Redsn0w နဲ့ P0sixspwn ကို အသုံးပြုပြီး iOS 6.1.6 ကို jailbreak လုပ်နည်း...


iPhone 4, iPhone 3GS နဲ့ iPod touch 4G users များအတွက် iOS 6.1.6 ကို jailbreak ဖို့ လုပ်နည်း အသေးစိတ်ကို ဖော်ပြပေးလိုက်ပါတယ်...

iOS 6.1.6 ကို jailbreak လုပ်ဖို့ ဦးစွာ Redsn0w ကို အသုံးပြုရပါမယ်... ပြီးမှ Cydia ထဲက p0sixspwn jailbreak tool ကို အသုံးပြုပြီး untethered jailbreak အဖြစ် convert လုပ်ယူရမှာ ဖြစ်ပါတယ်... ဒီအကြောင်းကို အရင်တင်ခဲ့တဲ့ post တွေမှာလည်း ဖော်ပြခဲ့ပြီးပါပြီ...

အရေးကြီးတဲ့အချက်တွေက... ယခုနည်းလမ်းအတိုင်း jailbreak လုပ်ရာမှာ မိတ်ဆွေတို့ရဲ့ iDeveces တွေ နဲ့ OS version တွေဟာ အထက်ပါအတိုင်း compatible ဖြစ်မဖြစ် ဦးစွာစစ်ဆေးပါ... သတိပြုရမှာတခုက မိတ်ဆွေရဲ့ iPhone ကို unlock လုပ်ဖို့ Ultrasn0w ကို အသုံပြုထားတယ်ဆိုရင်.. iOS 6.1.6 ကို update မလုပ်ပါနဲ့... restore နဲ့ jailbreak မလုပ်ခင်မှာ iDevice ကို backup လုပ်ဖို့ မမေ့ပါနဲ့... iTunes ကို အမြဲတမ်း update ဖြစ်အောင် ထားပါ... iDevices တွေကို ကွန်ပြူတာပေါ်က iTunes နဲ့ ဆက်သွယ်ပြီး အလုပ်လုပ်ရာမှာ မကြာခဏဖြစ်နေတဲ့ ပြသနာတွေဟာ iTunes update မဖြစ်တာနဲ့လည်း သက်ဆိုင်နေ ပါတယ်...

ကဲ.... iOS 6.1.6 ကို jailbreak လုပ်ဖို့ အောက်က အဆင့်တွေအတိုင်း စတင်ပါမယ်...

အဆင့် (၁): Redsn0w 0.9.15b3 ကို OS အလိုက် ဒီမှာ [MacWindows]  download ယူပြီး desktop ပေါ်မှာ အသစ်ဖွင့်ထားတဲ့ folder တခုမှာ save လုပ်ပါ... folder ကို Redsn0w လို့ အမည်ပေးလိုက်ပါ...

အဆင့် (၂): မိမိ iDevices အတွက် iOS 6.0 firmware ဖိုင်လ်ကို ဒေါင်းလုပ်ယူပြီး save ထားပါ...
>>>iPod Touch အတွက် ဒီနေရာမှာ ဒေါင်းလုပ်ရယူပါ...
>>>iPhone အတွက် ဒီနေရာမှာ ဒေါင်းလုပ်ရယူပါ... ဒေါင်းလုပ်မစခင် ဖုန်း model နဲ့ ကိုက်ညီတဲ့ iOS 6.0 firmware ဖိုင်လ်ကို မှန်ကန်စွာေ၇ွးချယ်ပြီး ဒေါင်းလုပ် ရယူနိုင်ဖို့ အောက်မှာ လေ့လာကြည့်ပါ... 

 
iPhone မှာ model နံပါတ်ရှာနည်း (အပေါ်ပုံ)

iPhone model အလိုက် မည်သည့် iOS firmware file ကို download ရယူရမယ်ဆိုတာ အောက်က ဇယားမှာ identify လုပ်ထားပါတယ်... (ဥပမာ iPhone5(GSM), Model က A1428 ဆိုရင် ဒေါင်းလုပ် လုပ်ရမယ့် ဖိုင်လ်က iPhone5,1_6.1.3_10B329_Restore.ipsw ဖြစ်ပါတယ်... အောက်ဇယားမှာ highlight လုပ်ထားတဲ့နေရာကို ကြည့်ပါ...)

