ကိုယ်ဝန်တားပေးနိုင်ပြီး HIV ပိုးကူးစက်ခြင်းကိုပါ ကာကွယ်ပေးနိုင်မယ့် မိန်းမကိုယ်မှာ တပ်ဆင်ရတဲ့ကွင်းငယ်


Health Updates Journal No. 110

ကိုယ်ဝန်၊ HIV ၊ရေယုန်ပိုးတွေကို လနဲ့ချီပြီး ကာကွယ်မှုပေး နိုင်မယ့် မိန်းမကိုယ်မှာ တပ်ဆင်ရတဲ့ ကွင်းတစ်မျိုးကို တီထွင်နိုင်ခဲ့ကြောင်း အမေရိကန်သုတေသီတွေက ပြောကြားလိုက်ပါတယ်။ ဒီကိရိယာဟာ လက်ရှိဈေးကွက်မှာရှိနေပြီးဖြစ်တဲ့ ကိုယ်ဝန်ကို ထိန်းချုပ်တဲ့ကွင်းတွေနဲ့ အလားသဏ္ဌာန်တူပြီး ထူးခြားချက်ကတော့ HIV ပိုးကိုနှိမ်နင်းထုတ်လွှတ်ပေးမှာဖြစ်ပါတယ်။ ဒီကွင်းငယ်ကို Northwestetern Universityု မှ သိပ္ပံပညာရှင်တစ်စုက တီထွင်နိုင်ခဲ့ပါတယ်။

Foundation for AIDS Research မှ ဒုတိယဥက္ကဋ္ဌ Rowera Johnston က ဒီကိရိယာငယ်ဟာ အရေးကြီးတဲ့စွမ်းဆောင်ချက်နှစ်ခုကို သုံးလကြာအောင် အာနိသင်အပြည့်အ၀ပေးနိုင်ပါတယ်။ ဒါ့အပြင် သုံးစွဲထားခြင်းကိုလည်း မိမိအမျိုးသားက မသိရှိနိုင်တဲ့အတွက် ဇနီးမောင်နှံများအကြားမှာ အိမ်ထောင်ရေးသုခကို မထိခိုက်စေပါဘူး”လို့ ပြောကြားထားပါတယ်။ မိန်းမကိုယ်ကွင်းငယ်က ထုတ်လွှတ်ပေးမယ့် ကိုယ်ဝန်တားဆေးကတော့levonor gestrel့ ဖြစ်ပြီး HIV ကူးစက်မှုကို ကာကွယ်ပေးမှာကတော့ terofovir ပဲ ဖြစ်ပါတယ်။

ဒီကွင်းငယ်ရဲ့ အားနည်းချက်ကတော့ terofovir က အလွယ်တကူ ပျော်ဝင်နိုင်ပေမယ့် levororgestrel့ က ပျော်ဝင်ဖို့ခဲယဉ်းနေတာကို ထိန်း ညှိပေးနေရခြင်းပဲဖြစ်ပါတယ်။ ဇီဝဆေးပညာဆိုင်ရာ အင်ဂျင်နီယာ တစ်ဦးဖြစ်တဲ့ Patric Kiser က ““ဒီကွင်းငယ်ကို ကိုယ်ခန္ဓာကထွက်တဲ့ အရည်တွေထဲမှာအလွယ်တကူ မပျက်စီးနိုင်တဲ့ ပေါ်လီမာတွေနဲ့ ဖန်တီးထားပါတယ်။ လက်ရှိဆေးဝါးများထက် အဆ (၁၀၀)ပိုပြီး မြန်မြန် ဆေးအာနိသင်ကို ရရှိစေပါတယ်”လို့ ရှင်းပြခဲ့ပါတယ်။

ဒီလေ့လာမှုကို Journal PLOS ONE မှာ ဖော်ပြထားပါ တယ်။

သန့်စင်
ref: AFP

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...