ဟင်းသီး ဟင်းရွက်တွေနဲ့ အသီးအနှံတွေ ပိုးမွှား ကင်းစင်အောင် ဘယ်လိုလုပ်နိုင်လဲ
အမေရိကန် စိုက်ပျိုးရေးဌာနနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးဆိုင်ရာ ဆောင်ရွက်သူများ အဖွဲ့တွေက လတ်လတ် ဆတ်ဆတ် အသီးအရွက်တွေမှာ ဓာတု ဆေးဝါးတွေ ပါရှိတတ်တာကို စားသုံးသူတွေကို နှစ်စဉ် သတိပေး လေ့ရှိပါတယ်။ ပန်းသီး၊ စတော် ဘယ်ရီ၊ စပျစ်သီး၊ ဒေါက်ခွရွက်၊ သခွားသီး၊ ချယ်ရီသီး၊ ခရမ်းချဉ် သီး၊ အာလူး စတာတွေဟာ သန့် ရှင်းမှုမရှိတဲ့ စာရင်းထဲ အမြဲလိုလို ဝင်နေလေ့ ရှိပါတယ်။
ဒါကြောင့်မို့ ရိုးရိုးရှင်းရှင်းနဲ့၊ အကုန်အကျသက်သာစွာနဲ့ ဓာတု ဆေးဝါးတွေ သန့်စင်နိုင်မယ့်နည်း လမ်းအချို့ကို မျှဝေပေးလိုက်ပါ တယ်။
ရှလကာရည် ၁၀ ရာခိုင်နှုန်းနဲ့ ရေ ၉၀ ရာခိုင်နှုန်းရောစပ် ထားတဲ့ရေထဲကို ဟင်းသီးဟင်း ရွက်တွေ၊ အသီး အနှံတွေကို ၁၅ မိနစ်ကနေ မိနစ် ၂၀ အထိစိမ် ထားပေးပါ။ ရေဇလုံထဲမှာ အညစ်အကြေးတွေ ကျန်ခဲ့တာ တွေ့ရ မှာပါ။ အဲဒီနောက် ရေသန့် သန့်နဲ့ထပ်ဆေး လိုက်တဲ့အခါ ဓာတုဆေး ကင်းစင်သန့်ရှင်းတဲ့ ဟင်းသီးဟင်းရွက်တွေ ရမှာပါ။ ဒီနည်းက ဘယ်ရီသီးလိုမျိုး ပေါက်ပြဲလွယ်တဲ့ အခွံပါးသီးနှံ တွေကို ဆေးဖို့အဆင်မပြေတဲ့ အတွက် သံပရာရည်နဲ့ အစားထိုး ဆေးကြောနိုင်ပါတယ်။
နောက်တစ်နည်းကတော့ ရေထဲကို ဆားနည်းနည်းထည့်ပြီး ဆေးနိုင်သလို ရေခဲရေအေးအေး နဲ့ဆေးကြော ရင်လည်း ပိုးမွှား တွေကို ၇၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းထိသေစေနိုင်တယ် လို့ဆိုပါတယ်။ ဒါကြောင့် မိသား စုတွေကျန်းမာစေဖို့ အစားအသောက်တွေကိုသန့်ရှင်းအောင် ဆေး ကြောစားသုံးကြရအောင်ပါ။
—Ref: healthynaturalworld.com

7Day Daily
- (အရှေ့သို့) ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရ မျှတသော ခန္ဓာကိုယ် ရရှိစေဖို့ ဘယ်လိုစားသောက် နေထိုင်ရမလဲ လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Cytotec (Misoprostol) ဆေးသုံးနည်းJAVA leaning Myanmar (PDF)
- (အနောကျသို့) ရင်သွေးအတွက် အား လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Cytotec (Misoprostol) ဆေးသုံးနည်းJAVA leaning Myanmar (PDF)