မြန်မာမယ် အွန်လိုင်းမဲ လိမ်ညာခံနေရမှု ဖြေရှင်းချက်မပေး၍ မြန်မာပရိသတ်များ အွန်လိုင်းမဲ မပေးကြရန် မေတ္တာရပ်ခံ
ထိုင်းနိုင်ငံ ဗန်ကောက်၌ အောက်တိုဘာ၁၇ ရက်တွင် ကျင်းပမည့် Miss Grand International ပြိုင်ပွဲကြီး၏ အွန်လိုင်းမဲပေးမှုစနစ်များ လိမ်ညာမှု ရှိနေသည့်အတွက် ယင်းအဖွဲ့အစည်းမှ တာဝန်ရှိသူများထံ ထပ်ကာတလဲလဲ စာပေးပို့ တင်ပြထားသော်လည်း ပြန်လည်ဖြေရှင်း မှု တစ်စုံတစ်ရာ လုံးဝ မပေးသောကြောင့် မြန်မာမယ်အတွက် အွန် လိုင်းမဲ မပေးတော့ရန် မြန်မာပရိသတ်များကို မေတ္တာရပ်ခံ လိုက် ကြောင်း စက်တင်ဘာ ၂၅ ရက်တွင် Miss Golden ကိုဝေယံအောင် က စံတော်ချိန်သို့ ပြောဆိုခဲ့သည်။
မြန်မာမယ်နှင့် ဖိလစ်ပိုင်မယ်သည် မဲအရေအတွက် အနည်းနှင့် အများကွာဟမှုဖြင့် မဲအများ ဆုံးနေရာသို့ တစ်လှည့်စီ ဦးဆောင်နေ ခဲ့သော်လည်း မြန်မာမယ်မဲ အများဆုံး ရောက်ရှိသွားပြီး မကြာမီ အချိန်အတွင်း ရရှိထားသည့် မဲအရေအတွက် အလိုအလျောက် လျော့နည်း သွားခြင်းကြောင့် ဒုတိယနေရာသို့သာ ပြန်လည်ရောက် ရှိနေသည့် အခြေအနေကြုံတွေ့ နေရကြောင်း သိရသည်။
'သေချာတာတော့ မဲပေးမှုစနစ်မှာ တစ်ခုခုလိမ်ညာမှုရှိနေပါပြီ။ ဒါကို ကျွန်တော်တို့ အဖွဲ့အစည်းကို တိုက်ရိုက်ပြော တယ်။ အဲဒီအဖွဲ့အစည်းရဲ့ fan page မှာပြောတယ်။ အဲဒီလိုပြော လို့ ကျွန်တော့်ကိုတောင် Remove လုပ်လိုက် တယ်။ စာတွေ ထပ်ကာထပ်ကာပို့တယ်။ လုံးဝ ဖြေရှင်းမှုမှ ပြန်မ လာဘူး။ ဒါကြောင့်မြန်မာပရိသတ်တွေကို မဲမပေးဖို့ကျွန်တော် မေတ္တာရပ်ခံထားတယ်။ ကျွန်တော်တို့ ဘယ်လောက်မဲပေးပေး မြန်မာမယ်က ပထမနေရာကို ခဏရောက်ြ်ပီးတာနဲ့ ဒုတိယနေရာကို ပြန်ကျသွားတာပဲ။ အမြဲတမ်း ဖိလစ်ပိုင်မယ်က မဲအများဆုံးဖြစ်နေတယ်။
ကျွန်တော်တို့ကတော့ တင်ပြထားပေမယ့် ဆုံးဖြတ်ချက်က သူတို့အပေါ် မူတည်ပါတယ်။ ဘာလို့ လဲဆိုတော့ သူတို့က ပွဲစီစဉ်သူတွေလေ။ ပြီးတော့ ဒီအွန်လိုင်းမဲ အများဆုံး အလှမယ်က ပြိုင်ပွဲကြီးရဲ့ နောက်ဆုံးဆန်ခါတင် ၁၆ ယောက် စာရင်းမှာ အလိုအလျောက် ပါဝင်ခွင့်ရမှာ ဖြစ်ပါတယ်'ဟု ကိုဝေယံအောင် ကပြောဆိုသည်။
