GIMP Latest Version ကို Ubuntu OS တွင် ထည့်သွင်းခြင်း
Ubuntu OS အသုံးပြုတဲ့သူတွေအနေနဲ့ Graphic Design တွေ အသုံးပြုလိုတဲ့အခါမှာပဲဖြစ်ဖြစ် ဓာတ်ပုံတွေ ပြင်ဆင်လိုတာမျိုးပဲဖြစ်ဖြစ် GIMP ကို အသုံးပြုရမှာဖြစ်ပါတယ်။ GIMP ဟာ Photoshop လိုမျိုးပဲ ဓာတ်ပုံ တွေကို ပြင်ဆင်တဲ့နေရာမှာ Tool တွေ Feature တွေ အစုံအလင် ပါဝင်တာ ကို တွေ့မြင်ရမှာဖြစ်ပါတယ်။ Ubuntu OS ပေါ်မှာ နောက်ဆုံးထွက်ရှိတဲ့ GIMP ကို Install ပြုလုပ်ပြီး အသုံးပြုနိုင်ပြီဖြစ်ပါတယ်။
GIMP ကို Ubuntu OS မှာ ထည့်သွင်းအသုံးပြုဖို့အတွက်ဆိုရင် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီးဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာsudo apt-get update ဆိုတဲ့ Command နဲ့ အရင် Package တွေ ကို Update ပြုလုပ် ရမှာဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါ မယ်။
နောက်တစ်ဆင့်ကတော့ GIMP ကို Install ပြုလုပ်ဖို့အတွက် Terminal မှာ ဖော်ပြပါ Command တွေကို တစ်ကြောင်းချင်းစီရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။ အသုံးပြုရမယ့် Command တွေကတော့-
sudo add-apt-repository ppa:otto-kesselgulasch/gimp && sudo apt-get update && sudo apt-get install gimp
sudo add-apt-repository ppa:otto-kesselgulasch/gimp
sudo apt-get update
sudo apt-get install gimp
ဆိုတဲ့ Command တွေကို အသုံးပြုရမှာဖြစ်ပါတယ်။ ဒီအဆင့်တွေ ပြီးသွားပြီဆိုရင်တော့ Ubuntu OS ပေါ်မှာ GIMP Latest Version ကို ထည့်သွင်းပြီးဖြစ်ပါတယ်။
GIMP ဟာ Open Source ဆော့ဖ်ဝဲဖြစ်ပြီး သုံးစွဲရတာလည်း အဆင်ပြေတဲ့ အတွက်သုံးစွဲသူတွေ နှစ် သက်ကြတဲ့ ဆော့ဖ်ဝဲအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ Linux Platform မှာတော့ Graphic Design , Photo Editing Software တွေ ထဲမှာတော့ GIMP ဟာ လူသုံးအများဆုံး ဆော့ဖ်ဝဲတစ်ခုပဲ ဖြစ်ပါတယ်။
သီဟ
အင်တာနက်ဂျာနယ်