စိတ်ဝေဒနာကြောင့် အစားအသောက်ပျက်နေသူများ အတွက် အချစ်ဟော်မုန်း သို့မဟုတ် Oxytocin


Health Updates Journal No. 110

Anorexia Nervosa (AN) ဆိုသည်မှာ အ၀လွန်နေသူများတွင် ကိုယ်အလေးချိန် ကျစေရန် အစားအသောက်ရှောင်ရာမှ စိတ်ဝေဒနာ ဖြစ်ပြီး အစားအသောက် အလွန်အကျွံပျက်လာ သည့် ရောဂါဖြစ်သည်။ ယင်းဝေဒနာအား အင်္ဂလန်၌ ဆယ်ကျော်သက်အမျိုးသမီး ၁၅၀ လျှင် ၁ဦးခံစားနေရပြီး ယင်းက စိတ်ကျန်းမာရေးနှင့် ဆက်စပ်သည့် အသေအပျောက်နှုန်းများနှင့် ဆက်စပ်နေကြောင်းတွေ့ရသည်။ လတ်တလောလေ့လာမှုအရ ယင်းဝေဒနာအား ကုသရာတွင် Oxytocin ဟု ခေါ်သည့်ဟော်မုန်းကို အသုံးပြုခြင်းမှာ နည်းလမ်းကောင်းတစ်ခုဖြစ်ကြောင်း တွေ့ရသည်။ Oxytocin ဟော်မုန်းများမှာ တစ်ဦးနှင့်တစ်ဦး ချစ်ကြိုက်နေသည့်အခါ လိင်ဆက်ဆံသည့်အခါ ကိုယ်ဝန်ဆောင်နေစဉ် နှင့်ကလေးနို့စို့စဉ်တို့တွင် သဘာဝအတိုင်း ထွက်လေ့ရှိပြီး ယင်းဟော်မုန်း အား ပြင်ပမှ ထုတ်ယူ၍ ဝေဒနာရှင်များတွင် စမ်းသပ် သုံးစွဲလျက် ရှိရာ အောင်မြင်မှုများ ရလျက် ရှိကြောင်း တွေ့ရသည်။ လေ့လာမှုတစ်ခု၌ AN ဝေဒနာခံစားနေရ သည့်လူနာ ၃၁ ဦးတွင် Oxytocin ဟော် မုန်းအား ပေး၍ ရလဒ်အား စောင့်ကြည့်ခဲ့ရာ အစားအစာများနှင့် အ၀လွန်နေသော ကိုယ်အင်္ဂါ အစိတ်အပိုင်း များအား စိုးရိမ်ကြောင့်ကျမှု လျော့နည်းသွားကြောင်းတွေ့ခဲ့ရသည်။ ဒုတိယ လေ့လာမှုအရ ယင်းလူနာများကိုပင် စိတ်ဆိုးနေသည့် သူများနှင့် ရင်ဆိုင်ဖြေရှင်းခိုင်းခဲ့ရာ ပို၍ အဆင်ပြေပြေဖြေ ရှင်းနိုင်ကြောင်းတွေ့ခဲ့ရသည်။

အပိန်လေး
ref:Medindic

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...