Generation
Model
Variant
Identifier
iPhone 2G A1203 GSM iPhone1,1
iPhone 3G A1241 GSM iPhone1,2
A1324 GSM iPhone1,2
iPhone 3GS A1303 GSM iPhone2,1
A1325 GSM iPhone2,1
iPhone 4 A1332 GSM iPhone3,1
? GSM Rev A iPhone3,2
A1349 CDMA iPhone3,3
iPhone 4S A1387 GSM+CDMA iPhone4,1
A1431 GSM+CDMA iPhone4,1
iPhone 5 A1428 GSM iPhone5,1
A1429 GSM+CDMA iPhone5,2
A1442 GSM+CDMA iPhone5,2
iPhone 5s A1433 GSM iPhone6,1
A1533 GSM iPhone6,1
A1457 GSM+CDMA iPhone6,2
A1518 GSM+CDMA iPhone6,2
A1528 GSM+CDMA iPhone6,2
A1530 GSM+CDMA iPhone6,2
iPhone 5c A1456 GSM iPhone5,3
A1532 GSM iPhone5,3
A1507 GSM+CDMA iPhone5,4
A1516 GSM+CDMA iPhone5,4
A1526 GSM+CDMA iPhone5,4
A1529 GSM+CDMA iPhone5,4

အဆင့် (၃): iDevice ကို computer နဲ့ ချိတ်ဆက်ပါ.. Desktop ပေါ်မှာ ဒေါင်လုပ်ထားတဲ့ Redsn0w zip file ကို extract လုပ်ပါ... ပြီးရင် Redsn0w.exe application ကို run လိုက်ပါ... (Windows 7 အသုံးပြုသူများအနေနဲ့ Redsn0w.exe ကို Windows XP compatibility mode နဲ့ run သင့်ပါတယ်... အဲဒီအတွက် Redsn0w.exe application ပေါ်မှာ Right-Click လုပ်... Properties ကို click လုပ်... ပြီးရင် Compatibilit tab ကို ရွေး... အဲဒီနေရာမှာ Run this program in compatibility mode for လို့ ရေထားတဲ့နေရာက box လေးကို အမှန်ခြစ်... ပြီးရင် Window XP ကို ရွေးပြီး OK လိုက်ရင် ရပါပြီ... (အောက်ပုံမှာ ကြည့်လိုက်ပါ).. Window XP ရော Window 7 အသုံးပြုသူများပါ "Administrator" အဖြစ်နဲ့ run ဖို့လည်း မမေ့ပါနဲ့..)


အဆင့် (၄): Redsn0w Application ကို ဖွင့်ပါ... ပြီးရင် Extras button ကို click ပါ...


အဆင့် (၅): Select IPSW button ကို click လုပ်ပါ.. အဆင့် (၂)မှာ ဒေါင်းလုပ်ယူပြီး save လုပ်ထားတဲ့ firmware file နေရာကို သွားပြီး ယူလိုက်ပါ... successfully identified ဆိုတဲ့ box တခု ကျလာပါမယ်...




အဆင့် (၆): Redsn0w’s main page ကို ပြန်သွားပါ.. ပြီးရင် Jailbreak button ကို Click လုပ်ပါ...

အဆင့် (၇): Redsn0w အလုပ်လုပ်ရန် စတင်ပြင်ဆင်နေပါပြီ စောင့်ပါ...  

အဆင့် (၈): ပြီးရင် Jailbreak options တွေကို ရွေးချယ်ခိုင်းပါလိမ့်မယ်... Install Cydia လို့ရေးထားတဲ့ box ကို အမှန်ခြစ်ပါ... process ဆက်လက်ရန် Next button ကို click ပါ... ဒီနေရာမှာ Enable battery percentage ဆိုတဲ့ option ကိုလည်း ရွေးချယ်နိုင်ပါတယ်...


အဆင့် (၉): အလုပ်ပြီးရင် Device ကို DFU mode မှာ ထားဖို့ ပြောလာပါမယ်...  ဖုန်းကို ပါဝါပိတ် လိုက်ပါ... ဖုန်းနဲ့ကွန်ပြူတာ ချိတ်ဆက်ထားတာကိုတော့ disconnect မလုပ်ပါနဲ့...

 

အဆင့် (၁၀): Next button ကို နှိပ်ပါ... DFU mode ၀င်ဖို့ လိုအပ်တဲ့ အဆင့်တွေက..

(က) Device ပေါ်က Power button ကို ၃ စက္ကန့်လောက် နှိပ်ထားပါ...

