Jailbreak လုပ်ထားတဲ့ idevice များအတွက် သိထားသင့်သော အချက်များ...
1. Do Not Update or Restore to iOS 7.1
evasi0n7 jailbreak က အသုံးပြုထားတဲ့ exploits အတော်တော်များများကို apple က သူတို့ အခုနောက်ဆုံး ထုတ်လိုက်တဲ့ iOS 7.1 မှာ patch လုပ်ထားပါတယ်... ဒါကြောင့် iOS 7.1 ကို upgrade လုပ်လိုက်တဲ့ device တွေအနေနဲ့ jailbreak အခွင့်အလမ်းတွေကို ဆက်ပြီး အသုံးပြုလို့ မရနိုင်တော့ပါဘူး... evad3rs အဖွဲ့ကလည်း iOS 7.1 အတွက် သူတို့ရဲ့ evasi0n7 tool ကို update လုပ်ဖို့ အလားအလာ နည်းနေပါသေးတယ်... အဲဒါကြောင့် iOS 7 – iOS 7.0.6 နဲ့ run နေတဲ့ jailbreak users တွေအနေနဲ့ iOS 7.1 ကို upgrade မလုပ်သင့်ပါဘူး... ရရှိထားတဲ့ jailbreak tweaks တွေကို မလွမ်းချင်တော့ဘူး ဆိုရင်တော့ upgrade လုပ်နိုင်ပါတယ်... ဒါဆိုရင်တော့ idevice ထဲက jailbreak process တွေအားလုံးကို wiped off လုပ်လိုက်ပါလိမ့်မယ်... မတော်တဆ update လုပ်မိတဲ့ မိတ်ဆွေတွေအနေနဲ့ SHSH blobs သုံးပြီး downgrade ပြန်ဆင်းတာတောင်မှ မရနိုင်ဘူးလို့ developer တွေက ဆိုပါတယ်..
2. Stop the Jailbreak Tweaks Binge
Device ထဲမှာ အသုံးပြုနေတဲ့ apps/tweaks တွေ အားလုံးကို Cydia ထဲကနေယူပြီး Install လုပ်တယ်ဆိုရင် ဒါကို ကျနော်တို့ ခေါင်းအေးအေးနဲ့ ပြန်စဉ်းစားရပါလိမ့်မယ်... ဘာဖြစ်လို့လဲဆိုတော့ မလုံခြုံတဲ့ tweak တခုဟာ ကျနော်တို့ရဲ့ idevice ကို အလွယ်တကူ restore ပြန်လုပ်ခိုင်းနိုင်တဲ့ အတွက်ကြောင့်ပါ... restore ပြန်လုပ်လိုက်ရတဲ့အတွက် ကျနော်တို့ရဲ့ jailbreak ဆုံးရှုံးပါလိမ့်မယ်... idevice ထဲမှာ သွင်းထားတဲ့ ကျနော်တို့ နှစ်သက်တဲ့ apps/tweaks တွေ အားလုံး ဆုံးရှုံးပါလိမ့်မယ်... ဒါကြောင့် ကျနော်တို့ install လုပ်မဲ့ tweak/apps ဟာ လုံခြုံမှုရှိလား... idevice နဲ့ compatible ဖြစ်ပါ့ မလားဆိုတာကို သေချာစစ်ဆေးပြီးမှ install လုပ်သင့်ပါတယ်... cydia ထဲမှာ တွေ့ရာကို သိမ်းကျုံးပြီး install လုပ်တာကို ရှောင်ကျဉ်သင့်ပါတယ်...
3. Uninstall Jailbreak Tweaks that you don’t use
Device ထဲမှာ အသုံးမပြုတော့တဲ့ apps/ tweaks တွေကို uninstall လုပ်ပါ...
4. Do not tinker with the File system
File system တွေကို မကျွမ်းကျင်ပဲ ကလိတာ၊ ဆတ်ဆော့တာ မလုပ်ပါနဲ့... ဥပမာ iFile လိုမျိုး application တွေကို သုံးပြီး ကိုယ်မသိနားမလည်တဲ့ files တွေကို delete လုပ်တာမျိုးပါ... ဒီလိုလုပ်ခြင်း အားဖြင့် system file တွေ ပျက်စီးတတ်ပြီး idevice ကို restore ပြန်လုပ်ရတဲ့အဆင့်ထိ ဖြစ်တတ်ပါ တယ်... ဒါဆိုရင် jailbreak ဆုံးရှုံးရပါမယ်... ဒါကို တတ်နို်င်သမျှ ရှောင်ရှားနိုင်ရင် ပိုကောင်းပါတယ်...
