ကြိုးမဲ့ iPhone ကင်မရာ အဝေးထိန်းခလုတ် မူပိုင်ခွင့်ကို Apple လျှောက်ထား

အတွဲ (၁၅)၊ အမှတ် (၁၃)


Bluetooth သို့မဟုတ် Wi-Fi အသုံးပြုထားသည့် iPhone နှင့် iPod ကိုချိတ်ဆက် အသုံးပြုနိုင်မည့် အဝေးထိန်းခလုတ်တစ်ခုနှင့် ပတ်သက်၍ Apple ကမူပိုင်ခွင့် တင်ခဲ့ကြောင်း Apple Insider မှဖော်ပြခဲ့သည်။

အဆိုပါအဝေးထိန်း ခလုတ်တွင် screen တစ်ခုပါဝင်ပြီး ဓာတ်ပုံနှင့်ဗီဒီယိုများကို ရိုက်ကူးရန်ခလုတ်များ ပါဝင်ကြောင်းသိရသည်။ ၎င်း screen ကို live viewfinder အနေဖြင့် အသုံးပြုနိုင်သောကြောင့် iPhone ကင်မရာတွင် မြင်တွေ့ရသည့် မြင်ကွင်းအတိုင်း အဆိုပါ screen ပေါ်တွင်တွေ့မြင်ရမည် ဖြစ်သည်။ ထို့အပြင်ဓာတ်ပုံနှင့် ဗီဒီယိုများကို အဆိုပါ screen ပေါ်တွင် ပြန်လည်ကြည့်ရှု နိုင်မည်ဖြစ်သည်။

သာမန်တစ်ဦးချင်းနှင့် အုပ်စုလိုက်ဓာတ်ပုံများအပြင် remote သည် iPhone ပေါ်တွင် tab များသိမ်းထားနိုင် သည်။ ဥပမာအားဖြင့် ဓာတ်ပုံရိုက်ကူးလိုက်ပါက အဆိုပါ remote သည် အလင်းပြောင်းလဲခြင်းကဲ့သို့ visual indication များဖြင့်ပြုလုပ်ပြီးထားသော ပုံများကိုအတည်ပြုမှု ရယူနိုင်သည်။

အဆိုပါ remote မျက်နှာပြင်သည် လိုအပ်သလို ဓာတ်ပုံများဖျက်ခြင်းနှင့် ပြင်ဆင်ခြင်းတို့ကို ပြုလုပ်နိုင်ပြီး iPhone ၏ shutter ကိုဖွင့်ရန်နည်းလမ်းပေါင်း များစွာပါဝင်ကြောင်း သိရှိရသည်။

-စိုးထက်
Ref: CNET
Interent Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...