(ခ) Power button ကို မလွတ်သေးပဲ Home button ကိုပါ တွဲပြီး ၁၀ စက္ကန့်လောက် နှိပ်ထားပါ...

(ဂ) Power button ကို လွတ်လိုက်ပါ... ဒါပေမဲ့ home buttion ကိုတော့ Redsn0w နဲ့  device အကြား ဆက်သွယ်မှု ရသည့်အချိန်ထိ ဆက်နှိပ်ထားပါ...

(DFU mode ၀င်တာ အဆင်မပြေခဲ့သည်ရှိသော် အောက်က tutorial ကို ကြည့်လိုက်ပါ...)

အဆင့် (၁၁): reboot လုပ်ပါလိမ့်မယ်...  Home button ကို လွတ်ဖို့ မမေ့ပါနဲ့...

အဆင့် (၁၂): မိတ်ဆွေရဲ့ Device ဟာ တခါပြန်ပြီး reboot လုပ်ပါမယ်... အဲဒီနောက် Redsn0w အနေနဲ့ RAM disk နဲ့ kernel အသစ်တွေကို စတင်ပြီးတော့ upload လုပ်ပါလိမ့်မယ်...


အဆင့် (၁၃): jailbreaking process ပြီးစီးတဲ့အခါ အောက်ပါအတိုင်း အသိပေးလာပါမယ်... Quit button ကို click လုပ်ပြီး application ကို exit လုပ်လိုက်ပါ... ကွန်ပြူတာပေါ်မှာ လုပ်တဲ့အလုပ်က ပြီးပါပြီ...


အဆင့် (၁၄): ကျန်တဲ့ jailbreaking process ကိုတော့ device ပေါ်မှာ ဆက်သွားပါမယ်... Device ပေါ်မှာ အလုပ်လုပ်နေတာကို ပြီးစီးအောင် စောင့်ပါ... reboot လုပ်ပါလိမ့်မယ် (ခန့်မှန်ခြေ ၅ မိနစ်လောက် ကြာနိုင်ပါတယ်..) စိတ်ရှည်ရှည်နဲ့ စောင့်ပါ... ပြီးပြီဆိုရင်တော့ Device ပေါ်မှာ Home Screen ကို တွှေ့ရပါပြီ... ဒါပေမဲ့ Cydia ကို မတွေ့ရသေးပါဘူး... ဘာဖြစ်လို့လဲဆိုတော့ Redsn0w ကို အသုံးပြုပြီး Device ကို tether boot လုပ်ဖို့ လိုအပ်နေသေးတဲ့ အတွက်ကြောင့်ပါ...

Boot tethered လုပ်ရန်အတွက်...

အဆင့် (၁၅): ကွန်ပြူတာပေါ်က Redsn0w ကို ပြန်ဖွင့်ပါ...

အဆင့် (၁၆): Extras button ကို click ပါ...

အဆင့် (၁၇): ပြီးရင် Select IPSW button ကို click လုပ်ပါ.. box ကျလာရင် အဆင့် (၂)မှာ ဒေါင်းလုပ်ယူပြီး save လုပ်ထားတဲ့ firmware file နေရာကို သွားပြီး ယူလိုက်ပါ...

အဆင့် (၁၈): Just Boot button ကို click ပါ...

 

အဆင့် (၁၉): Device ကို ပါဝါပိတ်ဖို့နဲ့ computer နဲ့ ချိတ်ဆက်ထားဖို့ အသိပေးပါလိမ့်မယ်...  instructions အတိုင်း လုပ်လိုက်ပါ... ပြီးရင် ဆက်သွားရန်အတွက် Next button ကို နှိပ်ပါ...

 

အဆင့် (၂၀): Device ကို DFU mode ကို ၀င်ရပါမယ်... အဆင့် (၁၀) ကို ပြန်ကြည့်ပါ... 

အဆင့် (၂၁): Redsn0w အနေနဲ့ DFU mode ၀င်ထားတဲ့ device ကို recognize လုပ်ပါလိမ့်မယ်... ပြီးရင် limerain exploit ကို apply လုပ်ပါမယ်... (Home button ကို ပြန်လွတ်ဖို့တော့ မမေ့ပါနဲ့).. device က reboot လုပ်ပါလိမ့်မယ်... နာနတ်သီးပုံ logo လေး ပေါ်လာရင်တော့ tethered boot ဖြစ်သွားပါပြီ...




