို့ မမေ့ပါနဲ့။ ဒါပေမယ့် သူ့ရဲ့ page ကိုသင်သွားသွား ကြည့်မိ နေတာက မတားဆီး နိုင်တာ ဆိုးပါတယ်။ တကယ်လို့ သင့်စိတ် သင်မနိုင် ဘူးဆိုရင်တော့ ဒီ social media လောက ကနေ ခဏတာ ပျောက် ကွယ် သွားတာက အကောင်းဆုံး ပါပဲ။ သင့်စိတ်တွေ ပြန်တည်ငြိမ်ပြီ ဆိုမှ ပြန်လာတာ အကောင်းဆုံး နည်းလမ်း တစ်ခုပါပဲ။
Images from funstany, trendhunstatic, estestherapy, npr. Source: psychologytoday.com
Author Arr Luu
Myanmar Youth Media Club