5. How to Get Out of Reboot Loop problem
Cydia ကနေ ကျနော်တို့ install လုပ်လိုက်တဲ့ tweaks တွေဟာ အလုပ်မလုပ်တာကြောင့်ပဲဖြစ်ဖြစ်... compatible မဖြစ်လို့ပဲဖြစ်ဖြစ် device တွေမှာ reboot loop ပြဿနာဖြစ်တာတွေကို ကြုံဖူးပါလိမ့်မယ်... ဒါကို ဘယ်လိုလုပ်ရမှန်း မသိသေးတဲ့ မိတ်ဆွေများအနေနဲ့ မိမိတို့ idevice ကို restore ပြန်လုပ်ရတဲ့ အဆင့် ထိရောက်ပြီး jailbreak တွေ ဆုံးရှုံးရတတ်ပါတယ်... ဒါကြောင့် idevice ထဲမှာ အဆိုပါ tweak တခုကို install လုပ်လိုက်လို့ reboot loop ပြဿနာ ဖြစ်လာပြီဆိုရင် အောက်ကနည်းလမ်းတွေအတိုင်း recovery ပြန်လုပ်နိုင်ပါတယ်... (PS - ဒီနည်းလမ်းအတိုင်း jailbreak လုပ်မထားတဲ့ idevice တွေမှာ လည်း ဖြေရှင်းနိုင်ပါတယ်...)
a) Hard Reboot
Device ပေါ်က Apple logo ပေါ်လာတဲ့အထိ "Home" နဲ့ "Sleep/Wake" (Power) ကို တပြိုင် တည်း နှိပ်ပြီး ဖိထားပါ... ဒါဆိုရင် device ဟာ hard reboot အဆင့်ကို ရောက်ပါပြီ...
b) Fix Endless Reboot Loop using Volume Up trick
Tweak တခုကို install လုပ်ပြီးတဲ့နောက် ကျနော်တို့ jailbreak လုပ်ထာတဲ့ idevice ဟာ endless reboot loop မှာပဲ ရပ်နေတယ်ဆိုရင်... ဒါဟာ ကျနော်တို့ install လုပ်လိုက်တဲ့ tweak/ apps ဟာ သုံးလို့မရ တာ... ဒါမှမဟုတ် idevice နဲ့ compatible မဖြစ်တဲ့ လက္ခဏာတွေပါ.. ဒီလိုအခြေအနေမှာဆိုရင် hard reboot နည်းနဲ့ ဖြေရှင်းလို့ မရနိုင်ပါဘူး... ဘာဖြစ်လို့လဲ ဆိုတော့ device က ပြန်ပြီး boot up လုပ်တဲ့အချိန်မှာ ဒီ tweak ဟာ တခါပြန်ပြီးတော့ run ဖို့ ကြိုးစားတဲ့ အတွက်ကြောင့်ပါ.. ဒီပြဿနာကို ဖြေရှင်းဖို့ အခြားနည်းလမ်းကတော့... device က boot လုပ်နေတဲ့ အချိန်မှာ "Volume Up" key ကို အဆက်မပြတ် ဖိနှိပ်ထားပါ... Lock screen ကို တဖန်ပြန်တွေ့ရပါမယ်... ပြီးရင် Cydia ကို ဖွင့်ပါ... စောစောက သုံးလို့မရတဲ့ (ဒါမှမဟုတ်) idevice နဲ့ compatible မဖြစ်တဲ့ tweak/ apps ကို ရှာပြီးတော့ uninstall လုပ်လိုက်ပါ...
