စင်ကာပူနိုင်ငံ PSB Academy တွင် တက်ရောက်ပြီး Edinburgh Napier University, UK ၏ ပညာသင်ဆုများကို လျှောက်ထားနိုင်မည်

အတွဲ (၁၅)၊ အမှတ် (၁၂)

photo: google

University of Newcastle (Australia) နှင့် Edinburgh Napier University (United Kingdom) တို့မှ ဘွဲ့လွန်နှင့် ဘွဲ့ကြို သင်တန်းများကို သြစတြေးလျ နှင့် ယူကေတို့သို့ တိုက်ရိုက် သွားစရာ မလိုဘဲ စင်ကာ ပူနိုင်ငံရှိ ထိပ်သီးပုဂ္ဂလိကကျောင်းဖြစ်သော PSB Academy တွင် ကုန်ကျစရိတ် သက်သာစွာဖြင့် တက်ရောက် သင်ကြားနိုင်မည် ဖြစ်ကြောင်း သိရသည်။

PSB Academy တွင် တက်ရောက်မည့် ကျောင်းသားများ အနေဖြင့် IGCSE ကို 4 Cradit Pass ဖြင့်အောင်မြင်ရမည် ဖြစ်ပြီး IELTS ကို 5.5 ဖြင့်အောင်မြင်ရမည်ဖြစ်သည်။ University of Edinburgh Napier University မှ ဘွဲ့ကြို နှင့်ဘွဲ့လွန်သင်တန်းများကို 2014 ခုနှစ် ဧပြီလနှင့် ဇွန်လကျောင်းဝင်ခွင့် လျှောက်ထားသူများအတွက် MCTA မှ iPad MINI ကို အထူးအစီအစဉ် အနေဖြင့် ပေးအပ်သွား မည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် Edinburgh Napier University ၏ Bachelor နှင့် Master Program များ၏ ဇွန်လ ကျောင်းဝင်ခွင့်အတွက် ကျောင်း လျှောက်ထားသူများကို ပညာသင်ဆုအဖြစ် စင်ကာပူဒေါ်လာ ၂၀၀၀ ကို PSB Academy မှ ချီးမြှင့်မည်ဖြစ်သည်။ ကျောင်း သား၊ ကျောင်းသူများအနေဖြင့် ဝင်ခွင့် သတ်မှတ်ချက်များ ပြည့်မီမှသာ အထက်ပါ အထူးအစီအစဉ်နှစ်ခုကို ခံစားခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

PSB Academy ကို လျှောက်ထားလိုသော ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် မန္တလေးမြို့ရှိ MCTA:RVi Academy ဖုန်း ၀၂-၇၃၃၂၆၊ ၇၃၃၂၈၊ ၇၃၃၂၉ မ-၆၉/၂၊ ၅၃ လမ်းနှင့် ၃၇ လမ်းထောင့် ရဲမွန်တောင်၊ မန္တလေးမြို့တွင် ဆက်သွယ် စုံစမ်းမေးမြန်း လျှောက်ထားနိုင်ကြောင်း သိရသည်။

Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...