အမျိုးသမီးများ စကပ်ဆိုက်ကို သတိထား
အသက် ၂၀ ပြည့်ပြီးနောက် ၁၀ နှစ်အတွင်း ခါးဆိုက် တစ်ဆိုက်စီ တိုးလာလေ့ရှိသော အမျိုးသမီးများသည် သွေးဆုံးပြီး နောက်ပိုင်း၌ ရင်သား ကင်ဆာဖြစ်ပွားနိုင် ချေ ၃၃ ရာခိုင်နှုန်း ပိုသည့်အတွက် အမျိုးသမီးများ အနေနှင့် မိမိကိုယ်အလေးချိန် တိုးလာခြင်း ရှိ၊မရှိကို မိမိ ၀တ်ဆင်သော စကပ် အရွယ်အစားအား ဂရုပြုစောင့် ကြည့် သင့်ကြောင်း လန်ဒန် ယူနီဗာစီတီ ကောလိပ်မှ သုတေသီများက ပြောသည်။
အ၀လွန်ခြင်းကြောင့် ကင်ဆာဖြစ်ပွားမည့် အန္တရယ် ရှိရာဝယ် ခါးအလယ်ပိုင်း အဆီများသော အမျိုးသမီးများတွင် ရင်သားကင်ဆာ ပိုမိုဖြစ်ပွားသည့်အတွက် နောင်တွင် မိမိ၌ ရင်သားကင်ဆာ ဖြစ်လာနိုင်ခြင်း ရှိ၊မရှိကို မိမိဝတ်ဆင် သော စကပ်ခါးဆိုက် တက်လာခြင်းရှိ၊မရှိ စောင့်ကြည့်ရုံဖြင့် လွယ်ကူစွာ သိရှိနိုင်မည့် နည်းဖြစ်သည်။
အင်္ဂလန်နိုင်ငံတွင် အသက် ၅၀ မှ ၆၀ အရွယ် အမျိုးသမီး ၉ သောင်းကျော်အား စောင့်ကြည့်ခဲ့ရာ ၃ နှစ်အတွင်း ရင်သားကင်ဆာဖြစ်ပွားသူ ၁၀၉၀ ဦးရှိခဲ့ပြီး ၄င်းတို့ အားလုံးသည် အသက် ၂၀ နောက်ပိုင်း ၁၀ နှစ်လျင် အနဲဆုံး ခါးဆိုက် တစ်ဆိုက် ပုံမှန်ကြီးလာသူ များဖြစ်သည်ကို တွေ့ ရသည်။
၁၀နှစ်အတွင်း ခါးဆိုက်တစ်ဆိုက်ပိုကြီးလာလျင် ရင်သားကင်ဆာဖြစ်ပွားနိုင်ချေ ၃၃ ရာခိုင်နှုန်းဖြစ်ပြီး နှစ်ဆိုက် ပိုကြီး လာလျင်မူ ၇၇ ရာခိုင်နှုန်းဖြစ်လေရာ ကျန်းမာရေးနှင့်ညီညွတ်သောနေထိုင်မှုပုံစံကို ကျင့်သုံးပြီး လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ကာ ခါးအလယ်ပိုင်းအဆီမတက်အောင် ဂရုတစိုက်နေထိုင်သွားပါလျင် အမျိုးသမီးတိုင်းသည် ရင်သား ကင်ဆာဖြစ်ပွားနိုင်ချေကို ၄၀ ရာခိုင်နှူန်းခန့်  လျော့ချနိုင်မည်ဖြစ်ကြောင်း သိရသည်။
အမျိုးသမီးတွေက ပေါင်ချိန်ကြပါတယ်။ ဒါပေမယ့်ချိန်ပြီးတော့ ညဉ်းညူလိုက်တာပဲရှိပြီး နေထိုင်မှုပုံစံ၊ ကျန်းမာရေး လေ့ကျင့်ခန်း အစရှိတာတွေကို ဟုတ်တိပတ်တိ ဂရုမစိုက်ကြပါဘူး။ နောက်ပြီး ကိုယ်အလေးချိန်တိုးလာတယ်ဆို တာ တစ်ကိုယ်လုံးအချိုးကျကျတိုးလာတယ်ဆိုရင်တော့ တစ်မျိုးပေါ့၊ ဒါပေမယ့် ခါးလယ်ပိုင်းအဆီက သိသိသာသာ တိုးလာတယ်ဆိုရင်တော့ ရင်သားကင်ဆာဖြစ်နိုင်မယ်ဆိုတဲ့ နိမိတ်လက္ခဏာဖြစ်နေပါတယ်။ ဒါကိုအမျိုးသမီးတွေ အလွယ်ဆုံးနည်းနဲ့  သတိထားမိဖို့  စကပ်ဆိုက်ကို ဂရုစိုက်ပါလို့ ပြောရတာပါဟု သုတေသီတစ်ဦးက ပြောပြသည်။
ထို့ ကြောင်း သွေးဆုံးပြီးနောက်ပိုင်း ရင်သားကင်ဆာအန္တရယ်ကိုရှောင်ရှားနိုင်ရန် အမျိုးသမီးထုသည် ကျန်းမာရေး နှင့် ညီညွတ်သောကိုယ်အလေးချိန်ကို ထိန်းထားရန်လိုအပ်ပြီး ကိုယ်လက်လှုပ်ရှားမှုကို တတ်နိုင်သလောက် ပြုလုပ် ကာ အရက်သေစာသောက်သုံးမှုကိုလည်း လုံးဝဖြတ်ပစ်ရမည်ဖြစ်ကြောင်း သိရသည်။

Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ပဲ့ကိုင်ပေးနေသော ယုံကြည်ချက်နှင့် ဆင်ခြင်တုံတရား Ei Chaw Po (အိချောပို)..Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးသရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDSCytotec (Misoprostol) ဆေးသုံးနည်း
- (အနောကျသို့) အွိုင်မြခုံ သို့မဟုတ် ကမ္ဘာ့အအေးဆုံး ရွာ Ei Chaw Po (အိချောပို)..Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးသရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDSCytotec (Misoprostol) ဆေးသုံးနည်း