အကယ်၍ "Volume up" key က iOS device ပေါ်မှာ အလုပ်မလုပ်ဘူးဆိုရင် အောက်မှာပြထားတဲ့ အတိုင်း ကျနော်တို့ idevice တွေနဲ့ တွဲသုံးနေတဲ့ headsets ဒါမှမဟုတ် earphones ပေါ်က "Clicker" button ကို အသုံးပြုနိုင်ပါတယ်...
c) Fix Endless Reboot Loop with Redsn0w
Reboot Loop ပြဿနာကို volume up key နဲ့ ဖြေရှင်းလို့မရဘူးဆိုရင်... Redsn0w ကိုသုံးပြီး ဖြေရှင်းနိုင် ပါသေးတယ်... အောက်က ဗွီဒီယိုကို လေ့လာကြည့်ပါ...
d) Check compatibility before installing tweaks
Developer အများစုဟာ သူတို့ရဲ့ tweaks/apps တွေကို iOS 6 အတွက် update လုပ်နေကြတုန်းပါပဲ... Cydia ကနေ install လုပ်တော့မယ်ဆိုရင် ကျနော်တို့ လက်ရှိအသုံးပြုနေတဲ့ iOS device firmware တွေ နဲ့ compatibility ဖြစ်မဖြစ်ကို ဦးစွာ စစ်ဆေးသင့်ပါတယ်... ပြီးမှာ install လုပ်သင့်ပါတယ်...
6. Install OpenSSH
Jailbreak လုပ်ထားတဲ့ idevice တွေကို jailbreak မဆုံးရှုံးစေပဲ restore လုပ်နိုင်တဲ့ SemiRestore7 ခေါ် application တခုကို CoolStar က release လုပ်ထားပါတယ်... အကယ်၍ ပြဿနာဖြစ်စေတဲ့ tweaks/ apps တွေကြောင့် reboot loop အစ်ရူးပေါ်လာခဲ့ရင်... volume up key နဲ့ မဖြေရှင်းနိုင်ခဲ့ရင်... ဒီကောင်လေးကို သုံးပြီး ဖြေရှင်းနိုင်ပါတယ်... Jailbreak လုပ်ထားတဲ့ iOS 5.0 ကနေ 7.0.6 နဲ့ run နေတဲ့ iPhone, iPod touch, iPad နဲ့ iPad mini တွေအားလုံနဲ့ Compatible ဖြစ်ပါတယ်.. အခုလောလောဆယ်တော့ windows (windows XP SP3 နဲ့အထက်) အတွက်ပဲ ရှိပါသေးတယ်... Mac နဲ့ Linux တွေအတွက်ကတော့ စမ်းသပ်နေဆဲဖြစ်ပြီး မကြာခင်မှာ release လုပ်မယ်လို့ မျှော်လင့်ရပါတယ်... window အတွက် SemiRestore7 ကို ဒီနေရာမှာ ဒေါင်းလုပ် ရယူနိုင်ပါတယ်...
SemiRestore ကို အသုံးပြုဖို့အတွက် jailbroken idevice တွေမှာ OpenSSH ကို install လုပ်ထားဖို့ လိုပါတယ်... ဆိုတော့ OpenSSH ကို Cydia ကနေ install လုပ်နိုင်ပါတယ်... သတိထားရမှာက OpenSSH ကို install လုပ်ပြီးရင် device ရဲ့ root password ကို ပြောင်းရပါမယ်... ဒါမှသာ idevice ကို တစုံတယောက်က remotely access မလုပ်နိုင်မှာ ဖြစ်ပါတယ်...
iDevice ရဲ့ Root password ကို ပြောင်းခြင်း...
ကျနော်တို့ computer တွေမှာ administrator privileges တွေရှိသလိုပဲ iPhone တို့လို idevices တွေမှာ လည်း ရှိပါတယ်... ဆိုပါစို့ hackers တွေအနေနဲ့ jailbreak လုပ်ထားတဲ့ iPhone တလုံးရဲ့ root လို့ခေါ်တဲ့ administrator account ကို access လုပ်နိုင်ပြီဆိုရင် ဖုန်းထဲမှာရှိတဲ့ အရာရာတိုင်းကို သူတို့စိတ်ကြိုက် ချယ်လှယ်နိုင်မှာ ဖြစ်ပါတယ်... ဒါပေမဲ့ jailbreak မလုပ်ထားတဲ့ idevice တွေမှာ ဆိုရင်တော့ အဲဒီ administrator account ကို access လုပ်နိုင်မှာ မဟုတ်ပါဘူး... ဘာဖြစ်လို့လဲဆိုတော့ jailbreak မလုပ်ထားတဲ့ idevice တွေမှာ console (သို့) terminal access မရှိလို့ပါ... ပြီးတော့ openSSH လိုမျိုး service တွေကိုလည်း run မထားလို့ဖြစ်ပါတယ်...
