Chanakya စဏကျ၏ ထူးကဲကောင်းမွန်သည့် အတွေးအခေါ် (၁၅) ခု
(မြန်မာ့ယဉ်ကျေးမှုမှာ အမြစ်သဖွယ် တွယ်နေပြီး ရှေးဦးလေ့လာရေး စာပေတစ်ခုအနေနဲ့လည်း ထင်ရှား တဲ့ လောကနီတိ၊ စဏကျနီတိ ကျမ်းတွေကို အဓိက ပြုစုရေးသားတင်ပြခဲ့တဲ့ သူကတော့ မျက်မှောက်ခေတ်မှာ အငြင်းပွားဖွယ်ရာ ရှေးဟောင်း ဒဿနပညာရှင် စဏကျ Chanakya (Kautilya) 'Visunu Gupta ဖြစ်ပါ တယ်။ လောကနီတိမှာ အမျိုးသမီးတွေအပေါ် ထားရှိတဲ့ သဘောထားနဲ့ ယော က်ျားကောင်းတို့ရဲ့ သဘောသဘာဝ၊ ပညာရဲ့ သဘောသဘာဝ၊ ပညာရှိတို့ရဲ့ အကျင့်အကြံ၊ တင်ပြ ပုံတွေမှာ ၂၁ ရာစုခေတ်ကာလနဲ့ မကိုက်ညီမှုတွေ ရှိနေတယ်၊ အလွန်အမင်း ခွဲခြားဆက်ဆံမှုတွေ ရှိနေတယ်ဆိုတဲ့ သုံးသပ်ယူဆချက်တွေလည်း ရှိနေပါတယ်။ သို့ပေတဲ့ မြန်မာ့ ပညာရေးအယူအဆနဲ့ ယဉ်ကျေးမှု အပေါ် များစွာလွှမ်းမိုးမှု ရှိခဲ့တဲ့၊ ရှိနေဆဲ ပညာရှင်တစ်ပါးရဲ့ အဓိက အယူအဆအချို့ကို ဒဿနလေ့လာမှုအနေနဲ့ တင်ဆက်လိုက်ပါတယ်။ မောက္ခပရိသတ်များ အနေနဲ့ ဝေဖန်ကြဖို့နဲ့ ဆင်ခြင်ကြဖို့ဖြစ်ပါတယ်။ လေးစားမှုနဲ့ ... မောက္ခပညာရေး မဂ္ဂဇင်း)
Chankya (စဏကျ) ဆိုတာ ဘီစီ 370 မှာမွေးဖွားပြီး 283 မှာ သေဆုံးခဲ့တဲ့ အိန္ဒိယ အတွေးအခေါ် ပညာရှင်၊ ကျောင်းဆရာနဲ့ တော်ဝင်အကြံပေး ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်.... (ဗုဒ္ဒပွင့်တော်မူပြီး နှစ်ပေါင်း ၂၀၀ ခန့်မှာ မွေးဖွားခဲ့သူပါ။)
သူဟာ တက္ကသီလာ တက္ကသိုလ် (Takshashila University) မှာ စီးပွားရေးနဲ့ နိုင်ငံရေး သိပ္ပံဘာသာရပ်များ ဆိုင်ရာ ပါမောက္ခလည်း ဖြစ်ပါတယ်...
အခုဖော်ပြပေးမှာကတော့ Chankya သင်ကြားပို့ချခဲ့တဲ့ အတွေးအခေါ်အယူအဆတွေထဲက မှတ်သားဖွယ် အချက်တွေဖြစ်ပါတယ်...
၁) တခြားသူရဲ့အမှားတွေကနေ လေ့လာသင်ယူပါ... သင့်အနေနဲ့ အဲ့ဒီအမှားတွေအကုန်လုံးကို ကိုယ်တိုင် လုပ်နိုင်လောက်တဲ့အချိန်အထိ အသက်ရှည်မှာမဟုတ်ဘူး....
၂) လူတစ်ယောက်ဟာ အလွန် မရိုးသားသင့်ဘူး... ဖြောင့်မတ်တဲ့ သစ်ပင်တွေဟာ ဦးဆုံး အခုတ်ခံရ တယ်... ဒီလိုပဲ အရိုးသားဆုံး လူတွေကိုလည်း အရင်ဆုံး ရှင်းထုတ်ကြလိမ့်မယ်...
၃) အဆိပ်မရှိတဲ့ မြွေတစ်ကောင်တောင်မှ အဆိပ်ပြင်းသလို ဟန်ဆောင်နေသင့်တယ်...
၎) ဘယ်လိုမိတ်ဆွေ ဆက်ဆံရေးမျိုးမှာမဆို နောက်ကွယ်မှာတော့ ကိုယ့်အတွက် ကိုယ်ငဲ့တတ်တာ ချည်းပါပဲ... ကိုယ့်အတွက်မငဲ့တဲ့ မိတ်ဆွေသူငယ်ချင်း ဆက်ဆံမှုမျိုးဆိုတာ လုံးဝမရှိပါဘူး... ဒါဟာ ခါးသီးတဲ့ အမှန်တရားပါပဲ...
