News Feed ဗားရှင်းအသစ်ကို Facebook မိတ်ဆက်

အတွဲ (၁၅)၊ အမှတ် (၁၁)

Facebook သည် News Feed အသစ်ကို ပြောင်းလဲသုံးစွဲခဲ့ပြီး News Feed desktop ဗားရှင်းကို ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။ အဆိုပါဒီဇိုင်းတွင် ကြီးမားသောဓာတ်ပုံများနှင့် မျက်နှာစာသစ်ပါဝင်ကာ မိုဘိုင်းဗားရှင်းနှင့်တူညီပြီး စမတ်ဖုန်းများတွင် ကြည့်ရှုရသကဲ့သို့ ဖြစ်သည်။

News Feed အသစ်သို့ ပြန်လည်ပြောင်းလဲမှုသည် Facebook ကပိုမိုကြီးမားသော News Feed စိတ်ကူးကိုပြသပြီး တစ်နှစ်အကြာတွင် ဖြစ်ပေါ်လာကြောင်း တွေ့ရသည်။ ယခုဗားရှင်းသည် သုံးစွဲသူ အများအပြားကို ပြောင်းလဲပစ်မည့် စိတ်ကူးမဟုတ်ဘဲ Facebook အနေဖြင့်ခက်ခဲသည့် နည်းလမ်းများကို သင်ယူကာပရိသတ်များ ပြောင်းလဲမှုအားလုံးကို အသားကျစေရန် ပြုလုပ်သွားမည်ဖြစ်သည်။ ကုမ္ပဏီ၏ ၁.၂၃ ဘီလီယံရှိ အသုံးပြုသူများသည် အနည်းငယ်ခြားနားသော News Feed များဖြစ်လာမည်ဖြစ်ပြီး ဓာတ်ပုံနှင့်ကြော်ငြာများမှာ ပိုမိုကြီးမားကောင်းမွန်လာမည် ဖြစ်ကာ ကျန်သည့်အရာများမှာမူ ပုံမှန်ပင်ဖြစ်သည်။

အဆိုပါ ပြောင်းလဲမှုကို Facebook သည်ပြီးခဲ့သည့် ရက်အနည်းငယ်က ကြေညာခဲ့ပြီးသဘာဝကျ ကျလှပသည့်ပုံစံ ပြုလုပ်ထားကြောင်း News Feed အတွင်းရှိ အကြောင်းအရာများကို ထိခိုက်မည် မဟုတ်ပေ။ Facebook ယခုလအတွင်း အဓိကကျသည့် member များကို ဒီဇိုင်းသစ်များ ပြောင်းလဲပေး သွားမည် ဖြစ်ကြောင်းထုတ်ပြန်ခဲ့သည်။

-စိုးထက်
Ref: CNET
Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...