Australian National University သို့ တက်ရောက်လိုသူ အထက်တန်းအောင် မြန်မာ ကျောင်း သား၊ ကျောင်း သူများ ANU College Foundation

အတွဲ (၁၅)၊ အမှတ် (၁၃)

Australian National University (AUN) သို့ Study Group ပညာရေး အဖွဲ့အစည်းကြီး၏ ပညာရေး လမ်းကြောင်း ဖြစ်သည့် ANU College Foundation Program မှတစ်ဆင့် မြန်မာ ကျောင်းသား၊ကျောင်း သူများ တိုက်ရိုက် တက်ရောက်ခွင့် ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

ANU မှ သင်ကြားပို့ချလျက် ရှိသည့် ဘာသာရပ်များမှာ တစ်ဘာသာချင်းစီ အလိုက် အဆင့် သတ်မှတ်ချက် ကောင်းများတွင် ပါဝင်လျက် ရှိပြီး ပြည်တွင်း ပြည်ပ ကျောင်းသား၊ ကျောင်းသူ များ ရွေးချယ်မှု အများဆုံး Top Ten ဘာသာရပ်များမှာ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဘာသာရပ်များ၊ အင်ဂျင်နီယာ ဘာသာရပ်များ၊ ဘဏ္ဍာရေး ဘာသာရပ်များ၊ သိပ္ပံ ဘာသာရပ်များ၊ ၀ိဇ္ဇာဘာသာရပ်များ၊ တွက်ချက်မှုပိုင်း ဆိုင်ရာ စာရင်းအင်း ဘာသာရပ်များ၊ ဥပဒေဘာသာရပ်များ၊ ဆေးသိပ္ပံဘာသာရပ်များ၊ ဘောဂဗေဒ ဘာသာရပ်များ ဖြစ်သည်ဟု သိရသည်။

ANUC Foundation ကို အပြည့်အဝ အောင်မြင်သူများ သည် ANU ၏ ဘာသာရပ်များကို မိမိရရှိထားသည့် ရမှတ် အလိုက် ရွေးချယ် တက်ရောက်နိုင်ပြီး လေ့လာချက်များအရ ANUC မှ Foundation ဖြေ ဆိုသူ ၉၃ ရာခိုင်နှုန်းမှာ ANU သို့ ဆက်လက် တက်ရောက်ခွင့် ရရှိကြကြောင်း သိရသည်။ ANUC Foundation စာမေးပွဲတွင် ရလဒ်ကောင်းများဖြင့် ထိပ်ဆုံးမှ အောင်မြင် ထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများ သည် သြစတြေးလျ တက္ကသိုလ် (ANU) သို့ ဆက်လက် တက်ရောက်မည့် အတန်းအတွက် ၅၀ ရာခိုင်နှုန်းအထိ ပညာသင်ဆုများ ရရှိနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ANU Foundationတက်ရောက်ရာတွင် အခြေခံပညာအထက်တန်းတွင် နှစ်ဘာသာ ဂုဏ်ထူးထွက်ပြီး နှစ်ဘာသာတွင် ပျမ်းမျှ ၆၅ ရာခိုင်နှုန်း ရရှိထားကာ IELTS (6.0) နှင့် ညီမျှသော အင်္ဂလိပ်စာ ရရှိထားသူများ (သို့မဟုတ်) GCE"O" Level တွင် ၅ ဘာသာ B အဆင့် ရရှိထားပြီး IELTS 6.0 နှင့် ညီမျှသော အင်္ဂလိပ်စာ ရရှိထားသူများမှာ Foundation Studies (Standard) ကို Semester 2 ခု သာ တက်ရောက်ရမည် ဖြစ်ပြီး အခြေခံပညာ အထက်တန်းတွင် ပျမ်းမျှ ၆၅ ရာခိုင် နှုန်းနှင့် IELTS (5.5) နှင့် ညီမျှသော အင်္ဂလိပ်စာ ရရှိထားသူ (သို့မဟုတ်) GEC "O" Level တွင် ၃ ဘာသာ B အဆင့်ရရှိထားပြီး၊ IELTS (5.5) နှင့် ညီမျှသော အင်္ဂလိပ်စာ ရရှိထားသူများမှာ Foundation Studies Extended ကို Semester 3 ခုအတွက် တက်ရောက်ရမည် ဖြစ်ကြောင်း သိရသည်။

Foundation Studies Standard အတွက် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ကျောင်းဖွင့်ရာသီတွင် တက်ရောက်နိုင်ပြီး Foundation Studies Extended အတွက် ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ကျောင်းဖွင့်ရာသီ ကို လျှောက်ထားနိုင်ကြောင်း သိရသည်။

ANU College မှတစ်ဆင့် ANU သို့ ကျောင်းတက်ရောက်ရန် စိတ်ပါဝင်စားသူများနှင့် ကျောင်းဝင်ခွင့် ဆိုင်ရာ အသေးစိတ် အချက်အလက်များကို သိရှိလိုပါက AT & S Co.,Ltd ရန်ကုန်မြို့၊ ဖုန်း- ၀၁-၅၂၁၁၂၅၊ ၀၁-၆၅၂၂၈၈၊ ၀၉-၅၀၆၂၁၇၁၊ လသာရုံး၊ ရန်ကုန်မြို့၊ ဖုန်း၀၉-၅၁၂၄၇၆၁ သို့ ဆက်သွယ်စုံစမ်းနိုင်သည်။

ကိုအောင်
Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...