Dry eye syndrome မျက်ရည်ခြောက်နေခြင်း

ကျမ လွန်ခဲ့သော လေးလခန့်မှစ၍ မျက်ရည်ခမ်းခြောက်သည့် ရောဂါဖြစ်ပါတယ်။ မျက်စိ နီရဲ ယားပြီး ကျိန်းစပ်လို့ သွားပြရာမှ မျက်ရည်ခမ်းခြောက်ခြင်းဖြစ်ကြောင်းသိရပါတယ်။ အသက်မှာ ၃၁ နှစ်ဖြစ်ပြီး ကွန်ပျူတာဖြင့် အလုပ် အမြဲလုပ်နေရပါတယ်။ ယခု အခါ Systane Ultra ကို တစ်နေ့ တစ်ဘူး ခပ်နေရပါတယ်။ မျက်ရည်အတုကို ၁၀ မိနစ် တစ်ကြိမ်နီးပါး မျက်စိ နှစ်ဖက်လုံးကို ခပ်နေရပါတယ်။ အလုပ်အကိုင်ပျက် ဝါသနာပါသော အလုပ်များလည်း လုပ်မရသည့်အပြင် ငွေကုန်ကြေးကျ များလာပါ တယ်။ မျက်စိဆရာဝန်ကတော့ ပျောက်ကင်းသည့်နည်းလမ်း မရှိလို့ ပြောတယ်။ လေဆာဖြင့် မျက်ရည် ဝင်ပေါက်ကို ပိတ်လို့ရနိုင်တယ်လို့ပြောပါတယ်။ မည်သို့ ဆောင်ရွက်သင့်သလဲ နှင့် ဖြစ်ပေါ် လာနိုင်သည့် အကျိုးဆက်များကို ရှင်းပြပေးစေလိုပါတယ်ရှင်။
မျက်ရည်ခြောက်ရောဂါ အဖြစ်မနည်းပါ။ နောက်ဆက်တွဲတွေ ဆက်ဖြစ်လာနိုင်တယ်။ မျက်စိဆိုတာ အမြဲစိုစွပ်နေရတ်ာမို့ ဒီရောဂါရှိနေရင် အမြဲဆေးသုံးနေရပါမယ်။
မျက်ရည်လွှာဆိုတာ (၃) ထပ်ရှိတယ်။ အတွင်းဆုံးကအပါးဆုံး။ (မြူးကပ်စ်) ပါတယ်။ မျက်လုံးကို ဖုံးထားတဲ့ (ကွန်ဂျယ်တိုက်ဘာ) အလွှာကနေထုတ်ပေးနေတယ်။ အလယ်လွှာ (အကွီးယပ်) ကအထူဆုံးနဲ့ အကြီးဆုံး။ ဆားရည် အပျော့စားဖြစ်တယ်။ အပေါ်မျက်ခွံက မျက်ရည်အိတ်တွေနဲ့ အပိုဆောင်း မျက်ရည်အိတ်တွေကနေ ထုတ်ပေးနေတယ်။ မျက်လုံးကို စိုစွပ်နေစေတယ်။ နေရတာသက်သာစေတယ်။ အမှုံအမွှားဝင်လာရင် ရှင်းထုတ်ပေးမယ်။ ဒီအလွှာ မကောင်းခြင်းကြောင်း မျက်စိခြောက်တာကို အများဆုံးဖြစ်စေတယ်။ Keratoconjunctivitis sicca လို့ခေါ်တယ်။ အပြင်ဆုံးလွှာကတော့ ပါးတယ်။ ဆီနဲ့ အဆီပါတယ်။ မျက်ခွံမှာရှိနေတဲ့ Meibomian glands (မီဘိုမီယန်) အိတ်လေးတွေနဲ့ Zeis (ဇိုက်စိ) အိတ်လေးတွေကနေထုတ်ပေးတယ်။ ဆားရည်လွှာကို ခမ်းခြောက်တာကနေ ကာကွယ်ပေးတယ်။
ဒီရောဂါရှိနေသူတွေမှာ ကိုယ်တိုင်လုပ်နိုင်တာတွေရှိတယ်။ Humidifier လေးစိုထိုင်းမှုထိန်းပေးတဲ့စက်သုံးနိုင်တယ်။ အခန်းလေအေးစက်က မကောင်းတတ်ပါ။ လေတိုက်များတာလဲ မကောင်းပါ။ မျက်လုံးကို အပူကပ်ပေးတာနဲ့ မျက်ခွံကို ကလေးသုံးခေါင်းလျှော်ရည်သုံးပြီး နှိပ်နယ်ပေးတာက အဆီလွှာအတွက် ကောင်းစေတယ်။
