ကစားတယ်ဆိုတာ အရေးကြီးတဲ့ အလုပ်တစ်ခုပါ

ကလေးတွေ ကစားတယ် ဆိုတာ အရေးကြီးတဲ့ အလုပ် တစ်ခုကို လုပ်နေတာပါ။ စိတ်ကူးယဉ် ကမ္ဘာထဲမှာ နှစ်မျော ဆော့ကစားနေတဲ့ ကလေးတွေ၊ အပျော်တမ်း လုံးထွေးသ တ်ပုတ်နေတဲ့ မြေခွေးပေါက် ကလေးတွေ၊ သိုးမွေး ချည်လုံး နဲ့ ကစားနေတဲ့ ကြောင်ကလေး တွေဟာ အပျော်သက်သက် လုပ်နေကြတာ မဟုတ် ပါဘူး။ ငယ်ရွယ်စဉ် ကလေးဘ၀မှာ အပူအပင် ကင်းမဲ့စွာ ဆော့ကစားရင်း ဖိအားမျိုးစုံနဲ့ ပုံစံပြောင်းပေး သွားမယ့် လူကြီးဘ၀ထဲကို ချဉ်းနင်း ၀င်ရောက် လာရ တယ် ဆိုပေမယ့် ကစားတယ်ဆိုတာ ကို ဒီထက်ပိုပြီး နားလည်ဖို့ လိုအပ်ပါတယ်။

ကစားတယ်ဆိုတိုင်း ကောင်းတာတော့ မဟုတ်ပါဘူး။ ကစားနေတဲ့အတွက် အသက်ဆုံးရှုံးရတဲ့ သတ္တ၀ါတွေရှိပါ တယ်။ ဖျံသားပေါက်စုစုပေါင်းရဲ့  ၈၀ ရာခိုင်နှူန်းခန့်  ဟာ အဆော့မက်နေတာနဲ့ ပဲ ရေမုဆိုးတွေကို သတိမထားနိုင် တော့ပဲ အစာဖြစ်သွားကြတာပါ။ ကလေးတွေလည်း ကစားရင်း အန္တရယ်ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ကစားတဲ့ အခါ ခွန်အား ကုန်ဆုံးမှုကလည်း မြင့်လှပါတယ်။ တိရိစ္ဆာန်တစ်ကောင်ဟာ ခန္ဓာကိုယ်ခွန်အားရဲ့  သုံးရာခိုင်နှူန်းလောက် ကုန်သွားအောင် ကစားပစ်တတ်ပြီး ကလေးတွေဆိုရင်တော့ ၁၅ ရာခိုင်နှူန်းလောက်ကုန်ခမ်းသွားအောင် ကစား တတ်ကြပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ခွန်အားရဲ့  သုံးရာခိုင်နှူန်းလောက်ကုန်အောင် ကစားပစ်တယ်ဆိုတာ ကို လွန်လှပါပြီ။ ၁၅ ရာခိုင်နှူန်းဆိုတာသိပ်များပါတယ်။ ဒီတော့ ဒီလောက်များတဲ့ခွန်အားတွေကို ကစားရင်းနဲ့  သုံး ပစ်ရတာ အကြောင်းတစ်ခုခုတော့ရှိရပါမယ်လို့  အီဒါဟိုတက္ကသိုလ်က သုတေသီ ဂျွန်ဘိုင်းယားကပြောပြပါတယ်။

တစ်ကယ်တော့ ကစားတယ်ဆိုတာ ခန္ဓာကိုယ်ဖွံ့ ဖြိုးဖို့ တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ ဦးနှောက်အရွယ်အစား ကိုလည်း ကြီးစေပါတယ်။ အဆော့သန်တဲ့ကလေးတွေဟာ ဥာဏ်ရည်လည်းကောင်းမွန်ပါတယ်။ နောက်ပြီး ကစား တယ်ဆိုတာ နို့ တိုက်သတ္တ၀ါတွေမှာပဲတွေ့ ရပြီး ဦးနှောက်အရွယ်အစားကြီးမားတဲ့ ငှက်တွေမှာ ရှားရှားပါးပါး တွေ့ ရ တတ်ပါတယ်။ တိရိစ္ဆာန်တွေကစားတဲ့အခါမှာ ထူးခြားတဲ့အချက်ပြမှုတွေသုံးပါတယ်။ ဥပမာခွေးတွေအမြီးနှံ့ တာလို ပေါ့။ ဒီခွေးတွေက အချင်းချင်းလုံးထွေးသတ်ပုတ်ဆော့ကစားရင်း အမဲလိုက်စွမ်းရည်၊ မိတ်လိုက်စွမ်းရည်၊ ပေါင်းသင်း ဆက်ဆံမှုနဲ့  ကြီးကောင်ဝင်ခြင်းတို့ ကို လေ့ကျင့်ကြတာပါ။

