Heart Cancer နှလုံးကင်ဆာ ဘာလို့ မဖြစ်တာလဲ
လူ့နှလုံးဆိုတာ အသက်ရှင် ဘို့ရာအတွက် မရှိမဖြစ်ဆုံး အင်္ဂါအစိတ် အပိုင်းဖြစ်တယ်။ လူ့အသက်ကို သေစေနိုင်တဲ့ ကင်ဆာရောဂါ နှလုံးမှာ မဖြစ်ပါ။ ဘာလို့ပါလဲ။
ကင်ဆာဖြစ်လာ တယ်ဆိုတာ ပုံမှန် 'ဆဲလ်' တွေကနေ ပုံမှန် မဟုတ်ဘဲ 'ဆဲလ်' ပွါးတာနဲ့ မူမမှန် 'ဆဲလ်' တွေဖြစ်လာ တာပါ။
နှလုံးမှာ အဓိက ကြွက်သား 'ဆဲလ်' တွေသာ ရှိတယ်။ ကြွက်သား 'ဆဲလ်' တွေက လူကောင်ကြီးရင် ကြီးသလို ရှည်ပြီး ကြီးလာတယ်။ ဒါပေမဲ့ နှလုံး 'ဆဲလ်' တွေဟာ သန္ဓေသား ဘဝမှာသာ 'ဆဲလ်' ကွဲတာ၊ 'ဆဲလ်' ပွါးများတာ ဖြစ်နိုင်ပြီး မွေးလာတဲ့နောက်မှာ အဲဒီဖြစ်စဉ်က အဆုံးသတ် သွားပါပြီ။ အဲလိုမဖြစ်လို့ ကင်ဆာ မဖြစ်နိုင်တာပါ။ ကံမကောင်းတာက အဲလိုဖြစ်နေလို့ နှလုံး 'အတက်ခ်' ရတဲ့အခါ သွေးမရလို့ သေသွားတဲ့ နှလုံး 'ဆဲလ်' တွေနေရာ မှာ 'ဆဲလ်' အသစ်တွေ ပြန်မပေါက်နိုင်လို့ ဒုက္ခရောက် ကြရပါတယ်။
ပြီးခဲ့တဲ့နှစ်က ကင်ဆာရောဂါ ဘယ်နေရာတွေမှာ အများဆုံးဖြစ်ပွါးခဲ့သလဲ။
အမျိုးသမီး ရင်သားကင်ဆာ = ၂၃၅,ဝ၃ဝ
အမျိုးသား ဆီးကျိတ်ကင်ဆာ =၂၃၃,ဝဝဝ
အဆုပ်ကင်ဆာ = ၂၂၄,၂၁ဝ
အူမကြီးကင်ဆာ = ၉၆,၈၃ဝ
အရေပြားကင်ဆာ =၈၁,၂၂ဝ
ဦးနှောက်ကင်ဆာ = ၂၃,၃၈ဝ
ကိန်းဂဏန်းတွေက အမေရိကန် ပြည်ထောင်စုက ဖြစ်ပါတယ်။ ကျွန်တော်ရောက်နေတဲ့ တိုင်းပြည်မို့ ကိုးကားတာ မဟုတ်ပါ။ ဘာမဆို ဒေတာတွေကို စနစ်တကျထားသို၊ ကိန်းဂဏန်းတွေ ဆိုတာလဲ ပြည့်စုံတဲ့ နေရမို့သာ ဖြစ်ပါ တယ်။
ဒေါက်တာတင့်ဆွေ
၂၇-၉-၂ဝ၁၄

--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
- (အရှေ့သို့) MPT ဆင်းမ်ကတ် ၁၀ သိန်းကို အောက်တိုဘာလ၌ ဈေးကွက်အတွင်း ထပ်မံဖြန့်ချိမည် လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Cytotec (Misoprostol) ဆေးသုံးနည်းJAVA leaning Myanmar (PDF)
- (အနောကျသို့) ခေါင်းနှစ်လုံး ပါတဲ့ လိပ်ကလေး လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Cytotec (Misoprostol) ဆေးသုံးနည်းJAVA leaning Myanmar (PDF)