iPhone တလုံးကို jailbreak လုပ်ပြီး OpenSSH ကို run လိုက်တဲ့အခါကျရင် အဲဒီ idevice ဟာ လုံခြုံမှု မရှိတော့ပါဘူး... hackers တွေအနေနဲ့ ကျနော်တို့ idevice ကို အလွယ်တကူ access လုပ်နိုင်ပါ လိမ့်မယ်... အဲဒီအတွက်ကြောင့် idevice မှာ default ပေးထားတဲ့ root password ကို ပြောင်း ရတော့မှာ ဖြစ်ပါတယ်... root password ပြောင်းတဲ့ နည်းကတော့...
a) Mobile Terminal ကို install လုပ်ခြင်း:
အဆင့် ၁: Jailbreak လုပ်ထားတဲ့ idevice မှာ Cydia ကို ဖွင့်ပါ..
အဆင့် ၂: ပြီးရင် screen ရဲ့ အောက်ခြေမှာ 'Sections' ဆိုတဲ့ tab ကို နှိပ်ပါ... ပြီးရင် 'Terminal Support' ကို ရွေးပါ...
အဆင့် ၃: Package list ထဲမှာ 'Mobile Terminal' ဆိုတာကို ရွေးပြီး ဖွင့်လိုက်ပါ...
အဆင့် ၄: Install လုပ်တဲ့ page ကို ရောက်လာပါမယ်.. 'Install' ကိုနှိပ်ပါ... ပြီးရင် 'Confirm' ကို နှိပ်ပြီး install လုပ်ပါ...
အဆင့် ၅: Install လုပ်ပြီးတဲ့အခါမှာ 'Close Window' button ကိုနှိပ်ပါ.. ပြီးပါပြီ...
iDevice ထဲမှာ mobile terminal ကို install လုပ်ပြီးပြီဆိုရင် root password ပြောင်းတဲ့ process ကို သွားနိုင်ပါပြီ...
b) Root Password ပြောင်းခြင်း:
အဆင့် ၁: iDevice ထဲမှာ install လုပ်ထားတဲ့ 'Mobile Terminal' ကို ဖွင့်ပါ...
အဆင့် ၂: Black screen ကို တွေ့ပါတယ်... command prompt ထဲမှာ su ကို ရိုက်ထည့်ပါ... ပြီးရင် return key ကို နှိပ်ပါ...
အဆင့် ၃: Password တောင်းပါလိမ့်မယ်... default ပေးထားတဲ့ root password က alpine ပါ.. အဲဒီ text ကို ရိုက်ထည့်ပေးလိုက်ပါ... ပြီးရင် return key ကို တကြိမ်ထပ်နှိပ်ပါ...
အဆင့် ၄: ဒါဆိုရင် root user အနေနဲ့ log in ၀င်သွားပါမယ်... command prompt ထဲမှာ passwd ဆိုတဲ့ command ကို ရိုက်ထည့်ပါ... ပြီးရင် return key ကို နှိပ်ပါ...
အဆင့် ၅: Password အသစ်တောင်းပါလိမ့်မယ်... နှစ်သက်ရာ password အသစ်ကို ရိုက်ထည့်ပါ... confirm ထပ်လုပ်ပါ...
ဒါဆိုရင် root password က အသစ်ပြောင်းသွားပါပြီ... root password ကို encrypted format နဲ့ store လုပ်ထားတဲ့အတွက်ကြောင့် password ပျောက်တဲ့အခါကျရင် retrieve လုပ်ရတာ မလွယ်ကူပါဘူး... အဲဒါကြောင့် အသစ်ထည့်ထားတဲ့ password ကို သေချာစွာ မှတ်ထားဖို့ လိုအပ်ပါတယ်...
Ref: semi-restore/ idownloadblog/ iPhonehacks/youtube/ http://lwanmapyay.blogspot.com/
အဆင်ပြေပါစေ... By ကိုမျိုး