ခန္ဓာကိုယ်ဖွံ့ ဖြိုးကြီးထွားလာတဲ့အခါ သက်ဖြစ်အင်္ဂါ အစိတ်အပိုင်းတွေကလည်း အမှီလိုက်နိုင်ဖို့  အသက်ရှုအင်္ဂါ အစိတ်အပိုင်းတွေ ခံနိုင်ရည်ကောင်းလာအောင် များများ ဆော့ပေးရတာပါ။ 

လေ့ကျင့်ခန်း သီအိုရီကို ကြည့်ကြည့်ရအောင်ပါ။ ကစားရင် ကြွက်သားခိုင်မာလာပြီး ခံနိုင်ရည်လည်းမြင့်လာမယ်ဆို ရင် အမြဲတမ်းအကျိုးသက်ရောက်မှုရှိသင့်ပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းလုပ်တာ ရပ်လိုက်တာနဲ့  ခုနက ကြွက် သားတွေ၊ ခံနိုင်ရည်တွေလည်း ပြန်ယုတ်လျော့သွားတာပါပဲ။ ဒါကြောင့် ငယ်ငယ်တုန်းက အဆော့သန်လို့  သန်မာ ထွားကျိုင်းခဲ့သလောက်ဟာလည်း ဆော့တာတွေနဲသွားတဲ့အရွယ်ရောက်ရင် အလိုလိုပျောက်ဆုံးသွားပါတယ်။

တစ်ကယ်တော့ ဘ၀တစ်သက်တာလုံးအတွက် သန်မာထွားကျိုင်းဖို့  ကစားချင်တယ်ဆိုရင် ခန္ဓာကိုယ်ဖွံ့ ဖြိုးအား အကောင်းဆုံးအရွယ်မှာ ကစားဖို့ လိုပါတယ်။ ဆယ်ကျော်သက်အရွယ်မှာပေါ့။ ဒါပေမယ့် လူဖြစ်စေ၊တိရိစ္ဆာန် ဖြစ်စေ ကလေးအရွယ်မှာပဲ ကစားတာများပြီး နဲနဲလေးကြီးလာတာနဲ့  ကစားတဲ့နှူန်းလည်း ကျသွားပါတယ်။ ဆယ်ကျော် သက်အရွယ်ကိုရောက်ရင် ကစားတာထက် တခြားကိစ္စတွေနဲ့  မအားတာပိုများလာကြပါတယ်။

ငယ်ငယ်တုန်းက ဆော့ကစားမယ်၊ ဆယ်ကျော်သက်အရွယ်ဖြစ်လာတော့ အားကစားမယ်၊ ထပ်ကြီးလာတော့ စွမ်းရည်လေ့ကျင့်မှုကို ပိုပြီးအာရုံစိုက်လာကြပါတယ်။

တစ်ကယ်တော့ ကြောင်ကလေးတစ်ကောင်က တွေ့ တွေ့  သမျှအရာတွေကို လက်ကလေးနဲ့ ပုတ်လိုက်၊မြှောက်လိုက် လုပ်နေတာကို ကြွက်ဖမ်းဖို့ ကျင့်တယ်လို့  လူတွေက ယူဆကြပါတယ်။ ဒါပေမယ့် တစ်ကယ်တမ်းမှာ ကြွက်ဖမ်းတဲ့အခါလှုပ်ရှားပုံနဲ့  ငယ်ငယ်တုန်းက ဆော့ကစားပုံနဲ့  ဟာ ဆက်စပ်မှုမရှိတာကို တွေ့ ရပါတယ်။

