Unmanned Cargo Ships

သင်္ဘောသားတွေ မလိုပါဘူးဆိုတဲ့ လူမဲ့ ကုန်တင် သင်္ဘောတွေကို ကမ္ဘာကျော် Rolls-Royce ကုမ္ပဏီက တီထွင်ဖို့ ပြင် ဆင်နေကြပါပြီ။ လူမဲ့ လေယာဉ်တွေ၊ လူမဲ့ ကားတွေ ပြီးတော့ လူမဲ့ ကုန်တင် သဘောင်္တွေ လာပါပြီ။
ကမ္ဘာတစ်ဝန်း နည်းပညာတွေ တိုးတက်လာ ရာမှာ စက်ကိရိယာတွေ တော်တော် များများဟာ လူတွေရဲ့ ပါဝင်မှုကို တဖြည်းဖြည်းနဲ့ လျှော့ချလာ ကြရာမှာ လူမဲ့ လေယာဉ်တွေ၊ လူမဲ့ ကားတွေ၊ လူမဲ့ ရဟတ်ယာဉ်တွေ အစရှိ သဖြင့် နည်းပညာနဲ့ ထိန်းချုပ်ထားတဲ့ ပစ္စည်း ကိရိယာတွေ အဖြစ် ပြောင်းလဲ ဖြစ်ပေါ်လာ နေကြ ပါတယ်။ အခုလည်း ကမ္ဘာကျော် Rolls-Royce ကုမ္ပဏီက လူမဲ့ ကုန်တင် သင်္ဘောတွေ တီထွင်ဖို့ ပြင်ဆင် နေကြပါပြီ။ ဒီသင်္ဘော တီထွင်တာ မှာက Rolls-Royce ကုမ္ပဏီ ဆိုပေမယ့် စီးပွားရေး အရ ရန်ပုံငွေ စိုက်ပေး တာကတော့ European Union (EU) ကဖြစ်ပြီး စုစုပေါင်း ၃.၅ မီလီယံ ယူရို(၄.၈ မီလီယံ ဒေါ်လာ) ကိုဒီ သဘောင်္ တွေကို တီထွင်မယ့် Maritime Unmanned Navigation through Intelligence in Networks (MUNIN) ပရောဂျက်ကို ရင်းနှီးခဲ့ ပါတယ်။ ရင်းနှီးပြီး နောက်ပိုင်း Rolls-Royce ရဲ့ Blue Ocean dev elopment team ဟာ အခုဆို ရင်တော့ စမ်းသပ် ဒီဇိုင်းတွေ ရေးဆွဲပြီးတဲ့ အဆင့်အထိ လုပ်ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။

ဒီလို ပိုက်ဆံတွေ အကုန်ခံ ရလောက်အောင် ဘာအကျိုး ကျေးဇူးများ ရနိုင်သလဲ ဆိုတဲ့ မေးခွန်း လေးတွေ ရှိကြမယ် ထင်ပါတယ်။ ပထမဦးဆုံး လူမဲ့ ဖြစ်တဲ့ အတွက် သင်္ဘောသား တွေအတွက် လုပ်အား စရိတ်တွေ လျှော့ပစ် နိုင်ပါတယ်။ နောက်ပြီး လူမနေထိုင်တဲ့ သင်္ဘော ဖြစ်မှာကြောင့် လျှပ်စစ်မီး ကစလို့ အထွေထွေ ကုန်ကျစရိတ် တွေလည်း လျော့သွား မှာဖြစ်ပါတယ်။ နောက်ဆုံး ကောင်းကျိုး ကတော့ ပင်လယ် ဓားပြလို အန္တရာယ် တွေအပြင် သဘာဝ ဘေးအန္တရာယ် တွေကိုပါ ပိုမို ခံနိုင်ရှိပြီး လေထု၊ ရေထု ညစ်ညမ်းမှု ကိုလည်း ပိုမို လျှော့ချ နိုင်မှာ ဖြစ်ပါတယ်။ အထက်က ကောင်းကျိုးတွေ များစွာရတဲ့ အစီအစဉ် ဖြစ်ပေမယ့် ဆိုးကျိုး အချို့နဲ့ ဟာကွက် ကလေး တွေတော့ ရှိပါတယ်။ ပထမဦးစွာ ပြောရရင် International Chamber of Shipping ကပြောရေး ဆိုခွင့်ရှိသူ Simon Bennett ရဲ့အဆို အရ အဆိုပါ အစီအစဉ်နဲ့ ပတ်သက်လို့ လူမဲ့ ကုန်တင် သင်္ဘော တွေဟာ လက်ရှိ နိုင်ငံတကာ ဥပဒေအရ တရားမ၀င် နိုင်ဘူးလို့ ဆိုပါတယ်။ နောက်ဆိုးကျိုး ကတော့ သင်္ဘောသားတွေ အနေနဲ့ ဘ၀နေရေး အတွက် ၀မ်းစာရှာဖို့ အခွင့်အလမ်း နည်းသထက် နည်းလာဖို့ ရှိပါတယ်။ ဟာကွက် အနေနဲ့ ပြောရရင် စက်ကိုချည်းပဲ လည်ပတ်ပြီး ချို့ယွင်းချက် ရှိရင် အရေးပေါ် ပြင်ဆင်နိုင်မယ့် လုပ်အား မရှိနိုင် တာကြောင့် တကယ်တမ်း လည်ပတ်ဖို့ ခက်ခဲလာ နိုင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကမ္ဘာတစ်ဝန်းက သင်္ဘောသား ၆ သိန်းကို ကိုယ်စားပြုတဲ့ The International Transport Workers' Federation (ITF) ရဲ့ London ရုံး Chairman ဖြစ်သူ Dave Heindel ကမမျှော်လင့်သော အခြေအနေမျိုး၊ စက်ချို့ယွင်း မှုမျိုးမှာ လူသားတွေ ကသာ ဟာကွက်ကို ပထမဦးဆုံး ဖြည့်ဆည်း ပေးနိုင်မယ့် သူတွေ ဖြစ်ပါတယ်။ ယခု အစီအစဉ်ဟာ အတွေ့အကြုံနဲ့ ပြည့်စုံတဲ့ သင်္ဘောသား တွေရဲ့ လုပ်နိုင်စွမ်းကို ဘယ်တော့မှ ဖြည့်စွမ်း ပေးနိုင်မှာ မဟုတ်ဘူး လို့တောင် ပြင်းပြင်းထန်ထန် ဝေဖန်ထား ပါတယ်။

စာဖတ်သူ တော်တော်များများ အနေနဲ့ နည်းပညာနဲ့ လူသားစွမ်းအင် အကြား တိုက်ပွဲတွေကြားမှာ ၀ိဝါဒဖြစ်ပြီး ကောင်းတယ်၊ မကောင်းဘူး ဆုံးဖြတ် နိုင်ဖို့ ခဲယဉ်းကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မမေ့ဖို့ ကတော့ ဘယ်ကိစ္စကို မဆို ကောင်းကျိုး၊ ဆိုးကျိုး ရှိတာမို့ မကြောက်ရွှံ့ပဲ ကြိုးစား ကြည့်ကြ ဖို့တော့ လိုပါတယ် ဆိုတာပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် အနာဂတ်မှာ လူမဲ့ ကုန်တင် သင်္ဘောတွေ အပြင် ဘာတွေများ မြင်တွေ့နိုင် ကြ ဦးမလဲဆိုတာ တွေးတော စောင့်စား ကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ် အပ်ပါတယ်။
Images from freight-int, goldnews. Source: mashable.com
Author Paing Hmu Ko
MYMC