ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ
ခူယားကောင်ခေါ် ပေါက်ဖတ်ဟာ လိပ်ပြာ (သို့မဟုတ်) ပိုးဖလံသား လောင်းဖြစ်ပြီး သူတို့မှာ ရှိတဲ့ အမွေး အမှင်တွေမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် အဆိပ် အတောက်တွေ ပါတတ် ပါတယ်။
ခူကောင်ရဲ့ အမွေးအမှင်နဲ့ ထိလိုက်တာနဲ့ အရေပြားနီကာ နာကျင်ခြင်း၊ ယားယံခြင်းတွေ ဖြစ်တတ် တာကြောင့် ချက်ချင်း လုပ်ဆောင် သင့်တာတွေကို ခူယားထိ ခံရပြီဆိုတာနဲ့ ပထမဆုံးစိတ် တည်တည်ငြိမ်ငြိမ် ထားနိုင်ဖို့ကြိုးပမ်း ပါ။ လှုပ်လှုပ်ရှားရှား သိပ်မလုပ်ဘဲ ငြိမ်ငြိမ်နေခြင်းဖြင့်လည်း အဆိပ်အတောက်တွေ ပျံ့တာ နှေးကွေးစေ ပါတယ်။ ခူယားနဲ့ ထိသွားတဲ့နေရာကို ဆယ်လိုတိပ်နဲ့ကပ်ပြီး ပြန်ခွာပေးခြင်းဖြင့် အဆိပ်မွေးတွေကို ဖယ်ရှားနိုင်သလို ရေနွေးနဲ့လည်းဆေးချနိုင်ပါတယ်။
နောက်တစ်ခုက ရေခဲလွယ်လွယ်ကူကူ ရရင်လည်း ခူယားထိ တဲ့နေရာကို ၁၅ မိနစ်ကနေ မိနစ် ၂၀အထိ တစ်နာရီခြားတစ်ခါ ရေခဲ ကပ်ပေးနိုင်ပါတယ်။ အဲဒီလို လုပ်ပေးခြင်းဖြင့် နာကျင်တာ ရော၊ ရောင်ရမ်းတာပါ သက်သာစေမှာပါ။
အကယ်၍ ဓာတ်မတည့်တာ ဖြစ်ခဲ့ရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး သင့်လျော်တဲ့ သောက်ဆေး၊ လိမ်းဆေး တစ်ခုခု လိမ်းပေးနိုင်သလို ပျားတုပ် ခံရရင်လိမ်းတဲ့ ဆေးဝါးမျိုးလည်း သုံးနိုင်တယ်လို့ ဆိုပါတယ်။ တစ်ခု သတိထားရမှာက ခူယားထိတဲ့နေရာကို မကုတ်မိစေဖို့ပဲ ဖြစ်ပြီး မဟုတ်ရင်တော့ နေရာတွေလျှောက်ပြန့်ပြီး ယားယံစေ နိုင်လို့ပါ။
Ref: fasthomeremedy.com
7Day Daily
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ခႏၶာကိုယ္နာက်င္မႈ ကင်းဝေးစေရန် ပြုမူနေထိုင်နည်းများ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) ပူဒီနာ စားသင့်တဲ့အချက် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'