လက်တွေ့လုပ်ငန်းခွင် သင်တန်း သုံးလပါဝင်သည့် Diploma in Construction Engineering အတွက် ဘာသာရပ် ကင်းလွတ်ခွင့် လျှောက်ထားနိုင်

အတွဲ (၁၅)၊ အမှတ် (၁၁)

photo: google

စင်ကာပူနိုင်ငံ Nanyang Institute of Managment တွင် လက်တွေ့ဆောက်လုပ်ရေး လုပ်ငန်းခွင် ၃ လပါဝင်သော Diploma in Construction Engineering ကိုလျှောက်ထားသော မြန်မာနိုင်ငံမှ HND (Civil), AGTI, B.Tech နှင့် B.E Civil ပြီးဆုံးထားသူများ အနေဖြင့် ဘာသာရပ် ကင်းလွတ်ခွင့် များ လျှောက်ထားနိုင်မည် ဖြစ်ကြောင်း CROWN Education မှ သိရသည်။

ဘာသာရပ်ကွင်းလွတ်ခွင့်ကို AGTI ပြီးဆုံးထားသူများအနေဖြင့် ၈ ဘာသာအထိ လည်းကောင်း၊ B.Tech ပြီးဆုံးထားသူများအနေဖြင့် ၉ ဘာသာအထိလည်းကောင်း၊ B.E ပြီးဆုံးထားသူများ အနေဖြင့် ၁၂ ဘာသာ အထိ လည်းကောင်း၊ City & Guilds ဒီပလိုမာ လက်မှတ် ကိုင်ဆောင်ထားသူများ အနေဖြင့် ၃ ဘာသာမှ ၇ဘာသာ အထိလည်းကောင်း Exemption ရရှိနိုင်ကြောင်း သိရသည်။

Diploma in Construction Engineering သင်ယူပြီးပါက Singapore Institute of Engineering Technologists (SIET) Fellowship Diploma အားလည်းကောင်း၊ Nanyang Institute ၏ DCE Diploma အားလည်းကောင်း၊ စင်ကာပူနိုင်ငံ Nanyang Institute ကျောင်းတွင်းပင် တက်ရောက်၍ သြစတြေးလျနိုင်ငံ Federation University Australia မှ ပေးအပ်သော Bachelor of Applied Management (Construction Engineering) ဘွဲ့အား ၈ လအတွင်း သင်ယူရရှိနိုင်ကြောင်းသိရသည်။

သို့မဟုတ်ပါက သြစတြေးလျနိုင်ငံတွင် သွားရောက်၍ University of South Australia ၏ Bachelor of Build Environment 2 နှစ် သို့မဟုတ် Bachelor of Construction Management & Economics ၃ နှစ်၊ွမင်ငအ့ University ၏ B.E (Civil Engineering) ကို ၂ နှစ်ခွဲ၊ La Trobe University ၏ Bachelor of Civil Engineering ကို ၂ နှစ်ခွဲ အစရှိသဖြင့် အသီးသီးတက်ရောက်နိုင်သည်။

အဆိုပါ Diploma in Engineering ဘာသာရပ်ကို စင်ကာပူ အင်ဂျင်နီယာ အသင်းဖြစ်သော Singapore Institute of Engineering Technologies (SIET) မှ အသိအမှတ်ပြုထားပြီး သာမန် ၃ နှစ် ဒီပလိုမာအစား ၂ နှစ်ဖြင့် သင်ယူနိုင်သည်။ ဒီပလိုမာပြီးမြောက်ပါက SIET Fellowship ဒီပလိုမာအားလည်း ရရှိမည် ဖြစ်ပြီး လုပ်ငန်း အတွေ့အကြုံရှိသူများမှာ SIET မှတစ်ဆင့် UK ၏ Professional Engineer တစ်ဦးအဖြစ် မှတ်ပုံတင်ခွင့် ရရှိမည် ဖြစ်ကြောင်းသိရသည်။

အသေးစိတ် အချက်အလက်များကို CROWN Education အမှတ် (၂၇၀)၊ ပထမထပ်၊ မြေနီကုန်း၊ ပြည်လမ်း၊ ဒဂုံစင်တာ (၂) နှင့် ဓနလှိုင်တာဝါကြား၊ ဖုန်း-၀၁-၅၂၇၈၃၈၊ ၀၉-၅၀၈၅၁၈၅ စုံစမ်းနိုင်သည်။

Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...