အဆင့် (၂၂): Process အားလုံးပြီးစီးအောင် စိတ်ရှည်ရှည်နဲ့ စောင့်ပါ... ပြီးပြီဆိုရင် မိတ်ဆွေရဲ့ iDevice ပေါ်မှာ Lock screen ကို တွေ့မြင်ရပါပြီ...

အခုဆိုရင် မိတ်ဆွေရဲ့ iDevices တွေကို အောင်မြင်စွာနဲ့ jailbreak လုပ်လို့ ပြီးပါပြီ..  Cydia on the Home screen ပေါ်မှာလည်း Cydia ကို တွေ့ရပါပြီ... တကယ်လို့ မတွေဘူးဆိုရင်လည်း စိတ်မပူပါနဲ့ Spotlight ကိုသုံးပြီး ရှာလို့ရပါတယ်... အခု လက်ရှိ jailbreak က “tethered” jailbreak အဆင့်ပဲ ရှိပါသေးတယ်... ဆိုတော့ Untethered Jailbreak ကို ဆက်ကြရအောင်...

P0sixspwn ကို အသုံးပြုပြီး Tethered Jailbreak မှ Untethered Jailbreak သို့ convert လုပ်ခြင်း

အဆင့် (၂၃): Cydia ကို ဖွင့်ပါ... ပထမဆုံးအကြိမ် ဖွင့်တဲ့အတွက် upgrade လုပ်ခိုင်းလာရင် လုပ်ပေးလိုက်ပါ... upgrade လုပ်ပြီးသွားရင် Cydia ကို ပြန်ဖွင့်ပါ...

အဆင့် (၂၄): Search tab နှိပ်ပါ.. ပြီးရင် p0sixspwn ကို ရိုက်ထည့်ပြီး ရှာလိုက်ပါ...

အဆင့် (၂၅): p0sixspwn ကို တွေ့ရင် Install လုပ်ပါ...



အဆင့် (၂၆): install လုပ်ပြီးရင် Return to Cydia ကို နှိပ်လိုက်ပါ.. ဒီလောက်ပါဘဲ...

အခုဆိုရင် မိတ်ဆွေရဲ့ iDevice ဟာ  အောင်မြင်စွာနဲ့ untethered jailbreak လုပ်ပြီးပါပြီ...

P0sixspwn ကို အသုံးပြုပြီး Untethered Jailbreak လုပ်နည်းကို ဒီနေရာမှာ လည်း ဖော်ပြခဲ့ပြီးပါပြီ...
------------------------------------------------------------------------------------------------------------
Troubleshooting Tips:

1. Cydia ကို ရှာမတွေ့ရင်...
Cydia ကို home screen မှာ ရှာမတွေ့ဘူးဆိုရင် အဆင့် (၁၅) ကနေ အဆင့် (၂၁) မှာ ပြုလုပ်ခဲ့တဲ့ tethered boot process ဟာ အောင်မြင်လား မအောင်မြင်ဘူးလားဆိုတာ double check ပြန်လုပ်ပါ...

2. Unsupported IPSW...
Jailbreaking process အတွင်း အောက်ကပုံအတိုင်း "That IPSW is not supported by this version of Redsn0w" ဆိုတဲ့ error message ပေါ်လာခဲ့ရင်... အဆင့် (၂) မှာ ဖော်ပြခဲ့တဲ့အတိုင်း iOS 6.0 firmware file ကို ဒေါင်းလုပ်ယူရမဲ့နေရာမှာ iOS 6.1.3 firmware file ဒါမှမဟုတ် အခြား ဖိုင်လ်တခုခုကို မှားယွင်းပြီး ဒေါင်းယူခဲ့လို့ ဖြစ်ပါတယ်...



3. Cydia က ချက်ခြင်း ပိတ်သွားရင်...
Cydia ကို ဖွင့်တဲ့အချိန်မှာ ပွင့်ပြီး ချက်ခြင်း ပြန်ပိတ်သွားတယ်ဆိုရင်... မိတ်ဆွေအနေနဲ့ Cydia ကနေ p0sixspwn package ကို install မလုပ်ထားလို့ ဖြစ်ပါတယ်...အဆင့် (၂၃) ကနေ အဆင့် (၂၆) ထိ ပြုလုပ်ခဲ့တဲ့အတိုင်း ပြန်လုပ်ပါ... အဆင်ပြေသွားပါလိမ့်မယ်...

Ref:idownloadblog/ iPhonehacks/ google/ http://lwanmapyay.blogspot.com/

အဆင်ပြေပါစေ... By Ko Myo

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...