Dimensions International College ၏ ၂၀၁၄ ခုနှစ်၊ ဧပြီနှင့်ဇွန်လ ကျောင်းဖွင့်ချိန်များအတွက် ဘာသာရပ်ဆိုင်ရာ ဝင်ခွင့် စတင် လျှောက်ထားနိုင်

အတွဲ (၁၅)၊ အမှတ် (၁၂)

စင်ကာပူနိုင်ငံရှိ Dimensions International College တွင် စာတွေ့၊ လက်တွေ့ ပေါင်းစပ်သင်ကြားမှု ပုံစံများဖြင့် သင်ကြားပေးမည့် ဟိုတယ်နှင့်စီးပွားရေး ဆိုင်ရာ ဘာသာရပ်များနှင့် စီးပွားရေးနှင့် စီမံခန့်ခွဲမှု ဘာသာရပ်များကို ၂၀၁၄ ခုနှစ်၊ ဧပြီနှင့် ဇွန်လကျောင်းဖွင့်ချိန်များ အတွက် မြန်မာပြည်ရုံးခွဲမ တစ်ဆင့် ဝင်ခွင့်များ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

Dimensions International College တွင် ဟိုတယ်လုပ်ငန်းခွင်ဘာသာရပ်များဖြစ်သော Diploma in Hotel & Restaurant Service, Diploma/Advanced Diploma in Hotel Management, Diploma in Food Preparation and Cooking (UK), Edexcel BTEC Level 5 HND Diploma in Hospitality Management (UK), Bachelor of Arts (Hons) in Hospitality Industry Management (UK), Bachelor of Arts (Hons) in Hospitality Industry Management (UK), Post Graduate Diploma in Hospitality Management စသည်တို့ကို လက်တွေ့ သင်ကြားမှုများဖြင့် အတူပူးတွဲ သင်ကြားရ မည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံမှ ကျောင်းသူ၊ ကျောင်းသားများအတွက် အထူးအစီအစဉ်အနေဖြင့် ကျောင်း သား၊ ကျောင်းသူများ မိမိတို့ ရွေးချယ်ရာ ဘာသာရပ်အလိုက် အနည်းဆုံး ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ပညာသင် ထောက်ပံ့ကြေးများကိုလည်း ပေးအပ်သွားမည် ဖြစ်ကြောင်းသိရသည်။

စီးပွားရေးနှင့် စီမံခန့်ခွဲမှုဘာသာရပ်ကို စိတ်ဝင်စားသူများ အတွက်လည်း Diploma/Advanced Diploma in Business, Diploma in Business & Management Studies, Edexcel BTEC Level 5 HND Diploma in Business (Management) or (Accounting) (UK), Bachelor of Arts (Hons) in Business Administration (UK) စသည့် ဘာသာရပ်များကိုလည်း လျှောက်ထားနိုင်ဖြစ်ကြောင်း သိရသည်။

MBA Program အတွက်လည်း ကျောင်းစရိတ်၏ ၃၀ ရာခိုင်နှုန်းအား ပညာသင်ဆုအဖြစ် ပေးအပ်သွား မည်ဖြစ်ပြီး စီးပွားရေးဆိုင်ရာ ဒီပလိုမာ လျှောက်ထားသူများ ကျောင်းစရိတ်မှ ၄၀ ရာခိုင်နှုန်းအထိ ပညာသင် ထောက်ပံ့ကြေးအဖြစ် ရရှိနိုင်ကြောင်းသိရသည်။

Dimensions Education Center အမှတ် ၄၅၉၊ အခန်း 302/B ၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ဗဟန်း၊ ဖုန်း-၀၉-၄၅၀၀၄၄၁၁၇၊ ၀၉-၄၂၁၀၇၆၈၅၈ သို့ အသေးစိတ် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်သည်။

Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...