အမျိုးသမီးအချို့ ငရုတ်ရည် ဖျန်းဆေးဘူးများ ဆောင်လာ
ဆယ်ကျော်သက် စုံတွဲ အချင်းချင်း ဓားထိုး အကြမ်းဖက်မှုများ ဖြစ်ပေါ် နေ၍ အမျိုးသမီးအချို့သည် မိမိကိုယ်ကိုယ် ကာကွယ်နိုင်မည့် ငရုတ်ရည် ဖျန်းဆေးဘူး ငယ်လေးများ ဆောင်လာကြ သည်ဟု သတင်း ရရှိသည်။
အဆိုပါဘူးမှာ စပရေးပုံစံ ထုတ်လုပ် ထားခြင်းဖြစ်ပြီး ရန်မူ တိုက်ခိုက်ခံ ရပါက မျက်လုံးကို ပက်ဖျန်းလိုက်ရုံဖြင့် တစ်နာရီကျော်ကြာ မျက်လုံး ဖွင့်နိုင် မည်မဟုတ်ဘဲ ထွက်ပြေး လွတ်မြောက်နိုင်ကြောင်း အဆိုပါ ဖျန်းဆေး စပရေးဘူး ဆောင်ထားသူ Laurel Art အနုပညာ သင်တန်း ကျောင်းမှ ကျောင်းသူ အေးမြမြင့်မိုရ်က ပြောသည်။
အဆိုပါဘူးများကို ယခုလအတွင်း စတင်ရောင်းချ လာပြီဖြစ်ရာ အမျိုးသမီး တစ်ထောင်ကျော် စတင်စမ်းသပ် သုံးစွဲနေပြီဟု ဂိတ်သရပါကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဦးကောင်းကျော်က ပြောသည်။
‘‘ငရုတ်သီးအစစ်နဲ့ လုပ်ထားတာ။ တိုက်ခိုက်လာတဲ့ အမျိုးသားရဲ့ မျက်နှာ ဧရိယာကို ဖျန်းပစ်ရမယ်။ အသက်ရှူ လမ်းကြောင်းထိရင် ချောင်းဆိုမယ်၊ နှာချေမယ်၊ မျက်စိထိရင် မျက်ရည်ကျမယ်၊ ပူစပ်တယ်။ အမျိုးသမီးအတွက် ထွက်ပြေးဖို့ အချိန်ရမယ်’’ဟု ၎င်း က ရှင်းပြသည်။
တစ်ဘူးလျှင် ၈,၅၀၀ ကျပ် ဖြင့် နေရာအနှံ့တွင် ဝယ်ယူနိုင်ရန် ဈေးကွက်ဖြန့်ဖြူးမှုများ တိုးချဲ့ သွားမည်ဟု ဦးကောင်းကျော်က ပြောသည်။
အမျိုးသမီးများသည် အဆိုပါ ဖျန်းဆေး ဘူးဆောင်ထားခြင်းဖြင့် ယခင်ကကဲ့သို့ ဓား၊ ကတ်ကြေး၊ တွယ်ချိတ်များ ဆောင်ထားစရာ မလိုဘဲ အဆင်ပြေနိုင်ပြီး ချွန်ထက်သော အရာများဖြင့် ပြန်လည်ခုခံမိပါက ဥပဒေအရ အရေးယူ ခံရနိုင်သဖြင့် ယခုဖျန်းဆေးမှာ များစွာ အဆင်ပြေနိုင်ကြောင်း ကမာရွတ်မြို့နယ်ရှိ စတိုးဆိုင်တစ်ခုမှ အရောင်း မန်နေဂျာ အမျိုးသမီးတစ်ဦးက ပြောသည်။
မုဒိမ်းမှုများ ဆိုးရွားစွာဖြစ် ပွားလေ့ရှိသည့် အိန္ဒိယနိုင်ငံနှင့် အမျိုးသမီးများအတွက် လုံခြုံမှုအားနည်းသော နိုင်ငံများ တွင် ယင်းပစ္စည်းကို အသုံးများပြီး မြန်မာနိုင်ငံတွင် ပထမဆုံး စတင် မိတ်ဆက်ရောင်းချ လာခြင်းဖြစ်သည်။
လူသေဆုံးမှုမဖြစ်ဘဲ ထွက်ပြေးရန်အချိန်ရသော ယခုငရုတ်ရည်သည် အမျိုးသမီးများအတွက် များစွာ အသုံးဝင်နိုင် သည်ဟု ကုမ္ပဏီကရည်ရွယ်ထားသည်။
အိမ်နီးချင်းအိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ကလည်း အိန္ဒိယနိုင်ငံတွင် အမျိုးသမီးများ မကြာခဏ အကြမ်းဖက်ခံနေ ရသောကြောင့် အလျင်အမြန်ကာကွယ်ရန် ငရုတ်ရည်ပက်ရမည်ဟု တိုက်တွန်း ပြောဆိုဖူးသည်။
ပြီးခဲ့သည့် ဩဂုတ် ၂၅ ရက် ညနေက အသက် (၁၉)နှစ်အရွယ် မော်ဒယ်သရုပ်ဆောင် အေးချမ်းမြတ်မိုးကို လူငယ် တစ်ဦးက လည်ပင်းကို ဓားဖြင့်ထိုးသတ်ခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သည်။
ထို့အပြင် စက်တင်ဘာ ၁၂ ရက်ကလည်း တောင်ငူမြို့နယ် လယ်ဘူကျေးရွာအုပ်စုအတွင်း အသက်(၁၃)နှစ်အရွယ် အဋ္ဌမတန်းကျောင်းသူကို အသက်(၂၄) နှစ်အရွယ် အမျိုးသားတစ်ဦးက ရေမြောင်းထဲတွင် ငါးမိနစ်ကြာ ရေနှစ် သတ်ခဲ့သည့် အမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များမှ သိရသည်။

7Day Daily
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) အဝေးသင် ဘာသာရပ် သင်ခန်းစာများကို Sky Net Edu Channel မှ ထုတ်လွှင့်မည် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) နို့တိုက်ခြင်းဖြင့် မိခင်နှင့် ကလေး ကျန်းမာရေး ကောင်းမွန်စေနိုင် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'