ဒီတော့ ငယ်ငယ်တုန်းက ဆော့ကစားခဲ့တဲ့လှုပ်ရှားမှုတွေဟာ ကြီးပြင်းလာတဲ့အခါမှာ စွမ်းရည်တိုးတက်မှုကိုတော့ တိုက်ရိုက်အကျိုးမပြုပါဘူး။ ဒါပေမယ့် ဦးနှောက်အရွယ်အစားကို ပိုကြီးစေတာတော့ အမှန်ပါပဲ။ သုတေသီတွေက တိရိစ္ဆာန် (၁၅)မျိုးကို ကိုယ်လုံးအရွယ်အစားအလိုက် ဦးနှောက်ဖွံ့ ဖြိုးမှုကို လေ့လာကြည့်တဲ့အခါ ခန္ဓာကိုယ်အရွယ် အစားအရ ရှိသင့်တဲ့ဦးနှောက်အရွယ်အစားထက် ပိုကြီးနေတဲ့တိရိစ္ဆာန်တွေဟာ အဆော့လည်းသန်တာကို တွေ့ ခဲ့ ကြပါတယ်။ ဦးနှောက်အရွယ်အစားကြီးတဲ့ တိရိစ္ဆာန်တွေဟာ ပတ်ဝန်းကျင်အခြေအနေကို တုံ့ ပြန်ရာမှာလည်း ပိုမြန် ပါတယ်။ ဒီလိုမြန်လို့ လည်း သူတို့ ကို လှုံ့ ဆော်တဲ့အရာတွေ ပိုပေးရတာပါ။

ဥပမာ အရုပ်တစ်ခုတည်းနဲ့  တစ်နေ ကုန်ကစားနေတတ်တဲ့ကလေးနဲ့  အရုပ်အမျိုးမျိုး ကစားနည်းအမျိုးမျိုးနဲ့  ကစားနေတတ်တဲ့ ကလေးတွေကို နှိုင်းယှဉ် ကြည့်မယ်ဆိုရင် ကစားနည်းအမျိုးမျိုး ကစားတတ်တဲ့ ကလေးဟာ ပိုပြီးသွက်လက် ချက်ခြာပါတယ်။ သူ့ ဦးနှောက် အရွယ်အစားလည်း ပိုကြီးပါတယ်။ ပတ်ဝန်းကျင်ကို လေ့လာ စူးစမ်းနိုင်စွမ်းလည်း ပိုမြင့်မားပြီး တစ်ခုထက်ပိုတဲ့ အမိန့်  တွေကိုလည်း မှတ်မိလိုက်နာလုပ်ကိုင်နိုင်ကြပါတယ်။
ငယ်ရွယ်စဉ်ကလေးဘ၀မှာ ဦးနှောက်ဟာတည်ဆောက်ဆဲကာလဖြစ်တဲ့အတွက် အပြောင်းအလဲကို သိပ်လက်မခံ ပေမယ့် ဒီဦးနှောက်ကို ဘယ်လိုပုံစံသွင်းသွင်း သွင်းလို့ ရတဲ့အချိန်ကာလအပိုင်းအခြားကလေးတစ်ခု ရှိပါတယ်။ ဥပမာ ဘာသာစကားသင်ယူတာကိုပဲကြည့်ပါ။ ငယ်ငယ်တုန်းက ပါပါးတစ်ခွန်းခေါ်တတ်ဖို့  အချိန်တွေအများ ကြီးပေး ခဲ့ရပေမယ့် အရွယ်ရောက်လာတာနဲ့ အမျှ သင်ကြားမှု၊သင်ယူမှုနှူန်းတွေလည်း မြန်ဆန်လာတာကို တွေ့ ရပါတယ်။ ဒါဟာဦးနှောက်ဖွံ့ဖြိုးမှုမြင့်မားလာတဲ့အချိန်ဖြစ်ပြီး ဒီလိုအချိန်မျိုးမှာ ကလေးတွေကို ကစားခွင့်ပိုပေးသင့် ပါတယ်။

ကစားခွင့်ရလေ ဦးနှောက်ရဲ့ အစိပ်အပိုင်းအမျိုးမျိုးကို လှုံ့ ဆော်ခွင့်ရလေ၊ ဒီလိုလှုံ့ ဆော်ခွင့်ရလေ ဦးနှောက်ဖွံ့ ဖြိုး တိုးတက်လေဖြစ်ပြီး တစ်ချိန်ချိန်မှာ ဦးနှောက်ဖွံ့ ဖြိုးမှုရပ်ဆိုင်းသွားတဲ့အခါ နဂိုကဘယ်လောက်ထိကြီးထွားခဲ့ပြီလဲဆို တာဟာ ကိုယ်တစ်သက်လုံးရရှိအသုံးပြုသွားရမယ့် ဦးနှောက်ပဲဖြစ်ပါတယ်။ တိရိစ္ဆာန်တွေက ဆော့ကစားရင်း အမဲ လိုက်တာ၊ မိတ်လိုက်တာ၊ မိမိကိုယ်ကိုယ်ကာကွယ်တာတွေကို လေ့ကျင့်နိုင်မှာဖြစ်သလို လူသားကလေးငယ်တွေ ကတော့ ဘ၀တစ်သက်တာအသုံးပြုသွားမယ့်ဦးနှောက်ကို အစိပ်လိုက်၊အပိုင်းလိုက် လေ့ကျင့်နိုးဆွပေးနေရတာပါ။