၅) အလုပ်တစ်ခုကို မစခင်မှာ သင့်ကိုယ်သင် မေးခွန်း သုံးခုအမြဲမေးပါ... ဘာကြောင့် ဒီအလုပ်ကို ငါလုပ်ရမှာလဲ.... အကျိုးရလဒ်ကဘာလဲ... အောင်မြင်နိုင်သလား.... သေသေချာချာ စဉ်းစားကြည့်ပြီး ဒီမေးခွန်းသုံးခုအတွက် ကျေနပ်လောက်တဲ့အဖြေရတဲ့ အခါမျိုးမှသာ ဆက်လုပ်ပါ...
၆) အကြောက်တရားက အနားချဉ်းကပ်လာတာနဲ့ တစ်ပြိုင်နက် အဲဒီအကြောက်တရားကို ရင်ဆိုင် တိုက်ခိုက်ပြီး ဖျက်ဆီးပစ်လိုက်ပါ....
၇) ကမ္ဘာပေါ်မှာ အကြီးမားဆုံး စွမ်းအားကတော့ အမျိုးသမီးတစ်ယောက်ရဲ့ နုနယ်ပျိုမြစ်လှပမှုပါပဲ...
၈) တစ်ခုခုကို စလုပ်မိပြီဆိုတာနဲ့ ရှုံးနိမ့်မှာကိုမကြောက်နဲ့... ဘယ်တော့မှလည်း လက်မလျှော့နဲ့... ယုံကြည်ရိုးသား ရဲဝံ့စွာလုပ်တဲ့ သူတွေကသာ အပျော်ရွှင်ဆုံး လူတွေဖြစ်တယ်...
၉) ပန်းတွေရဲ့ မွှေးရနံ့ဆိုတာ လေသင့်ရာအတိုင်းသာ သင်းပျံ့ကြရတာဖြစ်တယ်... လူတစ်ယောက် ရဲ့ ကောင်းသတင်းကတော့ အရပ်မျက်နှာ တခွင်လုံးကို ပျံ့နှံ့စေတယ်....
၁၀) ဘုရားသခင်ဆိုတာ ရုပ်ပုံလွှာတစ်ခုအနေနဲ့ တည်ရှိနေတာမဟုတ်ပါဘူး... သင့်ခံစားချက်က သင့်ရဲ့ ဘုရားသခင်ပဲ... သင့်စိတ်ဝိညဉ်က သင့်ဘုရားကျောင်းပဲ....
၁၁) လူတစ်ယောက်ဟာ ဖွားမြင်ခြင်းနဲ့အတူ ကြီးမြတ်လာတာမဟုတ်ဘူး... လုပ်ကိုင်ဆောင်ရွက်မှုနဲ့အတူ ကြီးမြတ်လာတာ...
၁၂) သင့်ထက်သာတဲ့ အခြေအနေကလူတွေ ဒါမှမဟုတ် သင့်ထက်နိမ့်ကျတဲ့ အခြေအနေကလူတွေကို ဘယ်တော့မှ မိတ်ဆွေမဖွဲ့ပါနဲ့... ဒီလိုမိတ်ဆွေမျိုးတွေနဲ့ ဆက်ဆံရတာဟာ သင့်ကိုဘယ်တော့ မှ ပျော်ရွှင်စေမှာ မဟုတ်ဘူး...
၁၃) သင့်ကလေးကို ပထမငါးနှစ်အတွင်း သိမ်မွေ့ကြင်နာစွာ ပြုမူဆက်ဆံပါ... ဒုတိယငါးနှစ်အတွင်း ပြော ဆို ရိုက်နှက်ဆုံးမပါ... အသက် ၁၆ နှစ်ရောက်တဲ့အခါ မိတ်ဆွေ သူငယ်ချင်းတစ်ယောက်လို ဆက်ဆံပါ... အရွယ်ရောက်ပြီးတဲ့ သင့်ကလေးတွေဟာ သင့်အတွက် အကောင်းဆုံး မိတ်ဆွေတွေပါပဲ...
၁၄) မျက်မမြင်တစ်ယောက်အတွက် ကြေးမုံတစ်ချပ်က အသုံးမဝင်သလို နုံချာမိုက်မဲသူတစ်ဦးအတွက် စာအုပ်စာပေတွေကလည်း အသုံး မဝင်ပါဘူး...
၁၅) ပညာရေးဟာ အကောင်းဆုံးမိတ်ဆွေပါ... ပညာတတ်တဲ့သူတစ်ယောက်ဟာ နေရာတိုင်းမှာ ရိုသေလေးစားမှုကို ခံယူထိုက်ပါတယ်... ပညာဟာ အလှတရားနဲ့ ငယ်ရွယ်ပျိုမြစ်မှုကို အနိုင်ယူနိုင်ပါ တယ်...
Source: General knowledge
မောက္ခပညာရေး မဂ္ဂဇင်း