နာမည်ကြီးနေတဲ့ စာရေးဆရာ အောင်ရင်ငြိမ်းရဲ့ စာအုပ်အကြောင်း

ရှေ့ရက် အနည်းငယ်လောက်က မီဒီယာမှာ နာမည်ကြီးခဲ့တဲ့ ညစ်ညမ်းစာပေနဲ့ ပတ်သက်ပြီး အများပြော ဆိုဝေဖန် နေကြတဲ့ ကဗျာဆရာ စာရေးဆရာ အောင်ရင်ငြိမ်းရဲ့ ရိုမန်းဘော့ထ်တွေရဲ့ ကမ္ဘာ နဲ့ ယခင် ထွက်ခဲ့တဲ့ စာအုပ်တွေ နဲ့ ပတ်သက်ပြီး ဖေ့စ်ဘုတ်ခ် လူမှုကွန်ယက်မှာ ပြောဆိုနေကြသူ တစ်ချို့ရဲ့ အရေး အသားတွေကို ယှဉ်ပြ တင်ဆက်လိုက်ပါတယ်။

” ကဗျာဆရာ စာရေးဆရာ အောင်ရင်ငြိမ်း ရေးသားထားတဲ့ ရိုမန်းဘော့ထ်တွေရဲ့ကမ္ဘာ စာအုပ်ကို ညစ် ညမ်းစာပေလို့ သတ်မှတ် ဝေဖန်ခဲ့ကြပါတယ်၊ ကဗျာဆရာ စာရေးဆရာ အောင်ရင်ငြိမ်း၏ ယခင် ထွက် ထားခဲ့တဲ့ စာအုပ် နာမည်လေးကလည်း သင်းပါတယ်၊ဘာတဲ့ ..တစ်ကိုယ်ရေ အာသာဖြေခြင်း တဲ့ဗျာ..။(ဟာဂျူလီ-ကသာ) ” ဒါကတော့ သတင်းတွေနဲ့ ကာတွန်းတွေ တင်ဆက်ရေးသားနေတဲ့ ဆရာ ဟာဂျူလီရဲ့ ပြောဆိုချက်ပါ။

နောက်တစ်ခုကတော့ မင်းသုဇင် ရဲ့ အမေးအဖြေ ဆန်ဆန် ရေးသားချက် ဖြစ်ပါတယ်။ နှိုင်းယှဉ် ဖတ်ရှု ကြပါ။

မေး။ အောင်ရင်ငြိမ်းရဲ့ ၀တ္တုကိုခင်ဗျားဘယ်လိုမြင်လဲ၊

ဖြေ။ အေးဗျ အဲ့ဒီ ၀တ္တုကို ကျွန်တော်တော့ မဖတ်ရသေးဘူး ဒီလောက်ဟော့နေတာနဲ့ စာအုပ်စုတတ်တဲ့ ကျွန်တော် ၀ယ်မယ်ဆိုပြီး ဆိုင်သွားဝယ်တာ ကုန်ပြီတဲ့။ အတော်ပဲ ကောင်းလို့လား အတော်ပဲ ကြမ်းလို့ လားတော့ မသိဘူး။ အတော်ကောင်းတဲ့ စာအုပ်တွေ ကျမ်းတွေကတော့ စာအုပ်ဆိုင်ကကို မဆင်းတဲ့ ဒီခေတ်မှာ အရောင်းသွက် စာအုပ်စရင်းဝင်တဲ့ ရှားပါးစာအုပ် စရင်းဝင်သွားတာပေါ့ဗျာ။

မေး။ အဲ့သည့်စာအုပ်ထဲမှာ အပြာဆန်ဆန် အခန်းတွေကိုကွက်ကွက် ကွင်းကွင်းရေးထားတယ် ဆိုလားပဲ

ဖြေ။ ဖေ့စ်ဘုတ်မှာတော့ ကာတွန်းဆရာတယောက်က ဝေဖန်ရင်း ဖော်ပြတာတော့ ဖတ်လိုက်ရပါတယ်။ အဲ့သည့် အခန်းတွေ အဲ့သည်လောက်လေး ပါတာကို လူတွေက အတော်အရူးအမူးနဲ့ အသည်းအသန် ၀ယ်ဖတ်နေသေးတယ်ဗျာ။ onlineပေါ်မှာ သည့်ထက်ကြမ်း သည်ထက်ကောင်းတဲ့ စာအုပ်တွေ အလကား down လို့ရနေတဲ့ ခေတ်ကြီးမှာ ရေးတဲ့သူနဲ့ ဖတ်သူ အတော်ကို အသံတူနေကြတာ အံသြကုန်နိုင်ဖွယ်ပဲ။

မေး။တချို့ကတော့ ဒါကို စာပေလွတ်လပ်ခွင့်အတွက် စံပြလို သူရဲကောင်းလို ချီးမွန်းကြ တာက လည်း အတော်များ ဆိုလား။ ခင်ဗျားကရော ဘယ်လိုထင်လဲ?

ဖြေ။ စာပေလွတ်လပ်ခွင့်နဲ့ စာပေ ရောနှောခြင်းကို လေနဲ့ ၀မ်းနဲ့ မကွဲဘူးထင်ပါရဲ့ဗျာ၊ ကျွန်တော့ သဘောထားကို ဥပမာပေးရရင် အခုကိစ္စက ဗိုလ်ချုပ်တို့ခေတ်က ဟင်္သာတမှာ ဆေးရိုး လှမ်းသလို များ ဖြစ်နေသလားလို့၊ စာပေစိစစ်ရေးတွေ ဘာတွေ မရှိတော့တာကို အခွင့်ကောင်းယူပြီး အခွင့်အရေးနဲ့ နာမည်ကြီးမှုကို အပြစ်အခတ် ရပ်တာကို လက်နကိနဲ့ ငြိမ်းချမ်းရေး လဲသလို နှစ်ပေါက်တပေါက် ရိုက် သွားတာပဲဗျ။ တော်ကြာ သူတို့လုပ်တာနဲ့ စာပေစိစစ်ရေးတွေ ဘာတွေပေါ်လာဖို့ရှိ ရင်ဖြင့် စစ်ဗိုလ်တွေ ကနေရာလေးဘာလေးများရမလားဆိုပြီး အဘတွေနား သွားကပ်နေတဲ့ လူမသိဇတ်လမ်းတွေ ဖြစ်နေ ပါအုံးမယ်။

မေး။ ခင်ဗျားက အဲ့သည်စာအုပ်ကိုလည်းသေချာမဖတ်ဖူး မြင်တောင်မမြင်ဘူးပဲနဲ့ ဘလိုင်းကြီး အပုတ်ချနေပါလား လူကြီးရ
ဖြေ။ ဒီမယ် ကိုယ့်လူ ကျုပ်က မဖတ်ဖူးဘဲနဲ့ ဖတ်ဖူးပါတယ်ဆိုပြီး ခင်ဗျားကို မလိမ်ခဲ့ဘူး။ ကိုယ့်ရဲ့ အယူအ ဆတွေကိုလည်း ဘီယာတိုက်ပြီး မပြောဘူး။ကျုပ်ပြောချင်တာက စာပေဖတ်ရှုမှုနည်းနေတဲ့ ဒီလိုခေတ်ကြီး မှာ ကိုယ်စာအုပ်လူသိရေး ရောင်းအားကောင်းရေအတွက် လိင်ပိုင်းဆိုင်ရာ ပုံနဲ့ ဆွဲဆောင်ပြီး လိင်ပိုင်း ဆိုင်ရာ ကိစ္စတွေကို ကွက်ကွက်ကွင်းကွင်းရေးပြတာကိုဆိုလိုတာဗျ၊ sexကိစ္စကိုကျုးလွန်ကြတယ်၊အလွန် ခံစားခဲ့ကြတယ်ဆိုရင် ကိုယ့်ကလောင်ကိုယ်ယုံရင်ဖြင့် အစွမ်းပြစရာတွေ အများကြီးရှိပါတယ်၊ ကိုယ့်ဆရာ ရဲ့

မေး။ ဒါဆိုဗျာ အနောက်တိုင်း စာပေလွတ်လက်ခွင့်နဲ့ တိုင်းတာရင်ရော ခင်ဗျား ဘယ်လိုပြောအုံး မလဲ။

ဖြေ။ဒီနေရာမှာ ကျုပ်ခင်ဗျားကို ၀န်ခံစရာ ရှိတယ်။ တခြားတော့ မဟုတ်ဖူး၊ ကျုပ်အနောက်တိုင်း ခေတ်ပေါ်နဲ့ ခေတ်ပြိုင် စာပေတွေကို မလေ့လာဖြစ်ဘူး။ စိတ်မ၀င်စားတာလည်းပါသလို ကိုယ်နားလည်တဲ့ subject လည်းမဟုတ်လို့ပါ၊ ဒါပေသည့် အနောက်တိုင်း နဲ့ပတ်သတ်တဲ့ ယဉ်ကျေးမှုတခုနဲ့ ကျွန်တော်နှိုင်းယှဉ်ပြ မယ်။ တခြားတော့မဟုတ်ဘူး ရုပ်ရှင်ကားတွေပဲဗျ။ ဟောလိဝုဒ် ရုပ်ရှင်ကားတွေတွေရဲ့ ပြောင်းလဲမှု အကြောင်းပဲ။ လွန်ခဲ့တဲ့အနှစ်နှစ်ကျော်နဲ့ သူနောက်ပိုင်းက ရုပ်ရှင်ကား အတော်များများမှာ (အထူးသဖြင့် ကတော့ သရဲကားနဲ့စစ်ကား)တွေမှာ မင်းသမီး မင်းသားချစ်ကြိုက်ခန်း(လိင်ဆက်ဆံခန်း)တွေကို အနည်း ဆုံး တခန်းတော့ ထည့်တက်ကြတယ်။ ဒါကိုကျွန်တော်က ဘွန်းဉ်ကျေးမှုလို့ နာမည်ပေးထားတယ်။ အသေးစိတ် ရှင်းပြချင်ပေမယ့် ခေါင်းစဉ် လွဲသွားမှာစိုးလို့နောက်ကြမှ ဆွေးနွေးမယ်ဗျာ။ ဒါပေမယ့် ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ အဲ့သည့် အခန်းတွေထည့်ပြီး ပရိတ်သတ်ကို မဆွဲဆောင်တော့ဘူး။ ကင်မရာ အထူးပြု လုပ်ချက်တွေ နဲ့အခြားအရာတွေကို ဦးစားပေးဆွဲဆောင်လာတာကို ခင်ဗျားသတိထား မိမယ်ထင်တယ်။ လိင်ခန်းတွေကို လုံးဝမတွေရတော့ တာတော့မဟုတ်ပဲ လိုအပ်မှ ထည်သုံးတာတွေတော့ အတန်အသင့် ရှိနေတာတွေနိုင်ပါတယ်။ အဲဒါက ဘာကြောင့်ပြောင်းလဲ သွားလဲဆိုတော့ မီဒီယာတွေများပြားလာမှု ကနေ လိင်ကိစ္စတွေကို အင်တာနက်အပါအ၀င် အခြားနည်းလမ်းပေါင်းဆုံကနေ ရနိုင်လို့ပါပဲ။ဒါက ဘာကိုမီးမောင်း ထိုးပြသလဲဆိုရင် ခေတ်သစ်မှာ movie အမျိုးအစားတွေ ကွဲပြားသွားလို့ (သို့)ခွဲခြားလိုက် လို့ပါပဲ။ ခေတ်သစ်စာပေမှာ စာရေးဆရာအောင်ရင်ငြိမ်းရဲ့ဝတ္တုလိုမျိုး တွေက စာပေနဲ့ လိင်ကိစ္စတွေကို ပေါင်းစည်းဦးမယ်ဆိုရင် ခေတ်နောက်ပြန်ဆွဲတဲ့ အယူအဆ အနေနဲ့ ကျွန်တော်ကတော့ သတ်မှတ်ရလိမ့် မယ်။ နောက်ဆုံးပိတ်အနေနဲ့ မကြာခင်ကမှ ဖြစ်သွားတဲ့ကမ္ဘာ့ ဂီတလောကက မိုင်းလေဆိုင်းရပ်စ်ကို မှတ်ချက်ပေးခဲ့တဲ့ စကားလုံးလေးကို ပဲပြောပါရစေ။ `ကျွန်တော်က မိုင်လေရဲ့အနုပညာနဲ့ ဖျော်ဖျေမှုကို မြတ်နိုးတာပါ။ အဖော်အချွတ်တွေကြည့်ချင်ရင် porn movie တွေပဲကြည့်တော့ မှာပေါ့…………’ 



World Myanmar News မှ စုစည်းတင်ပြသည်။
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...