ဒီလိုဆော့ကစားတာဟာ စကား၊စာပေ၊အသိ အစရှိတာတွေကို စုပ်ယူနိုင်စွမ်းလည်း မြင့်တက်လာစေပါတယ်။ ကစား တဲ့အခါမှာ ကစားဖော်ကစားဖက်တွေရဲ့  သဘောသဘာဝကို ခွဲခြမ်းစိပ်ဖြာရပါတယ်။ အပြန်အလှန်နား လည်မှုတွေ တည်ဆောက်ရပါတယ်။ အခြင်းခြင်းပဲနားလည်တဲ့ လက်ပြသင်္ကေတတွေနဲ့  ရှုပ်ထွေးလှတဲ့ ကစားနည်း စည်းကမ်း ချက်တွေကို မှတ်သားရပါတယ်။ ဒါဟာနောင်တစ်ချိန် ပညာသင်ယူတဲ့အခါမှာ အလိုက်သင့် ပြောင်းလဲနိုင်ပြီး အလား အလာကောင်းတဲ့ စွမ်းရည်တွေကို လေ့ကျင့်ပေးပြီး ဖြစ်နေပါတယ်။

ဒါ့အပြင် ဆော့ကစားပေးတဲ့အတွက် အာရုံကြောဆဲလ်တွေ ကြီးထွားလာဖို့  လှုံ့ ဆော်ပေးတဲ့ ဓါတုပစ္စည်းတစ်မျိုးကို လည်း ပိုထုတ်ပေးပါတယ်။ ဒါကြောင့် ဦးနှောက်နဲ့ ခန္ဓာကိုယ်ဆက်သွယ်ရေးဟာလည်း မြန်ဆန်ချောမွေ့ လာတဲ့ အတွက် ဒီကလေးတွေရဲ့ အရေပြား၊အသားအရောင်၊ အနံ့ အသက်၊ အသိအမြင်၊ ဆက်စပ်တွေးခေါ်ခြင်း၊ ဆုံးဖြတ် နိုင်ခြင်း၊ အပြောအဆို၊ ကိုယ်နုတ်အမူအယာ၊ နည်းပညာ အသစ်တစ်ခုကိုသင်ယူတာတွေဟာ ပိုပြီးပေါ့ပါးမြန်ဆန် နေတတ်ပါတယ်။ ဒီကလေးတွေဟာ ဖန်တီးတွေးခေါ် မျှော်မြင်ပြောဆိုဆက်ဆံမှု အပိုင်းမှာလည်း အလွန် အား ကောင်း လာပါတယ်။

ဒါကြောင့် ကလေးတွေကို ဆော့ကစားဖို့  အားပေးသင့်ပါတယ်။ ဆော့လွန်းလို့ ချွေးတွေရွှဲပြီး ရေဆာတယ်၊ ဗိုက် လည်းဆာတယ်လို့ လာပြောတဲ့သားလေးကို အားပါးတရမွှေးကြူပြီး ဓါတ်ဆားရည်နဲနဲနဲ့  သူကြိုက်တဲ့မုန့် တွေ ကျွေးလိုက်ပါ။ မဆော့ပဲထိုင်ပြီးတကုပ်ကုပ်နဲ့ အလုပ်ရှုပ်နေတဲ့ကလေးကိုတော့ တွင်းထဲအောင်းပြီးနေတတ်တဲ့ ကြွက် ကလေးတွေဟာ ခန္ဓာလည်းသေး၊ ဦးနှောက်လည်း သေးတယ်ဆိုတာကို သတိတရနဲ့  ဆော့ဖြစ်သွား အောင် လူကြီး တွေကလည်း ဦးဆောင်ပေးဖို့  လိုပါတယ်။

ငယ်ရွယ်စဉ်ကလေးဘ၀ အပူအပင်ကင်းမဲ့စွာနဲ့  ဆော့ကစားတာခြင်းအတူတူ ဦးနှောက်ဖွံ့ ဖြိုးမှုကိုအားပေးတဲ့ ကစားနည်းတွေ ကစားတတ်လာအောင် မိဘ၊မောင်နှမ၊ဆွေမျိုးသားချင်း၊ လူ့ ဘောင်လူ့ အသိုင်းအ၀ိုင်းကလည်း ပါဝင်သင့်ပါတယ်လို့  လေ့လာရေးသား တင်ပြလိုက်ရပါတယ်။


သမန်းကျား
Lashio News Diary
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...