သိထားသင့်သည့် တုပ်ကွေးရောဂါနှင့် ရိုးရိုး အအေးမိရောဂါ ကွာခြားချက်

ရိုးရိုး အအေးမိသော ရောဂါမှာ တဖြည်းဖြည်း ဖြစ်စေပါ သည်။ တုပ်ကွေးရေးဂါမှာ ရုတ်တရက် ဖြစ်စေပါသည်။

ရိုးရိုး အအေးမိသော ရောဂါမှာ အဖျားရောဂါ မပြ၊ အဖျား ရောဂါ အသင့်အတင့်ဘဲ ဖြစ်ပေါ် တက်ပါသည်။ ( ၃၈ စင်တီ ဂရိတ် အောက်သာရှိ ) တုပ်ကွေးရောဂါမှာ အဖျားကြီးခြင်း ဖြစ်ပေါ်ပါသည် ။ ( ၃၈ နှင့် ၄၁ စင်တီဂရိတ် အကြားတွင် ဖြစ်ပေါ် )

ရိုးရိုး အအေးမိခြင်းမှာ ခေါင်းကိုက်ခြင်း မရှိပါ ။ တုပ်ကွေး ရောဂါမှာ ခေါင်းကိုက်ခြင်း ဖြစ်ပေါ် ခံစားနေ ရပါသည် ။

ရိုးရိုး အအေးမိခြင်းမှာ ခန္ဓာကိုယ့် ကြွက်သားများ ကိုက်ခဲခြင်းသည် သာမန် အသင့်အတင့်သာ ရှိနေတတ်ပြီး မောပန်းခြင်းလည်း အသင့်အတင့်သာ ဖြစ်ပေါ်ပြီး တုပ်ကွေးသမားများမှာ ကြွက်သားများ ပြင်းထန်းနာကျင် တတ်ပါသည် ။ မောပန်းခြင်းတွင် ပြင်းထန်းစွာ ဖြစ်ပေါ်တတ်ပါသည် ။

ရိုးရိုးအအေးမိခြင်းကြောင့် လည်ခြောင်းနာခြင်း ဖြစ်ပေါ်တက်ပြီး ချောင်းဆိုးသည့် လက္ခဏာများသောအားဖြင့် မရှိတတ်ပါဘူး ။ တုပ်ကွေးရောဂါတွင် လည်ခြောင်းနာခြင်း တစ်ခါတရံသာဖြစ်တတ်ပြီး ချောင်းဆိုးခြင်းများ ဖြစ်ပေါ် ပါသည် ။

ရိုးရိုးအအေးမိခြင်းတွင် နှာချေခြင်းများ ဖြစ်ပေါ်တတ်ပြီး တုပ်ကွေးရောဂါဖြစ်သူတွင် ရံဖန်ရံခါသာ ဖြစ်ပေါ်တတ် ပါသည် ။

ရိုးရိုးအအေးမိခြင်းဖြစ်ပေါ်သည့် ကြာမြင့်သည့် ရက်မှာ အကြမ်းအားဖြင့် ၃ - ၄ ရက်သာ ဖြစ်ပေါ်စေတတ်ပြီး ။

တုပ်ကွေးရောဂါ၏ ကြာမြင့်သည့်ရက်မှာ အကြမ်းအားဖြင့် ၇ - ၁၀ ရက်အထိ ဖြစ်ပေါ်ခံစားရနိုင်တတ်သည် ။


ကျန်းမာရေးအသိများရရှိပြီး အသက်ရာကျော်ရှည်ပါစေ ။

Mg Mandalay
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...