Stress and infertility စိတ်ဖိအားများတာနဲ့ သားသမီးမရနိုင်တာ ဆက်စပ်မှုရှိ



• ၂၅-၃-၂ဝ၁၄ နေ့ လန်ဒန်ကလာတဲ့ ကျန်းမာရေးနဲ့ဆေးပညာသတင်းမှာပါတာပါ။ စိတ်ဖိအားများတာကို တိုင်းတာစရာကတော့ (အာလ်ဖါအမိုင်းလေ့စ်) ခေါ်တဲ့ (အင်ဇိုင်းမ်) တမျိုးဖြစ်ပါတယ်။
• ကလေးမရနိုင်သေးတဲ့ အမျိုးသမီးတွေရဲ့ သွားရည်ထဲမှာ အဲဒီ (အင်ဇိုင်းမ်) ဘယ်လောက်များသလဲကို တိုင်းတာပြီး၊ တခြားအမျိုးသမီးတွေမှာရှိတာနဲ့ နှိုင်းယှဉ်ပြီးမှ ကောက်ချက်ဆွဲလိုက်တာပါ။
• စိတ်ဖိအားများနေတဲ့ တနည်းအားဖြင့် (အင်ဇိုင်းမ်) များနေတဲ့ အမျိုးသမီးတွေဟာ ၃ဝ% ကလေးရနိုင်စွမ်း နည်းကြတယ်။ (အင်ဖါတလတီ) အဓိပ္ပါယ်ဖွင့်ဆိုချက်အရပြောရရင် ထက်ဝက်လောက်သာရှိတယ်။
• (အင်ဖါတလတီ) ကလေးမရနိုင်ခြင်းလို့ ဆေးပညာက သတ်မှတ်ချက်ထဲ အကျုံးဝင်ဘို့ဆိုတာ ၁၂ လကြာ လင်နဲ့မယား အကာအကွယ်၊ တားနည်းတစုံတရာမသုံးကြဘဲ အတူနေကြပေမဲ့ ကိုယ်ဝန်မရသေးသူကို ခေါ်တာ ဖြစ်ပါတယ်။
• ဒီလိုမျိုးလေ့လာမှုကို အရင်ကလဲတခါပြုခဲ့ပါတယ်။ အခုတခါမှာတော့ ပိုပြီးခိုင်မာတဲ့ကောက်ချက်ကို ဆွဲနိုင်လာပါတယ်။
• ဒေါက်တာ (လင့်ခ်ျ) နဲ့အဖွဲ့ကနေ အသက် (၁၈) နှစ်ကနေ (၄ဝ) ရှိကြပြီး၊ ကလေးရဘို့ ကြိုးစားနေကြတဲ့ အမေရိကန် အမျိုးသမီးပေါင်း (၅ဝ၁) ယောက်ကို ၁၂ လတာ လေ့လာဆန်းစစ်မှုလုပ်ခဲ့တာဖြစ်ပါတယ်။ သူတို့မှာ ကလေးမရနိုင်အောင် သိသာတဲ့အားနည်းချက်ဆိုတာလဲ မရှိကြသူတွေဖြစ်တယ်။ စာရင်းသွင်းတဲ့နေ့ နောက် မနက်မှာနဲ့ ရာသီပဌမနေ့ မနက်တွေမှာ ရယူထားတဲ့ သွားရည်ထဲက (အင်ဇိုင်းမ်) တွေကို တိုင်းတာပါတယ်။ အမျိုးသမီးပေါင်း (၃၇၃) ယောက်ဆီက ရလဒ်တွေဟာ သုတေသနမှာတန်းဝင်ခဲ့ပါတယ်။
• ဒီသုတေသနရဲ့ အကျိုးတရားကတော့ “ကလေးမရသေးသူတွေဟာ စိတ်ဖိအားကို လျှော့နည်းစေပြီး၊ ကလေးအမေတွေ ဖြစ်လာနိုင်စရာရှိတာပါဘဲ။ ရောဂနည်း၊ တရားထိုင်နည်း၊ စိတ်ကိုပြုပြင်နည်းတွေကို သုံးနိုင်ကြပါတယ်”။
• ဒီလိုအတွဲတွေအတွက် နောက်ထပ်အကြံပေးချက်တခုကတော့ သားသမီးမရသေးတဲ့အတွက် ကိုယ့်ကိုယ်ကို အပြစ်မြင်မနေကြဘို့ပါဘဲ။

မြန်မာအိမ်ထောင်ရှင်အမျိုးသမီးတွေ စိတ်ဖိအားနည်းနိုင်ကြပါစေ။ တရားဘာဝနာပွါးပြီး၊ သားသမီးရတနာတွေ များများရနိုင်ကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၅-၃-၂ဝ၁၄

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...