• Artificial tears မျက်ရည်တု နဲ့ Lubricating eye drops and gels မျက်စိချောမျက်စဉ်း သုံးနေရမယ်။ အနည်းဆုံး တနေ့ ၄ ကြိမ်ခပ်ရတယ်။
• Preservative free solutions အမျိုးအစားဆိုရင် တနေ့ အနည်းဆုံး ၆ ကြိမ်ခပ်ရတယ်။
• Lubricating eye ointments မျက်စိချောဆီကော်မျက်စဉ်းက အရည်နဲ့ ဂျဲလ်ထက် ပိုထူတယ်။ ညမှာချပ်တာပိုသင့်မယ်။
• နေ့ခင်းမျက်စိသုံးရတဲ့အလပ်လုပ်ရသူတွေက မျက်စိကို မကြာခဏ အနားပေးရမယ်။ ၁ဝ မိနစ်တခါ ၁ဝ စက္ကန့် နားပါ။ မျက်တောင်ပိုခတ်ပေးပါ။
• Fish oil ငါးကြီးဆီနဲ့ Omega-3 fatty acids အိုမီဂါ-သရီး သောက်ပါ။
• သုံးနိုင်တဲ့မျက်စဉ်းတွေကတော့ 20/20 Tears, Celluvisc, Comfort Tears, Dry Eyes, Murine, Refresh, and Tears Naturale တွေဖြစ်တယ်။
• မျက်ကပ်မှန်နဲ့ဆင်တူတဲ့ Lacrisert ကိုထည့်နည်းလဲ မျက်စိဆရာဝန်တွေ ညွှန်နိုင်တယ်။ တနေ့မှာ ၁-၂ ခါ ထည့်ရတယ်။ အထဲမှာ Cellulose ပါတယ်။
• Cyclosporine A 0.5% (Restasis) ဆေးက မျက်စိရောင်ရမ်းတာကိုသက်သာစေတယ်။ တနေ့ ၂ ကြိမ် သုံးရတယ်။
• Corticosteroid drops (Lotemax, Alrex, FML, Vexol) စတီရွိုက်ပါတဲ့ဆေးလဲ သူ့ချည်းဖြစ်ဖြစ် cyclosporine နဲ့ရောပြီးဖြစ်ဖြစ် သုံးနိုင်တယ်။ ခံစားနေရတာကို သက်သာမေယ်။
• Voltaren, Acular, Nevanac, Xibrom အနာသက်သာမျက်စဉ်းလဲသုံးနိုင်တယ်။ ရောင်ပြီးရင်းလာချိန်မှာ ပိုးသေဆေးပါတဲ့ မျက်စဉ်သုံးရမယ်။
ခွဲစိတ်ကုသနည်း
Punctal occlusion မျက်ရည်ထွက်လမ်းကို တမင်တကာပိတ်နေတာမျိုး လုပ်ပေးနိုင်တယ်။ သိပ်ဆိုးတဲ့သူကို မျက်ရည် ဆင်းလမ်းကို ရာသက်ပန် လျှပ်စစ်ဖြစ်ဖြစ် လေတာနဲ့ဖြစ်ဖြစ် ပိတ်ပေးနိုင်တယ်။ မျက်နှာတဖက်လေဖြတ်လို့ မျက်လုံးတဖက် မပိတ်နိုင်သူကို Lateral tarsorrhaphy ခွဲစိတ်နည်းလုပ်ပေးနိုင်တယ်။
ဒေါက်တာတင့်ဆွေ
၁၉-၃-၂ဝ၁၄
- (အရှေ့သို့) သိမွတ္ဖြယ္ရာ အဖြာဖြာ... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Flibanserin အမျိုးသမီးတွေ အတွက်ဆေးခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုး