သတို့သမီးလောင်းက ဘယ်သူဖြစ်မှာလဲ။

မိန်းကလေးတွေ အကြောင်းကိုပဲ အဓိက ရေးနေမိခဲ့လို့ ကောင်လေးတွေ စိတ်ကောက်သွားမှာ စိုးလို့ ယောင်္ကျားလေး ဘက်ကနေလည်း ရေးပေးလိုက်ပါပြီ။

ကောင်လေးတွေမှာလည်း ဘဝ တစ်လျှောက်လုံး လက်တွဲ သွားရမဲ့သူကို သေသေချာချာ ကြည့်ပြီး ရွေးချယ် နေတယ်လို့ထင်ပါတယ်။

ကိုယ့်ရဲ့မိသားစုနဲ့ အဆင်ပြေပါမှာလား။ ရေမြေမတူတဲ့ နေရာကသူဆိုရင် အစားအသောက် အဆင်ပြေပါ့မလား။ အမျိုးမျိုးတွေးပြီးမှ ဘဝရဲ့လက်တွဲဖော်ကို ဆုံးဖြတ်ရမှာပါ။

ကဲ ကောင်လေးတွေက ကြိုက်နှစ်သက်တဲ့ မိန်းကလေး တွေကတော့ အောက်မှာ ဖတ်ကြည့် လိုက်ပါနော်။

နံပါတ်၁ ဟင်းချက်ကောင်းသောသူ

နံပါတ်၂ ပိုက်ဆံကို စနစ်တကျ စီမံခန့်ခွဲနိုင်သူ

နံပါတ်၃ ကျေးဇူးသိတတ်သူ

နံပါတ်၎ ရိုးသားသိမ်မွေ့ပြီး မိန်းမကောင်းပီသသူ

နံပါတ်၅ သိုသိုသိပ်သိပ်နေတတ်ပြီး ကြင်နာသူ

နံပါတ်၁နေရာမှာ ပြေးနေတာတဲ့ ဟင်းချက်ကောင်းသူကို ဘာလို့ရွေးသလဲဆိုရင် အိမ်မှာချက်တဲ့ဟင်းက အရသာ ရှိရင်တော့ နေ့တိုင်း ထမင်းစားရမှာ ကိုတွေးရင်တောင် ပျော်လွန်းလို့အိမ်ကို မြန်မြန်ပြန်ချင် တာပေါ့နော်လို့ ဖြေ တာကတော့ အသက် ၃၀ အရွယ် ယောင်္ကျားလေးပါ။ ဗိုက်ကို ပိုင်ထားပြီးဆိုရင်တော့ လွယ်လွယ်နဲ့ပြေးလို့ မရ ဘူးလေလို့ဖြေတာကတော့ အသက် ၃၂ နှစ် ယောင်္ကျားလေးပါ။ ဘယ်အိမ်ထောင်မှာမဆို ပင်ပန်းပြီးပြန်လာတဲ့ ယောင်္ကျားမှာ အိမ်ပြန်လာရင် အရသာရှိတဲ့ မိန်းမရဲ့လက်ရာလေးနဲ့ ထမင်းစားလိုက်ရရင်တော့ အမောပြေ သွားမှာ အမှန်ပါ။

နံပါတ်၂နေရာမှာ ပြေးနေတာတဲ့ ပိုက်ဆံကို စနစ်တကျ စီမံခန့်ခွဲနိုင်သူကတော့ ရေးထားတဲ့အတိုင်းပဲ ပိုက်ဆံရဲ့ တန်ဖိုးကို နားလည်တဲ့သူမဟုတ်ရင် လက်မထပ်နိုင်ဘူးလို့ ပြောတာကတော့ အသက် ၂၉ နှစ်အရွယ် ယောင်္ကျား လေး တစ်ယောက်ပါ။ ပိုက်ဆံကြည့်ပြီး ချစ်ကြိုက်မဲ့သူဆိုရင်တော့ တာ့တာပဲလို့ဖြေတာကတော့ အသက် ၂၈နှစ် အရွယ် ယောင်္ကျားလေးပါ။

အသက်ကြီးမှ ဒုက္ခမရောက်ချင်ဘူးလေ လို့ဖြေတာကတော့ အသက် ၃၂ နှစ်ယောင်္ကျားတစ်ယောက်ပါ။ နံပါတ်၅ နဲ့နည်းနည်းဆက်စပ်နေတယ်လို့ထင်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မချမ်းသာရင်နေပါစေ စိတ်ချမ်းသာ ကိုယ် ချမ်းသာနေထိုင်နိုင်ရင် အကောင်းဆုံးလို့ တွေးနေတဲ့ ယောင်္ကျားလေးတွေက များလာတယ်လို့ထင်ပါတယ်။

နံပါတ် ၃ နဲ့ ၄ ကတော့ အထူးပြောစရာမလိုတော့ဘူးလို့ထင်ပါတယ်။ အိမ်ထောင်ပြုပြီဆိုရင်တော့ သူ့ဘက် ကိုယ့်ဘက် ဆွေမျိုး အပေါင်းအသင်းဆိုတာ ရှိတဲ့အခါ ယဉ်ကျေးသိမ်မွေ့မှသာလျှင် လူချစ်လူခင်ပေါပြီး စီးပွားလဲ တိုးတတ်မှာဖြစ်ပါတယ်။

ယောင်္ကျားလေးတွေရဲ့ အဖြေကနေ နိဂုံးချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ကိုယ်ထင်တာတဲ့ မိန်းကလေးနဲ့တွေ့ဖို့ ဆိုတာ တော်တော်ကို ခက်ခဲတဲ့ အလုပ် တခုဖြစ်ပါလိမ့်မယ်။ အတွေးလွန်ပြီး လူပျိုကြီးတွေ ဖြစ်သွားမှာကိုပဲ စိုးရိမ် မိပါတယ်။ 


Chelmo Team
Ref. R25
Photo By. http://image.excite.co.jp/
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com)
Facebook Page Twitter   Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...