ချူလာလောင်ကွန်းတက္ကသိုလ်တွင် ပြည်သူ့ကျန်းမာရေး ဘွဲ့လွန်ပညာသင်ဆု လျှောက်ထားနိုင်


ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန်းတက္ကသိုလ် ပြည်သူ့ကျန်းမာရေးဆိုင်ရာ မဟာဘွဲ့နှင့် ပါရဂူဘွဲ့များအတွက် မတ်လ ၃၁ ရက်နောက်ဆုံးထား၍ ပညာသင်ဆု လျှောက်ထားနိုင်ကြောင်း ကြေညာ ထားသည်။

ပညာသင်ဆုအစီအစဉ်အတွက် ပြည်သူ့ကျန်းမာရေးနှင့် စီမံခန့်ခွဲမှု၊ ကျေးလက်ဒေသပြန်လည်သန်စွမ်း ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်နှင့် လုပ်ငန်းခွင်ကျန်းမာရေး၊ ကျန်းမာရေးအလေ့အကျင့်၊ ထိုင်း တိုင်းရင်းဆေးဝါးပညာ၊ ဘိုင်အိုမော်လီကျူးနည်းပညာတို့နှင့် သက်ဆိုင်သော ဘာသာရပ်များကို လေ့လာ သင်ယူနိုင်မည်ဖြစ်သည်။

အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုအနေဖြင့် မဟာဘွဲ့သင်တန်းအတွက် IELTS ရမှတ် ၄ နှင့် ပါရဂူ ဘွဲ့သင်တန်းအတွက် IELTS ရမှတ် ၅ ဒသမ ၅ အနည်းဆုံးရရှိထားရမည်ဖြစ်ပြီး ကျောင်းဝင်ခွင့် အရည်အချင်းများနှင့် ပြည့်မီရမည်ဖြစ်ကြောင်း သိရသည်။

ချူလာလောင်ကွန်း တက္ကသိုလ်တွင်တက်ရောက်နိုင်မည့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ မဟာဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်းများအတွက် www.cphs.chula.ac.th တွင်အသေးစိတ်ဝင်ရောက်လေ့လာ ကြည့်ရှု နိုင်မည်ဖြစ်သည်။

ကျောင်းဝင်ခွင့်အတွက် ရွေးချယ်ခံရသူများအနေဖြင့် ချူလာလောင်ကွန်းတက္ကသိုလ်ရှိ ပြည်သူ့ကျန်းမာ ရေးသိပ္ပံကောလိပ်တွင် ပညာသင်ယူခွင့်ရရှိမည်ဇြစ်ပြီး ဘဏ္ဍာရေးအထောက်အပံ့လျှောက်ထားနိုင် ကြောင်း သိရသည်။

7Day News Journal
Vol.13, No.1, March.5, 2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...