၎င်းတို့အနေဖြင့်ယင်း ပြိုင်ပွဲကြီးသို့ စက်တင်ဘာ၂၆ ရက်တွင်ထွက်ခွာသွားခဲ့ပြီး ယင်းအဖွဲ့အစည်းမှ တာဝန်ရှိ သူများနှင့် တွေ့ဆုံပြောကြားမည် ဖြစ်ကြောင်းသိရသည်။
'တကယ်လို့ ဒီလိုကြီးဖြစ်နေတာကို သူတို့ကပြန်လည်ဖြေရှင်းမှုမပေးနိုင်ဘူးဆိုရင်လည်း ကျွန်တော်တို့အနေနဲ့ နောက်နှစ်တွေမှာ မြန်မာအလှမယ်တွေကိုဆက်လက်စေလွှတ်ဦးမှာပါပဲ။ ဘာလို့လဲဆိုတော့အနိုင်အရှုံးဆိုတာ သူတို့အဖွဲ့အ စည်းကြီးပေါ် မူတည်တာပါ။ အဓိကကတော့ မြန်မာပရိသတ်နဲ့ နိုင်ငံတကာပရိသတ်က အဖြစ်မှန်ကို သိပြီး မြန်မာအလှမယ်နောက်မှာ ရှိနေဖို့ပါ။ နောက်ပြီးတော့ အခုလိုသွားယှဉ်ပြိုင်တယ်ဆိုတာကလည်း နိုင်အရှုံး ထက်မြန်မာ့အလှ၊ မြန်မာ့ရိုးရာယဉ်ကျေးမှုတွေကို ပြသချင်လို့ အခုလို သွားရောက်တာပါ။ မြန်မာအလှမယ်တွေ ရဲ့အလှနဲ့ အရည်အချင်းတွေကို ကမ္ဘာသိအောင်ချပြနိုင်ဖို့က ပိုအရေးကြီး ပါတယ်လို့ ကျွန်တော်တို့မြင်ပါတယ်။ ဒါကြောင့် နှစ်စဉ်စေလွှတ်သွားဦးမှာပါ'ဟု ၎င်းက ပြောဆိုသည်။
ယခုကဲ့သို့ မဲအရေအတွက်လိမ်ညာမှုများကြောင့် မြန်မာမယ်စိတ်အားမငယ်စေရန်နှင့် အရှုံးမပေးရန် အဖွဲ့အစည်းမှ အမြဲအားပေးနေပြီး ကိုယ်ပိုင်အရည်အချင်း စမွ်းရည်ြဖင့်သာ ယှဉ်ပြိုင်ရန် အလှမယ်ကို အားပေးထားကြောင်း သိရသည်။ ယင်းပြိုင်ပွဲသို့မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ကချင်တိုင်းရင်းသူ အလှမယ် အမ်ဂျာဆိုင်း ဒုတိယမြောက် အဖြစ် သွားရောက် ယှဉ်ပြိုင်နေခြင်းဖြစ်ကြောင်းသိရသည်။ ယခင်နှစ်က အလှမယ် ထားထက်ထက် ပထမဆုံးသွား ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယင်းအွန်လိုင်းဆုကို ရရှိခဲ့ကြောင်း သိရသည်။

စံတော်ချိန် နေ့စဉ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) သမီးအရင်းကို သတ်၍ အပိုင်းပိုင်းခုတ်သူ တရုတ်ဖခင် ထောင်ဒဏ် တစ်သက်ကျ Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) သားအိမ်ခေါင်း ကင်ဆာအတွက် လမ်းညွှန်ချက် Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'