တယ်လီနော ဆင်းမ်ကတ် ပြည်ပငါးနိုင်ငံကို ဖုန်းခေါ်ဆိုနိုင်မည်
ယှဉ်ပြိုင်မှု ပြင်းထန် လာသော ပြည်တွင်း ဆက်သွယ် ရေး ဈေးကွက်သို့ ဝင်ရောက် လာသည့် နော်ဝေ အခြေစိုက် တယ်လီနော ဆင်းမ်ကတ် များသည် နိုင်ငံ ငါးနိုင်ငံသို့ စက်တင်ဘာလ ၂၇ ရက်နေ့မှ စတင်ကာ ဖုန်းခေါ်ဆိုနိုင်မည် ဖြစ်ကြောင်း တယ်လီနောမြန်မာ ပြန်ကြားရေး တာဝန်ခံ ဦးစိုးသူထွန်းက ပြောကြား သည်။
မန္တလေးမြို့တော်တွင် စက်တင်ဘာ ၂၇ ရက်နေ့တွင် စတင်ရောင်းချနေပြီ ဖြစ်သည့် တယ်လီနော ဆင်းမ်ကတ် များသည် တယ်လီနော ဖုန်းကွန်ရက် ရှိထားပြီးသော ထိုင်း၊ မလေးရှား၊ ပါကစ္စတန်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ကို ဖုန်းခေါ်ဆိုနိုင်မည်ဟု ၎င်းကဆိုသည်။
“အခုစရောင်းတဲ့ ဆင်းမ်ကတ်တွေက စပြီး ဒီနိုင်ငံ ငါးနိုင်ငံကို ဖုန်းခေါ်ဆိုလို့ ရပါပြီ။ ဒီနိုင်ငံတွေက တယ်လီနောရဲ့ တာဝါတိုင် ရှိပြီးသား ဖြစ်တဲ့အတွက်ပါ” ဟု ၎င်းက ရှင်းပြသည်။
အဆိုပါ နိုင်ငံများသို့ ဖုန်းခေါ်ဆိုခများကိုမူ စက်တင်ဘာလ ၂၈ ရက်နေ့ (ယနေ့) ကြေညာပေးမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
တယ်လီနောမြန်မာ၏ ပြည်တွင်းဖုန်းခေါ်ခများမှာ မည်သည့် အော်ပရေတာကိုမဆို တစ်မိနစ်လျှင်၂၅ ကျပ် ကောက် ခံမည် ဖြစ်ပြီး စာတိုတစ်စောင်လျှင် ၁၅ ကျပ်နှင့် Internet မြန်နှုန်း ၃၀၀ kbps ဖြင့် အင်တာနက် အသုံးပြုလျှင် 1MB အတွက် ခြောက်ကျပ်နှင့် Smart Internet မြန်နှုန်း 2Mbps ဖြင့် အသုံးပြုလျှင် 1MB အတွက် ၁၀ ကျပ် ကောက်ခံမည် ဖြစ်ကြောင်း တယ်လီနောမြန်မာက ထုတ်ပြန်ထားသည်။
“ကျွန်မတို့ ဆင်းမ်ကတ်တွေလည်း ပြည်ပ ဖုန်းခေါ်ဆိုနိုင်အောင် လုပ်နေပါတယ်။ အဲလို ပြည်ပခေါ်ဆိုမှုတွေ အတွက် အဲဒီနိုင်ငံတွေ ရှိတဲ့ အော်ပရေတာတွေနဲ့ ဈေးနှုန်းသတ်မှတ်မှု ဆွေးနွေးနေလို့ ဖုန်းခေါ်ဆိုလို့ ရနိုင်မယ့် ရက်ကို မကြေညာနိုင်သေးတာ” ဟု အော်ရီဒူး ပြန်ကြားရေး တာဝန်ခံ ဒေါ်သီရိကြာညိုက ပြောဆိုသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ရောင်းချသော မိုဘိုင်းလ်ဖုန်းများသည် International Roaming စနစ်ဖြင့် အာဆီယံနိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၄၆ နိုင်ငံသို့ ဖုန်းခေါ်ဆိုနိုင်မည် ဖြစ်ပြီး အလယ်အာရှ၊ ဥရောပ၊ သြစတြေးလျ၊ အာဖရိကနှင့် အမေရိကန် ပြည်ထောင်စုတို့အထိ ဖုန်းခေါ်ဆိုနိုင်မည် ဖြစ်ကာ ဖုန်းခေါ်ဆိုခ နှုန်းထားများမှာ နေရာဒေသအပေါ် မူတည်၍ တစ်မိနစ်ကို ကျပ် ၁၂၀၀ မှ ကျပ် ၅၀၀၀ အထိ ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတင်းထုတ်ပြန်ထားသည်။
The Voice Weekly

--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) တစ္ပတ္စာ သင်၏ကံဇာတာ လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Cytotec (Misoprostol) ဆေးသုံးနည်းJAVA leaning Myanmar (PDF)
- (အနောကျသို့) ရှားစောင်းလက်ပတ် သုံးပြီး ရောဂါ ကုသနည်းများ လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Cytotec (Misoprostol) ဆေးသုံးနည်းJAVA leaning Myanmar (PDF)