ကနေဒါနိုင်ငံသား တဦးက တရုတ်ကျောင်းသား တဦးကို သတ်ပြီး စာတိုက်ကနေပို့
![]() |
လူကာ မဂ်နော့တာ (ဓာတ်ပုံ – အေအက်ဖ်ပီ) |
ဒါပေမယ့် သူ့ရှေ့နေကတော့ အမှုသည်ဟာ စိတ် ဝေဒနာတမျိုးကို ခံစားနေရလို့ ရာဇဝတ်မှု အတွက် တာဝန် မရှိဘူးလို့ ခုခံလျှောက်လဲ ခဲ့ပါတယ်။
အစိုးရ ရှေ့နေကတော့ အသက် ၃၂ နှစ်အရွယ် ကနေဒါနိုင်ငံသား လူကာ မဂ်နော့တာဟာ တရုတ် ကျောင်းသား ဂျွန်လင်ကို မွန်ထရီရယ်မြို့မှာ မသတ်ခင် အနည်းဆုံး ၆ လလောက်က လူသတ်ဖို့ စတင်စီစဉ်ခဲ့ပြီး စီစဉ်ပုံကိုပါ ရုပ်ရှင်မှတ်တမ်း လုပ်ထားခဲ့ကြောင်း သက်သေတွေက ပြနေတယ်လို့ ပြောပါတယ်။
မက်ဂ်နော့တာကိုဖမ်းဖို့ နိုင်ငံတကာက ရှာနေချိန်မှာ ပြည့်စုံတဲ့ အသေးစိတ် ရှင်းပြချက်တွေကို လူသိရှင်ကြား ဖွင့်ချ ခဲ့ဖူးပါတယ်။
မက်ဂ်နော့တာကို ပထမအဆင့် လူသတ်မှု၊ လူ့ခန္ဓာကိုယ်ကို ဂုဏ်သိက္ခာမဲ့အောင် မဖွယ်မ ရာလုပ်မှုနဲ့ မဖွယ်မရာ ရုပ်သံကို ထုတ်လွှင့်မှုတွေနဲ့ တရားစွဲထားပါတယ်။
ဒီအမှုဟာ ကမ္ဘာတလွှား ခေါင်းကြီးပိုင်း သတင်း ဖြစ်ခဲ့ပါတယ်။ စွဲချက် ၅ ခုလုံးကို မက်ဂ်နော့တာက သူလုပ်တာလို့ ဝန်ခံခဲ့ပေမယ့် အပြစ်မရှိဘူးလို့လည်း ပြောပါတယ်။
ဒီတရားစီရင်မှုကို အသတ်ခံရသူ လင်ရဲ့ ဖခင် လင်ဒီရန်က တရုတ်နိုင်ငံကနေ လာရောက် ကြားနာပါတယ်။
မက်ဂ်နော့တာကို တကမ္ဘာလုံးက ဝိုင်းရှာခဲ့ပြီး ဂျာမနီနိုင်ငံ မြို့တော်ဘာလင်က အင်တာနက်ကဖေးဆိုင်မှာ သူ့သတင်းကို သူပြန်ဖတ်နေတဲ့အချိန် ဖမ်းမိခဲ့ပါတယ်။
DVB News
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
- (အရှေ့သို့) ကန်ဒေါ်လာ ငါးသောင်း တန်ဖိုးရှိ MBA ပညာသင်ဆု ၃ ဆုပေးအပ်မည် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း
- (အနောကျသို့) ကင်မရာရှေ့မှာ ကစားရင်း ၁ နှစ်ကို ဒေါ်လာ ၁ သန်းကျော် ရရှိတဲ့ အသက် ၈ နှစ်ရွယ် ကလေး Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း